23 July 2012

“ငါးဖမ်းလှေပေါ်ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ၁၅ဦးအား ပူးပေါင်းအဖွဲ့များကယ်တင်”



ဇူလိုင် ၂၃
     ကိုတီး - 
        ထိုင်း ကမ္ဘောဒီးယား နယ်စပ်၊ ဘန်ကောက်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာတွင် ရှိသော Laem  Ngop  လဲမ်ငေါ့ ဆိပ်ကမ်း  ငါးဖမ်းလှေ အမှတ်၅ပေါ်တွင်ရောင်းစားခံနေရ သည့်  မြန်မာ အလုပ်သမား၁၅ ဦးအား ဘန်ကောက်အခြေစိုက် ပူးပေါင်း အဖွဲ့များက ယမန်နေ့ နံနက်ပိုင်းက ကယ် တင်နိုင်ကြသည်။
        ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ငါးဖမ်းလှေေ ပ်ါတွင် ရောင်းစားခံနေရသည့်  ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ အသက် ၄၀ အရွယ်ကိုကိုမောင်မောင်က ထိုင်းနိုင်ငံသို့အလာ မော်လမြိုင်မြို့တွင် ဖြန့်ဝေပေးသည့်  နိုင်ငံတကာအဖွဲ့ အစည်းများ  လက်ကမ်းစာစောင် တွင် ပါရှိသော မြန်မာသံရုံးမှ ဦးကျော်ကျော်လွင် ဖုန်းနံပါတ်အား ဆက်သွယ်အကူအညီတောင်းခံခဲ့သည်။
     ဦးကျော်ကျော်လွင်က တစ်ဆင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့BAT သို့ ဆက်သွယ် လာခဲ့
ပါသည်။ BAT ကလည်း လုပ်ဖေါ်ကိုင်ဘက်များဖြစ်ကြသည့် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့
UNIAP နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေး ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့နှင့်ညှိနှိုင်းပြီး ထိုင်းအစိုးရ
လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ AHTD သို့  ဆက်သွယ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
       ကိုမောင်မောင် က“ ရန်ကုန်မှာ လက်သမားလုပ်နေတာ အဆင်မပြေဖြစ်နေတုန်း အသိတစ်ယောက်က
ထိုင်းမှာလက်သမားလုပ်ရင် တစ် ကျပ်ငွေ ၃သိန်းလောက်ရတယ်ဆိုလို့ လာတာပါ။  မော်လမြိုင်က ပွဲစား
မောင်ဝင်းဆိုသူကို ကျပ်ငွေ သုံးသိန်း ပေးခဲ့ရပါတယ်။ လှေဆိပ်ကို ရောက်မှ ရောင်းစားခံရလိုက်ရပြီဆိုတာ
သိလိုက်ရပါတယ်။ ကျနော်လည်း မော်လမြိုင် မှာ ဖြန့်ဝေနေတဲ့ စာရွက်ကို သိမ်းလာခဲ့တယ်။ အဲဒါကို
ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့တာပါ။ ကျနော့်မှာ နာဂစ်တုန်းက ဇနီးသယ် အလောင်းတောင်ရှာမရ
လိုက်ဘူး။  ကလေး၂ယောက်နဲ့ အဆင်မပြေလို့ ထိုင်းကို လာခဲ့တာပါ” ဟုပြောသည်။

ရောင်းစားခံနေရသူများမှာ မွန်၊ကရင်နှင့် ဗမာ လူမျိုးများဖြစ်ကြပြီး အသက်၁၅ နှစ်အရွယ် မွန် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။ အလုပ် သမားများသည် အနည်းဆုံး တစ်လမှ ၈လအထိ အခကြေးငွေမရရှိပဲလုပ်ကိုင်နေခဲ့ကြရ သူများ
 ဖြစ်ကြသည်။ အလုပ်သမားတစ်ဦးလျှင် လုပ်ငန်း ရှင်အား ဘတ်ငွေ ၁၈၀၀၀ လုပ်ဆပ်ရ မည်ဖြစ်ေ ကြာင်း အလုပ်သမားများပြောပြချက်အရသိရသည်။
       BAT တာဝန်ခံ ဦးကျော်သောင်း က “ ဒီအလုပ် သမားတွေရောက်နေတဲ့ နေရာကအလွန်ဝေးတာကြောင့်
ကျနော် ကူညီနိုင်မယ်လို့ တောင် မထင်ခဲ့ဘူး။ ဒါပေမယ့် စောစောက ပြောတဲ့ အဖွဲ့အစည်းတွေရဲ့တွန်းအား
တွေကြောင့်ထင်ပါတယ်။ ကျနော်တို့ ဇူလိုင် ၂၁ ရက်နေ့ ညဉ့် ၉နာရီ မှာ စပြီးသွားကြတာ မနက်မိုးလင်း ခါနီမှာအဲဒီလှေဆိပ်ကို ရောက်တယ်။ မနက် ၆နာရီတိတိမှာ ကျနော်နဲ့ ဆက်သွယ်နေတဲ့ ကိုမောင်မောင် တို့ လှေဝင်လာလို့ ကျနော်တို့ ကယ်တင်နိုင်ခဲ့တာ။ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကတော့ နာလည်းနာ ဆာလည်းဆာ သလိုပါပဲ၊ အတော်နစ်နာပါတယ်။ လုပ်အားခလည်းဆုံး နယ်စပ်လည်းပြန်ပို့ခံရ” ဟုပြော သည်။
         ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT သည် ပူးပေါင်းအဖွဲ့များနှင့်အတူ ၂၀၁၂ခု  နှစ်အတွင်း
ယခု ကယ်တင်မှုအပါအ၀င်၊ ခြုံဘူရီ ချောင်းစမေးစံ လှေဆိပ်မှ ၂ကြိမ်နှင့်  နေ့ စဉ် ၁၆နာရီကျော် အလုပ် လုပ်နေရပြီး တစ်နေ့လျှင် လုပ်အား ၁၀ ဘတ်သာရရှိသော မဟာချိုင် နေ၀စ်မှအရပ်ရှိ  ဆန်းဒစ် ပုဇွန်အလုပ်ရုံမှ အလုပ်သမား ၁၅၀ နီးပါး  (စုစုပေါင်း လူကုန်ကူးခံရသူပေါင်း ၂၀၀ ကျော်) တို့အား ကယ်တင်နိုင်ခဲ့ပြီးဖြစ်သည်။