15 March 2016

`‘တလကျော် အလုပ်သမားအယောက် ၄၀ လုပ်အားခ 500,000 ကျော်ပြန်ရရှိ "


မင်းဘခက်.15.3.2016
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နှင့် ဆက်စပ်နေသော ဘန်ဘိုထောင်း နယ်မြေရှိ SUP-CONTRACT THONG VIGIT (THAILAND )CO,.LTD အလုပ်ရုံတွင် မြန်မာ အလုပ်သမားများလုပ်အားခမရှင်းပေးသော အယောက် ၄၀ အတွင်းမှ အလုပ်လုပ်နေသော မောင်ဇင်မင်းခန့် မှ MAT ကို 07-March-2016 အကူညီပေးပါရန် တောင်းဆိုလာသဖြင့် MAT မှ အလုပ်သမားများရဲ့ လုပ်အားခကိုရရှိရန်အတွက် အချက်လက်များကို စုဆောင်းပြီး စဝါဒီကန်ရုံးသို့ ဆက်လက်ဖြေရှင်းရန် သွားခဲ့ကြသည် ထို့နောက် စဝါဒီကန်ရုံးမှ သက်ဆိုင်ရာလူကြီးများဖြင့် လုပ်ငန်းခွင်သို့ သွားရောက်၍ အလုပ်သမားနှင့် အလုပ်ရှင် ပြေလည်အောင်လုပ်သွားမယ် ဆိုရင် တရားရုံးရင်ဆိုင်ရမှာ မပာုတ်ပါဘူး သို့မပာုတ်ရင် တော့ ပြေလည်နိုင်တဲ့ နည်းကို ရွေးပါလို့ သက်ဆိုင်ရာလူကြီးများက ပြောခဲ့ရာ အလုပ်ရှင် ဘက်မှ တလစာ ရှင်းမပေးရသေသော အလုပ်သမား အယောက် (၄၀) ကျော် လုပ်အားခကို 7.3.2016.ရက်နေ့မှာပဲ ပြန်လည် ရှင်းပေးခဲ့သည်ပာု မောင်ဇင်မင်းခန့်က ပြောခဲ့သည် 



ကျနော်တို့ အားလုံးက အယောက် ၄၀ ကျော် တစ်ယောက်ကို ဘတ် ၁၂၀၀၀ ဘတ် ၁၃၀၀၀ အထိပါ အားလုံးပေါင်းရင် ၅၀၀,၀၀၀ ကျော်ပါတယ် အကုန်လုံးပြန်ရတော့ အလုပ်ထွက်ကုန်ပြီး တခြားနေရာကို ပြောင်းရွေ့သွားတဲ့သူပြောင်း အိမ်ပြန်တဲ့လူလဲ ပြန်ကျတယ် ထိုင်းနိုင်ငံရောက်မြန်မားနိုင်ငံသားများအဖွဲ့ MAT ကို တကယ်ကျေးဇူးတင်တယ်ဗျာ ထိုင်းနိုင်ငံရောက်မြန်မားနိုင်ငံသားများအဖွဲ့ MATလိုအဖွဲ့မျိုးရှိသလို ထိုင်းနိုင်ငံရောက်မြန်မားနိုင်ငံသူ နိုင်ငံသားများ အလုပ်သမားတွေအတွက်လည်း အားကိုယ်းစရာရှိခဲ့သလို တကယ်စိတ်ဓါတ်အမှန်ကူညီမှန်း သိရတော့ ဝမ်းသာမဆုံးဖြစ်မိတာအမှန် နောက်နောင်လဲ ဒီထက်မက အမှန်တရားအတွက်ရပ်တည်း လုပ်ပေးနိုင်ပါစေ MATအဖွဲ့သားများအားလုံး မောင်ဇင်မင်းခန့်က ဆုတောင်းပေးခဲ့သည်။")

("MATအဖွဲ့မှ ကိုစိုင်းအေးကတော့ ကျွန်တော်တို့က
တတ်နိုင်တဲ့ဘက်က ဥပဒေအရကူညီဆောင်ရွက်ပေးမှာပါ တကယ်လို့များလုပ်ငန်းရှင်ဘက်က အလုပ်ခိုင်းပြီးတော့ လုပ်အားခမပေးဘူးဆိုတာ အလုပ်သမားတွေကို သက်သက်အနိုင်ကျင့်တာ အလုပ်သမားဥပဒေနဲ့လဲ ညိစွန်းပါတယ် Passport မရှိလို့ ဘတ်မရှိလို့ လုပ်အားခမပေးဘူးဆိုတာက အနိုင်ကျင့်တာပါ အလုပ်သမားတွေလက်မခံနိုင်သလို ကျွန်တော်တို့လဲလက်မခံပါဘူး Passport မရှိလို့ ဘတ်မရှိလို့ဆိုတာက ထိုင်းနိုင်ငံက လူဝင်မှု့ကြီးကြပ်ရေးနဲ့ဆိုင်တာပါ လုပ်အားခနဲ့ ရောလို့မရပါဘူး အလုပ်သမားတွေ ဘတ်မရှိ Passport မရှိလို့ ခိုင်းချင်ရားခိုင်းပြီး အလုပ်သမားတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူ အနိုင်ကျင့် လုပ်အားခ ရှင်းခါနီးမှ အကြောင်းအမျိုးမျိုးပြ ချိန်းခြောက် နှင်ထုတ် အပြုမူမျိုးတွေက ကျွန်တော်တို့ အလုပ်သမားတွေအပေါ် မတရား မှုလို့ ယူဆပါတယ်လို့ MATအဖွဲ့မှ ကိုစိုင်းအေးကဆိုခဲ့သည်။