15 March 2016

နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ရွေးချယ်ခံရ


ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်က မဲအများဆုံးဖြင့် ရွေးချယ်ခံလိုက်ရပြီး ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ (၂) အဖြစ် ဦးဟင်နရီဗန်ထီးယူတို့ကို မဲပေးရွေးချယ်ခဲ့ကြသည်။

ထိုသို့ မဲပေးရွေးချယ်ရာတွင် ဦးထင်ကျော်က မဲအရေအတွက် စုစုပေါင်း (၃၆၀) မဲ ရရှိခဲ့ပြီး ဦးမြင့်ဆွေက မဲအရေအတွက် စုစုပေါင်း (၂၁၃) မဲ၊ ဦးဟင်နရီဗန်ထီးယူက မဲအရေအတွက် စုစုပေါင်း (၇၉) မဲရရှိခဲ့ခြင်း ဖြစ်သည်။



နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ (မတ် ၁၅ ရက်) နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ကိုယ်စားလှယ် ၃၉၀ ဦး၊ကြံ့ခိုင်
ရေးပါတီဝင် ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီဝင် ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၁၅ ဦး၊ တအောင်းပလောင် အမျိုးသားပါတီဝင် ငါးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ၄ ဦး၊ ဇိုမိုဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်
 လေးဦး၊ ဒူးလေးပါတီဝင် နှစ်ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဝင် တစ်ဦး၊ ‘ဝ’ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦး၊ မွန်အမျိုးသားပါတီဝင် တစ်ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီတစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစ်ဦး၊ တစ်သီးပုဂ္ဂလ သုံးဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး ရှိကြောင်း လွတ်တော်မှတ်တမ်းများအရ သိရသည်။

(ဓာတ်ပုံ - မြင့်မိုးညို)