03 September 2016

“သယံဇာတပေါကြွယ်ဝတဲ့ ရခိုင်ပြည်”

            
နေပြောက်မထိုး ရခိုင်ရိုးမှာ မာဘဲလ်ကျောက်တောင်။
ပျဉ်းကတိုးကျွန်း ကြိမ်မျိုးပင်နွယ် ဂမုံးမျိုးစုံကြွယ်ရှိခဲ့တယ်။
ရခိုင်ပင်လယ်ပြင်မှာ ဂက်စ်တွေလျှံလို့ တရုတ်ပြည်အထိရောင်းခဲ့တယ်။
ပင်လယ်ထွက်ကုန် ငါးပုဇွန်တို့ ထိုင်းနဲ့တရုတ် ငါးဖမ်းသင်္ဘောတွေ နေ့စဉ်ဖမ်းလို့။


ဒီရတနာတွေကိုရောင်းလို့  မြန်မာနိုင်ငံကြွယ်ဝခဲ့သလား၊ ရခိုင်သားတွေ ထမင်းဝခဲ့ကြသလား။
မြန်မာပြည်လည်းမွဲလျှက်ပဲ၊ ရခိုင်တွေလည်း ဆင်းရဲမြဲပဲ။
ဒီရတနာ ရောင်းရတဲ့အသပြာတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူရောင်းစားနေသလဲ။
ဒီပြဿ     နာ ဘယ်သူအဖြေထုတ်ပေးမလဲ။



မနေ့က ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာ ပင်လယ်ကမ်းခြေမှာ
ကျပ်သန်းပေါင်း ၄,၅၂၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂၂၆၀,၀၀၀ တွေ့သတဲ့။
ဒါဆို ရခိုင်ပြည်ကနောက်ဆုံးထွက်တဲ့ ရတနာက စိတ်ကြွဆေးများလား။ 
စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမှာ နေ့တိုင်းနီးပါးဖမ်းမိတယ်။



ရခိုင်မြို့ကြီးတွေက လူချမ်းသာတွေမှာ သင်္ဘောကုမ္ပဏီရှိကြသလား။
ရတနာတွင်းထွက် ကျောက်မျက်တွင်းများရှိကြလို့လား။
လူငါးဆယ်တစ်ရာအလုပ်ပေးနိုင်တဲ့ စက်ရုံ တစ်ခုတစ်လေ ရခိုင်ပြည်မှာမရှိ။
စာသင်ခန်းတွေမှာ မေးတာပြန်မဖြေ ခေါင်းပဲညိတ်ပြနေတဲ့ကျောင်းသားတွေရှိနေကြပြီတဲ့။ 
 ဘုရား…  ဘုရား… ဘယ်သူကိုများ အပြစ်ဆိုရ၊ ဘယ်သူ့ကိုများအားကိုးရပါ့။

                     ၃-၉-၂၀၁၆      ကျော်သောင်း