20 September 2013

"ပြင်လိုစိတ်ရှိဖို့လိုတယ်"



                                                “ပြင်လိုစိတ်ရှိဖိုလိုတယ်”
       မိဘတိုင်း သားသမီးတွေကိုချစ်ကြတယ်။ ဆင်စီးပြီးမြင်းရံချင်ကြတာ မိဘတိုင်း ရဲ့ဆန္ဒပဲ။ လိမ္မာယဉ်ကျေးတဲ့သားသမီးတိုင်းကို မိဘတိုင်းလိုချင်ကြတယ်။ မိဘတိုင်း ဟာ သားသမီးကို ချမ်းသာ ကြီးပွားထိပ်တန်းရောက်စေချင်ကြတဲ့ စေတနာရှိကြတယ်။ အငြင်းပွားဖွယ်မရှိ။ နိုင်ငံသားတိုင်းလည်း မိမိတိုင်းပြည်ကို ကြီးပွားတိုးတက်စေ ချင်ကြ မှာဖြစ်သလို  ခေတ်မီဖွံ့ဖြိုးတိုး တက်စေချင်မှာလည်း မြေကြီးလက်ခပ်မလွဲဘူလို့ ယူဆ တယ်။ 

“မြန်မာပြည် ဘာကြောင့်မွဲခဲ့ရသလဲ”
               မြန်မာစစ်အာဏာရှင် အဆက်ဆက်ပြောခဲ့ကြတာကတော့ တိုင်းပြည် ကိုချစ်တယ်။ အချုပ်အခြာ အာဏာကိုကာကွယ်စောင့်ရှောက် တယ်။ မဆလ ခေတ် မှာများဆိုရင် အနှစ် ၂၀- အနှစ်၃၀ စီမံကိန်းတွေ ဘယ်လောက်အောင်မြင်ကြောင်း
တွေ  နိုင်ငံပိုင် မီဒီယာတွေမှာ မိုးလုံးပြည့် မုသားဝါဒတွေနဲ့ လိမ်လည်လှည့် ဖြားခဲ့ကြ တယ်။   နအဖ-န၀တ ခေတ်မှာ ကျတော့ မြစ်တွေ့လျှင် တံတားဆင်၊ ပြည်ရွာ အ
ရောက်လမ်းတွေ ဖေါက်။ စိုက်ပျိုးရေးတိုင်းပြည်မို့ စိုက်ပျိုးရေတွေရဖို့   ဆောက်လိုက် တဲ့ ဆည်မြောင်းတံမံတွေ၊ လုပ်လိုက်တဲ့  ဖွင့်ပွဲေ တွ။

 
 ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်လို့ တစ်နိုင်ငံလုံးမီးလင်းလိုက်တာလည်း သတင်းစာတွေက ဓါတ်လိုက် မတတ်ပဲ။ လျှပ်စစ်ဝန်ကြီးက ဆို ဓါတ်အားတွေပိုလို့ တရုတ်ကိုရောင်း တာတဲ့။  သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်လို့ ဆိုင်းဘုတ်တွေတင် ထားပြီး  တစ်နိုင်ငံလုံးက သစ်တောတွေ ကိုပြုန်း အောင် ရောင်းစားခဲ့တာလည်း ဗိုလ်ချုပ်တွေပဲလေ။ ရေပေါ်ေ ရအောက် မြေပေါ်မြေေ အာက် ရတနာ တွေ ကို ရောင်း စားရုံမက တောင်သူလယ်သမားတွေဆီက လယ်ယာမြေတွေကို အလကားသိမ်း ပိုက် ခဲ့တာက  ရုပ်ပျက်ဆင်းပျက်ပဲ။
           နိုင်ငံတကာအခင်းအကျင်းနဲ့  ပညာတတ်တွေ ပညာရှင်တွေရဲ့အကြံဉာဏ်ကို ယူရကောင်းမှန်း မသိပဲ စစ်တက္ကသိုလ်တွေက ဆင်းတဲ့ ဗိုလ်တွေက အဌာရဿ  ၁၈ ရပ် ကိုကျွမ်းကျင်တယ်။ စစ်ဗိုလ် ချုပ် တွေ အုပ်ချုပ်မှ တိုင်းပြည်ကောင်းစားမယ်လို့ တလွဲ ထင်ပြီး အုပ်ချုပ်လိုက်ကြတာနှစ်ပေါင်း ၆၀လည်း ကြာရော ဗမာတစ်ပြည်လုံး ထိုင်းနိုင် ငံ ကိုထွက်ပြီး ကျွန်ခံရတော့တယ်။  တတိုင်းပြည်လုံးစာမတတ်၊ လူစဉ် မမီ၊ ကုစရာ
ဆေး မရှိ၊ မီးမရှိ၊ ရေမလာ လမ်းကောင်းမရှိ၊ ခိုးမှစားရတဲ့ ဗမာဝန်ထမ်းလောကကြီး အဖြစ် အကျင့် စာရိတ္တတွေ လုံးဝပျက်စီးသွားခဲ့ကြရတယ်။ ကမ္ဘာ့ကျွန်အထုတ်လုပ်ဆုံး တိုင်းပြည်ဖြစ်သွား ခဲ့ပေ မယ့် ဗိုလ်ချုပ်ကြီးများ ချမ်းသာချက်ကတော့ ကမ္ဘာ့ ဘဏ်တွေ မှာ လူသိရှင်ကြား ၁၁ ဘီလီယံတဲ့။ အခြားပိုင်ဆိုင် ကြွယ်ဝမှုတွေ ရေတွက်မကုန်။ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ မရိုးနိုင်တဲ့နည်းတွေနဲ့ဘုန်း ထားကြတာတွေ နောက် ထပ်ပေါ်လာအုံးမှာပါ။

“ခေါင်းဆောင်ကောင်းမရရှိခဲ့”
         မြန်မာပြည်မှာ မြန်မာပြည်ကိုတိုးတက်အောင် စီမံခန့်ခွဲနိုင်တဲ့   ခေါင်းဆောင်ကောင်းတွေမရှိ ခဲ့တာ မဟုတ်ဘူး။ ခေါင်းဆောင် ကောင်းဖြစ်ခွင့်ကိုမပေး ခဲ့ကြ တာပါ။ ဥပမာ မြန်မာသမိုင်းထဲက ကနောင်မင်းသားကြီး၊ လွတ်လပ်ရေးအကြို ကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်း  တို့လို တကယ့်လူတော်   တွေရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကံဇာတာက မင်းကောင်း  စံခွင့်မပြုခဲ့။ တိုင်းပြည်သာယာ ခွင့်မရှိခဲ့။ အသိပညာမကြွယ်ဝတဲ့ လူအန္ဓတွေ လက်ထဲကိုမြန်မာပြည် ကျရောက်ခဲ့ရ လို့ဖြစ်တယ်။
 
“မြန်မာပြည်အပေါ်မှာ ပက်ပက်စက်စက်အကြံအစည်”  


                လွတ်လပ်ရေးအကြိုကာလမှာ ဗိုလ်ချုပ်တို့ အာဇာနည်းခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတယ်။ ဒီနောက်အာဏာရှင်တွေကိုထောက်ပြ  တော်လှန်တဲ့ အာဇာ နည်ခေါင်းကျောင်း သားေ ခါင်းဆောင် တွေ သတ်ဖြတ်ခံခဲ့ကြ ရတယ်။  အာဏာရှင်စနစ်ကို ဘုန်းဘုန် လဲစေခဲ့တဲ့ ရှစ်လေး လုံး  လူထုအုံကြွမှုကနေ၂၅ နှစ်တိုင် လူစွမ်းလူစ ရှိသူတွေ ကို အမှုန့်ချေခဲ့တယ်။ အဲဒီမှာမှ ဒို့တာဝန် အရေး သုံးပါးနဲ့၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုတာ စစ်အာဏာရှင်တွေ ထာဝစဉ် ကြီးစိုးရေး ဆိုတာ   မြန်မာတိုင်းသိ လာခဲ့ကြတယ်။  နှစ်ပေါင်း ၆၀ လောက်အတွင်းတိုင်းပြည်ပြောင်း လဲလိုတဲ့ မြန်မာနိုင်ငံ သား အသက်တွေ၊ ရဟန်သံဃာ တော်တွေ  အသက်ပေါင်းများစွာ ဘ၀ပေါင်းမရေ တွက် ပေးဆပ်ခဲ့ကြရတယ်။
                မဖြစ်သာတော့တဲ့အဆုံး အပြောင်းအလဲ ကာလတစ်ခုကို ဖြတ်သန်း ဖို့အတွက် ၂၀၀၈ ဖွဲ့စည်း ပုံဆိုတာကို ၁၃ နှစ်ကျော်ကြာရေးဆွဲခဲ့တယ်။ နာဂစ်မုန်း တိုင်းတိုက်လို့  နိုင်ငံသားတွေ သိန်းချီပြီး အသက်   သေခဲ့ကြလို့ တစ်နိုင်ငံလုံးဝမ်းနည်း ပူဆွေးနေကြချိန်မှာ တကမ္ဘာလုံးက အကူညီတွေကို လက်မခံပဲပိတ် ပင်ခဲ့တယ်။  တိုင်းသူပြည်သား ၈၀ ရာခိုင်နုန်းကျော် ထောက်ခံတယ်ဆိုပြီး အတည်ပြုလိုက်တယ်။   အဲဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တိုင်းပြည်အနာဂတ် တိုးတက်ရေး အတွက်မဟုတ်ပဲ စစ်ဗိုလ်ချုပ်တွေ ကမ္ဘာတည်သရွေ့ မြန်မာပြည်ကို တရားဝင် ဖျက်ဆီးအုပ်ချုပ်ခွင့်ဖြစ်
အောင် ရေးဆွဲထားတာကတော့    နောက်ဆုံးအာဏာရှင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရက်စက်မှုတွေထဲက ပက်စက်မှုပဲဖြစ်ပါတယ်။ ခွင့်လွှတ်စရာမရှိတဲ့ ယုတ်မာပက်စက်မှုကြီးဖြစ်တယ်။

“ပြောင်းလဲလိုစိတ်”
၁၉၈၄ ခုနှစ် ကနေ  ၁၉၆၀ ခုနှစ်အတွင်းမှာ အရှေ့တောင်အာရှမှာ အဆင့်အမြင့်ဆုံးတက္ကသိုလ်၊ အဆင့် အမြင့်ဆုံး လေယာဉ်ကွင်း တွေ ကို ပိုင်ဆိုင် ခဲ့ပြီး ကမ္ဘာမှာ ဆန်စပါးအတင်ပို့ဆုံးတိုင်းပြည်ဖြစ် ခဲ့တယ်။ စင်္ကာပူ ခေါင်းဆောင် လီကွန်ယု က နောင် အနှစ် ၂၀ မှာ မြန်မာပြည် ကိုမှီအောင်လိုက်ရမယ့်လို ကြိမ်းဝါးအတုယူပြီး ရန်ကုန်မြို့ပုံစံ ကွာလမ်လာမ် ပူမြို့တော် ကိုတောင် တည်ဆောက်ခဲ့ရတယ်။ ခုတော့ ပါးစပ်ရာဇ၀င်ဖြစ်သွားခဲ့ ပြီး။  အဆင့်မြင့်လူမျိုး အဆင့်မြင့်တိုင်းပြည်ကနေ အဆင့်နိမ့်တိုင်းပြည်၊ ကျွန်ထုတ်လုပ် တဲ့တိုင်းပြည်ဖြစ် နေပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ပြောင်းလဲမှ ဖြစ် မှတော့ မယ်။ ငါတို့ ၀ါးမြိုထားသမျှ ငါတို့ ဆုတ်ကိုင်ထားသမျှ လွှတ်သင့်ပြီ၊  အရပ်သားတွေ တလှည့် အုပ်ချုပ်ပါစေ၊ စစ်သားက စစ်သားအလုပ်ကိုပဲ လုပ်တော့မယ် ဆိုတဲ့ ရိုးရှင်းတဲ့ စိတ်ဓါတ်ကို ဦးစွာ မွေးမြူကြ   ရပါတော့မ ယ်။ မွေးမြူသင့်ပြီလို့လည်းယူဆပါတယ်။

“အားလုံးပြောင်းရမယ်” 
             စစ်အာဏာရှင်တွေက ငါတို့အုပ်ချုပ်ခဲ့သမျှစုပ်စုပ်မြုပ်ခဲ့ပြီ၊ ငါတို့ဥဏှောက်ဟာ တစ်ပြည်ဝ အတွက် မဟုတ်ပဲ ဆွေစဉ်မျိုးဆက် ၀ရေး သာဖြစ်တယ်။ ငါတို့တိုင်းပြည်ကို အုပ်ချုပ်သင့်တဲ့ သူတွေ မဟုတ် တော့ဘူးဆိုတာကို ရိုးရိုးရှင်းရှင်းဝ န် ခံပြီးနောက်  သူတို့ ၏ လျှော်ဖွတ်ထားသည့် ဥဏှောက်နေရာမှာ  ကိုယ်ချင်းစာစိတ် (ခေါ်) လူ့အခွင့်အရေး ကိုယ့်အခွင့် အရေး စိတ်ဓါတ်၊ နိုင်ငံတော် သီချင်းထဲမှာပါတဲ့၊ “ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့မြေ”ဆိုတဲ့ တကယ့်ေ လာကပါလ စစ်စစ်စိတ်  ဓါတ်တွေ ကို ပြောင်းလဲပစ်ရပါမယ်။

အုပ်ချုပ်ခံအဖြစ် သားစဉ်မြေဆက်နေလာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ အားလုံး ကလည်း အမိန့် ပေးမှ လိုက်နာတတ်တဲ့စိတ်ဓါတ်တွေကိုဖျောက်ပစ်ရပါမယ်။ လူ တစ်ဦးချင်းစီ စည်းကမ်းရှိစွာနေ ထိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ စတင်ကျင့် သုံးကြရပါမယ်။ ထိုင်းနိုင်ငံသားတွေဟာ ညနေ၆နာ ရီ နိုင်ငံတော် အလံချချိန်   နိုင်ငံတော်သီချင်းဖွင့်ချိန်မှာ သွားလာလှုပ်ရှားနေတာ၊ စကားပြောနေတာတွေ အားလုံးရပ်ပစ် ပါတယ်။ ထိုင်နေရာက အကုန်မတ်တပ်ရပ်ပါတယ်။ အလွန်ချစ်စ ရာကောင်းတဲ့ စည်းလုံးညီ ညွတ်မှုမြင်ကွင်း ဖြစ်ပါတယ်။ 

ထိုင်းတစ်နိုင်ငံလုံးမှာ ကျင့်သုံးကြတဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။ တစ်ချို့နေ ရာတွေ မှာများဆိုရင် နိုင်ငံတော်သီချင်းဆုံးတာနဲ့ ထိုင်းကိုချစ်ရင် ထိုင်းကို ကာကွယ်ပါ၊ ကြိုးစား ကြပါ၊ ညီညွတ်ကြပါ လို့ ညာသံပေးအော်ကြပါတယ်။
            ထိုင်းလူမျိုးတွေဟာ လမ်းသွားရင်းဆေးလိပ်မသောက်ကြသလို လမ်းသွား ရင်လည်းဘယ်အမှိုက် ကိုမှ မပြစ်ကြဘူး။ လက္မ၀က်လောက်ပဲရှိတဲ့ ကားလက် မှတ်ဖြတ် ပိုင်ကိုပင် အမှိုက်ပုံတွေ့မှ ပြစ်ကြပါတယ်။ မိမိစားသောက်လာတဲ့ ဗူးခွံတွေ အိပ်ခွံတွေကို အမှိုက်ပုံးကိုမတွေ့မချင်း မပြစ်ကြတာတွေကို ကျနော်တို့ အတုယူကြ ရပါမယ်။ 
လမ်းသွားရင်ကွမ်းသွေးတွေ ထွေးတတ်တဲ့မြန်မာတွေ၊ ဆေးရုံနဲ့ ရုံးတွေမှာကွမ်းတွံေ ထွး တွေ နီရဲအောင် ထွေးတတ်တဲ့ မြန်မာလူမျိုးတွေအနေနဲ့ အတော်ကြိုးစားရမယ့် အကျင့်ဆိုး တွေဖြစ် ပါတယ်။ စကားချပ်အနေနဲ့ဖြည့်ပြောရရင် “လွတ်လပ်ပြီဆိုပြီးတော့ လမ်းပေါ်တက်ပြီး ဆေးရိုးလှမ်းလို့ မဖြစ်ဘူး။ ကိယ့်ကြောင့် သူတစ်ပါး အတွက်မထိခိုက်စေရတဲ့လွတ်လပ်မှုမျိုးဖြစ်ရမယ်” လို့ ဗိုလ်ချုပ်မိန့် ခွန်းမှာနားဆင်ဖူးတယ်။ 
         ရွှေမြန်မာတွေဟာ ကိုယ်သုံးစွဲတဲ့ အသုံးအဆောင် အစားအသောက်တွေ   ကြောင့် မိမိပတ်ဝန်ကျင် ကို မညစ်ပတ်အောင်နေထိုင်တတ်အောင် မိမိကိုယ်ကိုယ်   ပြုပြင်ပြောင်းလဲဖို့ ၀န်လေးနေကြမယ်ဆိုရင်…. လက်ညှိးညွှန်ရာ ရွှေချောင်းဖြစ်နေကြ တဲ့ စစ်အာဏာရှင်တွေ အာဏာကိုစွန့်လွှတ်ဖို့ ပြုပြင်ပြောင်းလဲဖို့ဆို တာ မဖြစ်နိုင်လို့ မှတ်ရမယ်။ ဘာကြောင့်လဲဆိုတော့ အမူအကျင့်ဆိုးတွေဟာ ပြောင်းလဲရခက်လို့ မဟုတ် လား။
                သယံဇာတ ဟုတ်တိပတိမထွက်ပေမယ့် စနစ်ကောင်းပြီး လူတွေ စည်းကမ်းရှိကြလို့ လူတိုင်း ကားစီးနိုင်တယ်။ ထိုင်းနိုင်ငံသားတိုင်း အခမဲ့ဆေးဝါးကုသ ခွင့် ရှိတယ်။ မူလတန်းပညာကိုလူတိုင်းအခမဲ့ သင်ကြားခွင့်ရတယ်။ 

 မူလတန်းကျောင်းတိုင်းမှာ ကလေးတိုင်း နို့နဲ့ စွတ်ပြုတ်တွေ သစ်သီဖျော်ရည်တွေ အခမဲ့နေ့တိုင်း စားသောက်ကြရတယ်။ အာဟာရပြည့်ဝနေတဲ့ ထိုင်းလူမျိုးတွေဟာ လူစဉ်မှီလို့။ အခြား အတုယူစရာတွေလည်းမြောက်များစွာ ထိုင်းမှာရှိတယ်။ အယင် တုန်း က ဂျပန်ငပု တွေလို့ခေါ်ခဲ့ကြတယ်။
ခုတော့ မြန်မာတစ်နိုင်ငံလုံး အာဟာရချို့တဲ့ပြီး လူစဉ်မမီဖြစ်ကုန်ပြီ။အတွေအခေါ်တွေ၊ အယူအဆတွေ၊ အစွဲအလန်းတွေကို အလွှာစုံက အလုံးစုံ ပြောင်းနိုင်မှ မြန်မြန်ပြောင်း မှ တန်ကာကျတော့မယ်လို့ ခံယူကြရပါတော့မယ်။ အားလုံးကောင်းဖို့ အားလုံးပြောင်း မှ ဖြစ်တော့ မယ်လို့ ရဲရဲကြီး ဆုံးဖြတ်ကြပါစို့။     ။
                                                                              ကျော်သောင်း