15 September 2013

“ထိုင်းငါးဖမ်းလှေများတွင်မြန်မာများအလုပ်လုပ်ရန်မသင့်”




စက်တင်ဘာ ၁၅   မင်းဘခက်

ယမန်နေ့က  ထိုင်းနိုင်ငံေ တာင်ပိုင်း ဘန်ကောက်မြို့တောင်ဘက် ကီလိုမီ တာ ရှစ်ရာေ ကျာ် အကွာတွင်ရှိသော ကတန်မြို့ ဖယ်ကိုကာ ငါးဖမ်းလှေဆိပ် တွင် မြန်မာအလုပ်သမား တစ်ဦး အား မူးယစ်ဆေး ၀ါး ရောင်းချသူ၂ဦးက ၀ိုင်း ရိုက်ပြီး တစ်ဦးကို စိတ်ကြွဆေးပြားထည့် ၍ အမှုဆင် ဖမ်းဆီး ခဲ့ကြောင်းသိရှိရသည်။
လူကုန်ကူးမှုနှင့်အလုပ်သမားအရေးဆောင် ရွက်သည့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အဆိုပါငါးဖမ်းလှေဆိပ် အနီးတွင်နေထိုင်သည့် မြန်မာ အလုပ်သမတစ်ဦး က၊ ကဲ့လှေအမှတ်(၁) အနီရောင် ငါးဖမ်းလှေပေါ်တွင် အသက်၂၃ နှစ်အရွယ် ကရင် ဆိုသည့် မြန်မာအလုပ်သမားငယ် တစ်ဦးအား စိတ်ကြွ ဆေးပြားရောင်းချသည့်မြန်မာ၂ဦးက ပုလင်းဖြင့် ဦးခေါင်းကို ရိုက်ခွဲလိုက်သဖြင့် သွေးအိုင်ထဲ တွင်မေ့မြော့ နေကြောင်း မကြာမီ အသက် အန္တရာယ်ပါ ဖြစ်နိုင်   ကြောင်း သတင်းပို့ခဲ့ပါသည်။

              MAT အဖွဲ့ကလည်း ဒေသခ ရဲအရာရာရှိကြီးအား အကူညီတောင်းခံလိုက် သဖြင့်  အသက်ဘေး မှလွတ်မြောက်သွားခဲ့ရသော်လည်း စိတ်ကြွဆေးရောင်းချ သူနှစ်ဦး မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြ သည်။ အချိန်အနည်းငယ်အတွင် MAT အဖွဲ့၏ အမာခံ သတင်းပေးတစ်ဦး ဖြစ်သူ ကိုမင်းဇေါ်စီသည့်  မော်တော် ဆိုင်ကယ်
ခြင်း သို့ စိတ်ကြွဆေးပြား ထည့်၍ အဖမ်းခံရကြောင်းသိရှိခဲ့ရပြန်သည်။
      ကိုမင်းဇေါ် က  “ကျနော် အသုဘအလှူက ပြန်လာတာ၊ အိမ်မှာထိုင်ရုံပဲရှိသေး တယ်။ ပုလိပ် တွေ ကျနော့်ကိုလာခေါ်တယ်။ စိတ်ကြွဆေးပြား ၅ပြားဆိုင်ကယ်ခြင်း ထဲ မှာတွေ့လို့တဲ့။ တစ်လုံးကအစစ်၊   လေးလုံးက အတုတဲ့။ ကျနော့်ကို  ဆီးလည်း စစ်တယ်၊ ကျနော်က မူယစ်ဆေးဝါးမသုံးစွဲဘူး။ ဒီကိစ္စက အယင်အပတ်ကကျနော့်ကို ပစ်သတ်မလို့ခြိမ်ခြောက်တဲ့ ထိုင်းပါလာတယ်။ ဒီထိုင်းနဲ့ ဆံရှည်ဆိုတဲ့ ဗမာ က အယင်လက MAT အဖွဲ့ဆင်းလာပြီး သူတို့အခန်းမှာ ရှိတဲ့ ဗမာအလုပ်သမား ငါးယောက်ကို ဖမ်းကတည်း က ကျနော့်ကိုမကျေနပ်ဘူးလေ။ ဒါကြောင့် အကွက်ဆင် ဖမ်းတာပဲ” ဟုပြောသည်။








MAT အဖွဲ့၏  နိုင်ငံခြားဆက်ဆံရေးနှင့်ရုံးတာဝန်ခံ ကိုစိုင်းအေး က“ အမှန်အ တိုင်းဖြစ်အောင်တော့ ကျနော်တို့ အတတ်နိုင်ဆုံးကူညီသွားမှာဖြစ်တယ်။ ဒီငါးဖမ်းလှေ ဆိပ်က မြန်မာတွေ လုံးဝအလုပ်မလုပ် သင့်တဲ့ အရပ် ဒေသဖြစ်တယ်။ အလွန်ဝေး လံပြီးေ တာ့ တရားဥပဒေစိုးမိုးမှုအရမ်းအားနည်းတယ်။ ကျနော်တို့ အကြိမ်ပေါင်း များစွာ သွားပြီး နှိမ်နင်း ထားတဲ့နေရာဖြစ်တယ်။ မြန်မာအချင်းချင်းလည်း ကတန်ဘက် က ငါးဖမ်းလှေဆိပ် တွေကို မပို့ကြဖို့ အချင်းချင်း အသိပေးကြစေချင်ပါတယ်။ 

ကျနော်တို့ MAT အဖွဲ့၊ DSIနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းနှိမ်နင်း ထားတဲ့ ကမ္ဘာကျော် လူသတ်ဂိုဏ်းကြီးကို ဖမ်းဆီးထားတဲ့ကိစ္စမှာ လူကုန်ကူးခံခဲ့ရတဲ့ အလုပ် သမားတွေ ၇ကြိမ်တိုင်တိုင် တရားရုံးကိုတက်ပြီးပေမယ့် ငါးဖမ်းလှေပိုင်ရှင် ကတစ်ကြိမ်မှ တရား ရုံးကို မလာ သေးဘူး။ ကယ်ဆယ်ရေးစခန်းထဲမှာ အမှုရင်ဆိုင်နေရတဲ့အလုပ် သမားတွေ ဆိုလည်း ၆လကြပြီး သူတို့တွေ အဓမ္မ ခိုင်းစေခံခဲ့ရတဲ့ လုပ်အားခတွေ ရ/မရ တပ်အပ်သေချာမပြောနိုင်သေးဘူး”ဟု ၎င်းတို့ သိရှိထားသည့် အချက်အလက် များကို ပြောပြသွားသည်။