24 March 2016

အချုပ်ကျနေစဉ် ပွဲစားမမှ ခေါ်ထုတ်ပြီး ငါးဖမ်းလှေထဲပြန်ရောင်းစား

 
24.3.2016
မဟာချိုင်
စောမောင်

ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၃၀ ကျော်အကွာတွင်ရှိသော၊
စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ ထချလောင်ငါးဖမ်းလှေဆိပ်တွင်
၂လကျော်ကြာ ရောင်းစားခံနေရသူ မြန်မာနိုင်ငံသား၅ဦးအား ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး
ရဲတပ်ဖွဲ့ AHTD နှင့် MAT အဖွဲ့တို့ပူးပေါင်းကယ်တင်နိုင်လိုက်သည်။


မဟာချိုင်မြို့ ၀ပ်နန်းဆောင်တွင်နေထိုင်သည့် လူကုန်ကူးသူ ပွဲစားမ မအေးသည်
ကိုကျော်မောင်(အသက်၃၈နှစ်)၊ကိုဇော်ဇော်(အသက်၃၆နှစ်) ၊
လှမောင်(အသက်၂၈နှစ်) ၊ ဦးလှသန်း(အသက်၄၀နှစ်)၊ကိုဇော်နိုင်ထွန်း(အသက်၂၈နှစ်)တို့ကို
အချုပ်ထဲမှ ကယ်တင်သလို ခေါ်ထုတ်လာပြီး မဟာချိုင်မြို့ ထပ်ချလောင်လှေဆိပ်မှ ငါးဖမ်းလှေတစ်စီးသို့
ရောင်းစားခံခြင်းဖြစ်သည်။



ယမန်နေ့ညတွင် ငါးဖမ်းလှေထဲသို့ ရောင်းစားခံရသူများပါသော လှေသည် ကမ်းကပ်လာရာ
ပွဲစားမမသိခင် ကိုကျော်မောင်(အသက်၃၈နှစ်)၊ကိုဇော်ဇော်(အသက်၃၆နှစ်) တို့နှစ်ဦးသည်
လှေဆိပ်မှ ထွက်ပြေးလာပြီး MATအဖွဲ့ထံသို့ ဆက်သွယ်အကူညီတောင်းခံလာကြောင်း
MAT(ဘန်ကောက်ရုံတာဝန်ခံ)ကိုစိုင်းအေးက ပြောသည်။

ထို့နောက် MATအဖွဲ့မှ အချက်လက်များစုဆောင်းပြီး ညတွင်းချင်းသက်ဆိုင်ရာ မဟာချိုင်မြို့မှ လူကုန်တား (AHTD)
အထူးရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ပွဲစားမ မအေးနေထိုင်သည့် မဟာချိုင်မြို့ ၀ပ်နန်းဆောင် တိုတ်အမှတ်(၁၀) ၄ထပ်၊
အခန်းနံပါတ်(__)တွင်နေထိုင်သော မအေးနှင့်အပေါင်းပါ တစ်ဦးတို့ကို ည၉နာရီ၃၀မိနစ်တွင် ဖမ်းစီးနိုင်ခဲ့ကြောင်း သိရ
သည်။

ငါးဖမ်းလှေသို့ ရောင်းစားခြင်းခံရမှ လွတ်မြောက်လာသူတစ်ဦးဖြစ်သည် ကိုကျော်မောင်က
“ကျနော်တို့ သူငယ်ချင်း ၅ယောက်ဖြစ်တဲ့ လှမောင်(အသက်၂၈နှစ်) ၊ ဦးလှသန်း(အသက်၄၀နှစ်)၊
ကိုဇော်ဇော်(အသက်၃၆နှစ်) ၊ကိုဇော်နိုင်ထွန်း(အသက်၂၈နှစ်)တို့ဟာ ၄.၁.၂၀၁၆ကနေ ၂၁.၃.၂၀၁၆ အထိ
ကမ္ဘောဒီယားနိုင်ငံအနီး ပင်လယ်ပြင်မှာ ငါးဖမ်းရတယ်.. ငါးဖမ်းလှေပေါ်မှာ
မလုပ်နိုင်လို့ ပြန်ပို့ပေးပါလို့ တောင်းပန်းလည်းမရဘူးအမျိုးမျိုး ခြိမ်းခြောက်တယ် နေ့စဉ်ရက်ဆက်
အနိုင်ကျင့်ခံရတယ် .လုပ်အားခလည်း မရဘူး အခုလှေကမ်းကပ်တုန် ပွဲစားမ မသိခင် သူငယ်ချင်း
တစ်ယောက်ထွက်ပြေးလာပြီး MATအဖွဲ့မှာ အကူညီတောင်းခံရတာပေါ ကျနော်တို့ကို အချုပ်ထဲကနေ
ကယ်တင်ပေးသလိုလိုနဲ့ ငါးဖမ်းလှေထဲရောင်းစားခဲ့တဲ့ ပွဲစားမကိုဖမ်းပေးတာ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က
“ထိုင်းမှာလူကုန်ကူးခံ ရတဲ့သတင်း အချက်အလက်တွေကိုကျနော် တို့လို အဖွဲ့အစည်း သေးသေးလေးတွေက သတင်း အချက်အလက်တွေ စုဆောင်း ပေးရုံလောက်ပဲ လုပ် သင့်ပါတယ်။ လူအင်အား၊ ပစ္စည်းအင်အား၊ ငွေအင်အား အလွန်လိုအပ်ပါတယ်။

ကျနော်တို့ အခက်အခဲ အများကြီး ထဲက တွန်းပြီး လုပ်နေကြတာဖြစ်ပါတယ်။ အမှန်က ကုလသမဂ္ဂ လူကုန်ကူးမှုအဖွဲ့တွေ နဲ့ မြန်မာ အစိုးရ၊ ပြီးတော့ နိုင်ငံတကာ အင်ဂျီအို အဖွဲ့ကြီးတွေက ထိထိရောက်ရောက် လုပ်ဖို့ကောင်းပါတယ်။ ခုဟာက ပြောင်းပြန်ဖြစ်နေတယ်။ သူတို့တွေက အချက်အလက်စုရုံ၊ ဘာသာပြန်ရုံနဲ့ အစီရင်ခံစာ ထုတ်ဝေ တဲ့ အဆင့်ပဲ ဖြစ်နေတယ်။လူကုန်ကူးမှုတွေ တဖြည်းဖြည်း တိုးလာနေတယ်။ အလွန်စိုးရိမ်ဖို့ကောင်းပါတယ်” ဟုပြောဆိုသွားသည်။

====================================
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရ၍ဖြစ်စေ အလုပ်သမား အခွင့်အရေးချိုးဖေါက်ခံ၍ဖြစ်စေ မြန်မာသံရုံးအလုပ်သမား
ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင်MATအဖွဲ့ ၏
အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် အကူညီ
တောင်းခံနိုင်ပါသည်။ကျနော်တို့ တတ်စွမ်းသမျှ
ကူညီဆောင်ရွက်ပေးပါမည်။

ဦးအောင်မျိုးသန့်- 08 9652 5696

ဦးကျော်သောင်း- 08 4670 5727

ကိုစိုင်းအေး- 08 0588 5548

ကိုဘခက် - 08 7312 1179

ကိုအောင်ဆန်းဦး- 09 0667 7913

ကိုလွမ်းသူ- 08 6905 2446

ကိုစောမောင်- 09 0661 0849