04 January 2014

“ခိုက်ရန်ဖြစ်ပွားသည့် အလုပ်သမားနှစ်ရာကျော် ပြန်ပို့ခံရမည်”

                   ကိုတီး    ၂၀၁၄ ခု ဇန်န၀ါရီလ ၎

         နှစ်သစ်ကူးညက ထိုင်းနိုင် ငံတောင်ပိုင်းရှိ   ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ထိုင်းလူမျိုးများ   နှင့် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြသော မြန်မာ အလုပ် သမား ၂၂၃ ဦးတို့အား ထိုင်းအာဏာပိုင်များ က ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရ သည်။
       ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ၁၈၀     အကွာတွင်ရှိသော လယောင်းမြို့နယ်   ဆောက် လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာနို င်ငံမှ   ရွှေရည်ဖြိုးအောင်ကုမ္ပဏီ နှင့် အခြားကုမ္ပဏီ ၂  ခုတို့ မှ တင်ပို့ထား သည့် mou အလုပ်သမားပေါင်း လေးရာကျော်ခန့် အလုပ်လုပ်နေကြသည့် ဆောက် လုပ်ရေး လုပ်ငန်းခွင်ကြီး တစ်ခုဖြစ်သည်။



            နှစ်သစ်ကူးညနေက မြန်မာအလုပ်သမားတစ်ဦး ဈေးဝယ်ရာ ကျသင့်ငွေအား ပေးချေပြီး ဖြစ်သည် ကို မပေးချေရသေးဟု ဈေးဆိုင်ပိုင်ရှင်က ပြောဆိုရာမှ ရန်ပွဲ စတင်ဖြစ်ပေါ်ခဲ့ပြီး အုပ်စုဖွဲ့ တိုက်ခိုက် ခဲ့ကြခြင်ြး ဖစ်သည်။ ထိုစဉ် ထိုင်းလူမျိုး တစ်ဦး သေနတ်ဖြင့်ပစ်ခတ်သဖြင့် မြန်မာအလုပ် သမား မောင်ထွန်း ၏ ဘယ်ဘက် လက်မောင်းတွင် သေနတ်ဒဏ်ရာတစ်ချက်ရရှိခဲ့သည်။

မြန်မာအလုပ်သမား ကိုဇေါ်မိုး က “မနေ့က ၁၃၅ ယောက်ပြန်ပို့တယ်၊ ဒီနေ့ ၉၈ ယောက်ပြန် ပို့မယ်လို့ သိရတယ်၊ သေနတ်ဒဏ်ရာရတဲ့ ကိုထွန်းအေး ကို ဆေးဖိုးဝါးခ ဘတ်ေ ၄၀၀၀ ပေးပါတယ်။ ထိုင်းအလုပ် သမားခေါင်း(၀ဏ)က သေနတ်မှန်တယ် လို့ မပြောရပဲ သံစူးသွားတယ်လို့ ပြောခိုင်းနေပါတယ်” ဟု MAT အဖွဲ့သို့ ပြောသည်။

           ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ MOU နဲ့ ထိုင်းကိုသွားတဲ့အလုပ်သမားတွေဟာ ထိုင်းကိုသွားဖို့ အတွက် အနည်းဆုံး ကျပ်ငွေငါးသိန်း အထက် ကုန်ပြီး လေးလထက်မနည်းကြာတတ်တယ်။ မမျှော်လင့်ပဲ ပြဿနာပေါ်လာရင် အကြောင်းရင်းကိုရှာဖွေပြီး ဖြေရှင်းဖို့လိုပါတယ်။ တစ်ခုခုဖြစ်တိုင်း အလုပ် သမားတွေကို နယ်စပ်ကို   ပြန်ပို့တဲ့ ဖြေရှင်ပုံဖြေရှင်းနည်းဟာ နည်းမှန်လမ်းမှန်မကျဘူး။ အလုပ်သမားတွေ အလွန်နစ်နာပါတယ်။ အယင်နယ်စပ်ကို ပို့ခဲ့တဲ့အလုပ်သမားတွေ ဘ၀ ပျက်ကုန်တယ်။ ကိုယ့်ဘ၀မပျက်တိုင်း ပျက်ချင်တဲ့သူပျက် ဆိုတဲ့ စိတ်သဘောထားမျိုး၊ တာဝန်ခံမဖြေရှင်းချင်တဲ့ စိတ်ထားမျိုးနဲ့ မလုပ်သင့်ဘူး” ဟု ပြောသည်။

            ထိုင်းနိုင်ငံအတွင်း သန်းချီ အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများအတွက် ယခင် က ထိရောက်သည့် အကာအကွယ်နှင့် အကူညီများ မပေးနိုင်ခဲ့သည့် မြန်မာစိုးရအနေဖြင့် ၂၀၁၄ ခုနှစ် အစပိုင်းမှ စတင်၍ ပြင်ဆင်ထားသင့်ကြောင်း၊  ၎င်းက ဆက်လက် ထောက်ပြပြောဆိုသည်။

 “  သန်းချီရှိတဲ့အလုပ်သမားအရေအတွက်ကို ကူညီစောင့်ရှောက်ဖို့ ဆိုတာ အလုပ်သမားသံအရာရှိ
တစ်ယောက်ခန့်တယ် ဆိုတာလောက်နဲ့ အပြောပဲဖြစ်မှာပေါ့။ အကျဉ်းချုပ်ပြောရရင် တိုင်းပြည် ၀င်ငွေကို အဓိက ရှာဖွေနေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စတွေဟာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တယ်လို့ ခံယူရပါမယ်။ အပြောသက်သက်နဲ့ လုပ်ပြနေရုံနဲ့ မလုံလောက်ဘူး။ ဒီလုပ်သားတွေရဲ့ အလေးနက်ထားပြီးမူဝါဒတွေရော လူတွေရော အတွေး အခေါ်တွေပါ ပြောင်းလဲ ကျင့်သုံးဖို့လိုပါမယ်။ MOU အလုပ်သမားပြဿနာ ထိုင်းမှာ ပတ်စပို့ လုပ်ထားတဲ့အလုပ်သမားတွေ ရဲ့ပြဿနာတွေ   ခေါင်းစဉ်အမျိုးမျိုးရှိပါတယ်” ဟုပြောသည်။

            မြန်မာအစိုးရက ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်သမား တစ်သိန်းခုနစ်သောင်းကျော် ပတ်စပို့ လုပ်ကိုင်ထားကြောင်း ထုတ်ပြန်ထားသော်လည်း ထိုင်းအခြေစိုက် နိုင်ငံတကာအဖွဲ့အစ ည်း များ၊ အင်ဂျီအို များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက မြန်မာအလုပ်သမားပေါင်း လေးသန်းဝန်းကျင်ခန့် ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။