စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)
စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)
မဲဆောက်/မြ၀တီက
မြန်မာပွဲစား တစ်ဦးထံမှာ ဘတ်ငွေ ၁၆,၀၀၀ နဲ့ပြီးစလွယ်ဝယ်ယူပြီး ဘန်ကောက်မြို့ကို အလုပ်လုပ်ရန်
လာခဲ့ကြသည့် မြန်မာအလုပ်သမား ၃ဦးအား စက်တင်ဘာ၂၄ ရက် ညဥ့်ဦးပိုင်းတွင် မဲဆောက်အထွက်
ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT
မှ ရုံးတာဝန်ခံ ကိုစိုင်းအေး က
“ကျနော်တို့ရုံးက မြန်မာသံရုံးအကူညီနဲ့ တစ်နေ့က ကယ်တင် ခဲ့တဲ့
စစ်ကိုင်းတိုင်းယင်းမာပင် မြို့နယ်၊ ချင်းပုန်း ကျေးရွာက မိန်းကလေး ၄ယောက်ကို ကားငှါးပြီးတော့ သွားပို့တာ မဲဆောက်အ၀င်ဂိတ်မှာ ထိုင်းလ၀က က ကျနော်တို့ ကိုဘာ သာပြန်ပေးဖို့ အကူညီးေ တာင်းပါတယ်။ ကျနော်တို့ စာအုပ် တွေနဲ့
တိုက်ကြည့်ပါတယ်။ ခက်တာက ထိုင်းမှာက ပတ်စပို့ အတုလုပ်တဲ့သူတို့
တံဆိပ်တုံးအတုထုတဲ့သူတို့ကို မဖမ်းဘူး။
အလုပ်သမားတွေကိုပဲဖမ်းတယ်၊ ထောင်ကျတယ်။ ပွဲစား လုပ်ပေးလို့ ထောင်ချခံထားရတဲ့ မြန်မာ အလုပ်သမားတွေ ထိုင်းမှာအများကြီးရှိတယ်။ ခု ကျနော်တို့နဲ့တွေ့လိုက်လို့ ဒီအလုပ် သမားတွေ နေရပ်လိပ်စာ အတိအကျသိတာ။ မြန်မာ အလုပ်သမားတွေ ဘယ်လိုပဲ မတရားခံနေရပစေ ထိုင်းမှာ ကာကွယ်ကူညီ မယ့် သူမရှိဘူး။ ဖေါ်ထုတ် ကူညီဖို့ဆိုတာဝေး ရော၊ အမှန်အတိုင်းပြော သူကိုပဲမုန်းတယ်ဗျ” ဟုပြောသည်။
ပတ်စပို့အရွယ် ဓါတ်ပုံပေးလိုက်ရပြီး မြ၀တီတွင် ၈ရက်သာစောင့်နေခဲ့ရပြီး လူကိုယ်တိုင် လက်မှတ်ထိုးခြင်း လက်ဗွေနှိပ်ခြင်းလုံးဝ မလုပ်ခဲ့ရကြောင်း အလုပ်သမားများပြော ပြချက်အရသိရသည်။

ရဲမှူးကြီး ဖုန်းနခွန်းနခွန်းဆန်တိဖတ်ကစာအုပ်အတုထုတ်လုပ် သည့်ဂိုဏ်းအား ဖမ်းဆီးနိုင်ရေးအတွက်ကြိုးစားသွားမည် ဟုဆိုသည်။
၂၀၁၃ ခုနှစ်တွင် မယ်ဆိုင်၊
မြ၀တီနှင့်ကော့ေ
သာင်း တို့တွင် ထုတ်ပေးနေသည့် MOU ပတ်စပို့စာအုပ်များမှာ အလုပ် သမားများကိုယ်တိုင် လက်မှတ်ထိုးစရာမလိုပဲ ထုတ်ပေးလျှက်ရှိသည်။
ပြီးခဲ့သည့်လကပြီးဆုံးသွားခဲ့သော ထိုင်းနိုင်ငံအတွင်းထုတ်ပေးခဲ့သည့် အလုပ်သမားပတ်စပို့စာအုပ်များတွင် အချို့ ကုမ္ပဏီတို့သည် ဓါတ်ပုံအစစ် အမည်ကွဲများအမြောက်အမြားလုပ်ကိုင်ခဲ့ကြကြောင်း အလုပ်သမားဆိုင်ရာသတင်းများတွင် ဖေါ်
ပြခဲ့ကြသည်။