26 January 2018

“အေဂျင်စီ၁၀ ခု ၆လအပိတ်ခံရ”

                                                
မင်းဘခက်   ၂၀၁၆ ခု ဇွန်လ ၁၀

         ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ်မစတင်မီ ထိုင်းနိုင်ငံသို့ MOU အလုပ်သမားတင်ပို့နေသည့် အေဂျင်စီ ၁၀ ခုကို ယမန်နေ့က ပိတ်သိမ်းလိုက်ကြောင်း သိရှိရသည်။

       ၁. Golden Sea, ၂. International Focus,၃. Htoo Thit Zae, ၄. Swann Royal, ၅.Star Pionner ၆.Moon Beam, ၇. Moe Moe Family, ၈. Myanmar Shwe Yanant, ၉.Shwe Yee Phyo Aung,၁၀.Lu Htake Moe တို့ဖြစ်ကြောင်းသိရသည်။

        အမည်မဖေါ်လိုသည့် အေဂျင်စီ ဒါရိုက်တာ တစ်ဦး က“ MOEAF က CEC လူကြီးတွေရဲ့အေဂျင်စီတွေ ထိုင်းမှာ ပြဿ     နာပေါင်းများစွာတက်နေပေမယ့် ပိတ်တဲ့အထဲမှာမပါဘူး။ အထူးသဖြင့် MOU စတင်ကတည်းက ယခုအချိန်အထိ demand မဟုတ်က ဟုတ်ကတွေနဲ့ ပို့ပြီးပြဿ     နာတက်တတ်တဲ့ မေ၀င့်ကုမ္ပဏီ တစ်ခါမှ အရေးယူမခံရဘူး။ မြန်မာပြည်မှာလူစုပြီး မပို့ပဲထား နေပြည်တော်နဲ့ ရန်ကုန် အလုပ်သမားဝန်ကြီးဌာန ၈မိုင်ကို ပို့ပြီး ကာယကံရှင်အလုပ်သမားတွေ အယင် ၂ပတ်လောက်က သွားရောက်တိုင်ကြားခဲ့တယ်။ နေပြည်တော်ကို ဘုန်းကြီး၂ပါးသွားရောက်တိုင်ကြားခဲ့တယ်။ ဒါပေမယ့် မေ၀င့်ကုမ္ပဏီ ကို ဘာမှအရေးမယူဘူး။ အယင်အလုပ်သမားဝန်ကြီးနဲ့ဒုဝန်ကြီးတို့ကို တံခါးမရှိဓါးမရှိဝင်ထွက်နိုင်တယ်။ NLD အစိုးရသစ်လက်ထက်မှာ လည်းမေ၀င့် ကုမ္ပဏီကို ကာကွယ်ထားကြဆဲဖြစ်တယ်၊ အလုပ်သမားဝန်ကြီးဌာန မျက်နှာလိုက်တာပေါ်လွင်တယ်”ဟုပြောသည်။

        မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဆောင်ဆန်းစုကြည်သည် ဇွန်လ၂၃.၂၄.၂၅  တို့တွင် ထိုင်းနိုင်ငံသို့လာရောက်မည်ဖြစ်သည်။ လောလောဆယ်တွင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားများကို အဖမ်းဆီးများလည်းနေ့စဉ် ဖြစ်ပေါ်နေသည်။

      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်အပါအ၀င် အခြားသော အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ အချက်အလက်တွေ ပေးနိုင်အောင် ပြင်ဆင်နေကြပါတယ်။ ကျနော်ကတော့ တရားဝင်လူကုန်ကူးသလိုဖြစ်နေတဲ့ MOU စနစ်မှာ ကြားခံပွဲစားမလိုပဲ၊ အလုပ်သမားလည်းအကုန်အကျမရှိပဲ၊ တိုင်းပြည်လည်းသိက္ခာရှိမယ့် အလုပ်သမားတင်ပို့ နည်းကို အကြံပြုမယ်။ လူပို့ပွဲစားစနစ်ကို လုံးဝဖျက်သိမ်းသင့်ကြောင်း အချက်အလက် အထောက်အထား အပြည့်အစုံနဲ့တင်ပြဖို့ပြင်ဆင်နေပါတယ်။ နောက်ပြီးသန်းချီရှိတဲ့အလုပ်သမားတွေကို ဘယ်လိုကာကွယ် စောင့်ရှောက်ကြမလဲဆိုတာကို အကြံပြုတင်ပြပါမယ်” ဟုပြောသည်။

         ဒေါ်အောင်ဆန်းစုကြည့် လာရောက်သည့်အခါ မဟာချိုင်တွင် အလုပ်သမားအမြောက်အမြားနှင့်တွေ့ဆုံနိုင်ရေးအတွက် မြန်မာသံအမတ်က ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရှိရသည်။