04 August 2012

“ကလေး ၄ ဦးအား မုဒိန်းပြုကျင့်ခဲ့သော အသက် ၉၃ အရွယ်သြစတေးလျနိုင်ငံသားအားဖမ်းဆီးပြန်ပို့”


သြဂုတ် ၄ ရက်
     ကိုတီး ( ထိုင်းဘာသာပြန် သတင်းထောက် )

           ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်မိန်းကလေး၎ဦး ကို မုဒိန်း မှုကျူးလွန်ခဲပြီးနောက်အာမခံရ စဉ်မြန်မာ ဘက် ကို ထွက်ပြေးတိမ်းရှောင်လာသည့်အသက် ၉၃ ရွယ်သြစတေးလျနိုင်ငံသားMR. KARL JOSEPH KRAUS ကို ၂၄ . ၇ .၂၀၁၂ ရက်နေ့ကမြန်မာနိုင်ငံ တာဝန်ရှိရဲများကဖမ်းဆီး ထားခဲ့သည်။



     ၎င်းသည် အမှုရင်ဆိုင်နေဆဲ ချင်းမိုင်တရားရုံးမှ အာမခံရစဉ် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘားအံမြို့သို့ တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ၂၀၁၀ ခုနှစ် ၂၉ ဇူလိုင် က တစ်ကြိမ်၊ စက်တင် ဘာ၂၂ ရက်နေ့ က တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် မိန်းကလေး ၄ ဦးအား မဖွယ်မရာပြုကျင့်မှုကြောင့် ချင်းမိုင် တရားရုံးတွင်အမှု ရင်ဆိုင်ရင်း အာမခံနှင့် ထွက်လာစဉ် မြန်မာပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင် လာခြင်းဖြစ် သည်။

ဖမ်းဆီးထားခဲ့သော အသက် ၉၃ ရွယ်သြစတေးလျနိုင်ငံသား MR.KARL JOSEPH KRAUS ကို သြဂုတ်၃ ရက်နေ့ ၁၆း ၃၀ တွင်မြန်မာနိုင်ငံမြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မျိုးဆွေနှင့် ဦးအောင်တို့က တာ(ခ်)ခရိုင်မဲဆောက်မြို့ရှိ ချစ်ကြည်ရေးတံတားပေါ်တွင် လွဲအပ်လိုက်ကြောင်း Thai Newpaper တွင်ရေးသားဖေါ်ပြထားသည်။