23 October 2017

မိမိနေရပ်များသို့ ပြန်လည်နေထိုင်လိုသူ ၄၁ ဦးအား ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေး

အောက်တိုဘာ ၂၀၊ ၂၀၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ရန် တောင်ဘဒကားကျေးရွာသို့ ရောက်ရှိနေသည့် ဘူးသီး တောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာ အုပ်စု၊ မောင်နှမကျေးရွာနှင့် နန်းရာကုန်းေ ကျးရွာအုပ်စု မောင်နှမ ပုလဲတောင်ကျေးရွာတို့မှ အိမ်ထောင်စု ၆ စု၊ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၂၀၊ စုစုပေါင်း ၄၁ ဦး အား အောက်တိုဘာ ၁၆ ရက်တွင် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။


တစ်ဖက်နိုင်ငံသို့ သွားရောက်မည့် နေရပ်စွန့်ခွာ ဘင်္ဂါလီများ ရောက်ရှိမှုအောက်တို ဘာ ၁၆ ရက် ၊ မွန်းလွဲပိုင်းတွင် လေယာဉ်ပျံကွင်းကမ်းခြေအနီး၌ ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ် ၊ ဘော်လီရွာ၊ ပြိုင်းတောင်ရွာ၊ သိမ်တောင်ပြင်ကျေးရွာ၊ ဘုရားပြင် အောင်ပ ကျေးရွာ၊ဖရုံချောင်း ကျေးရွာတို့မှ ဘင်္ဂါလီ စုစုပေါင်း ၅၁၃ ဦး နှင့် မောင်တောမြို့နယ် ပညောင်ပင်ကြီး ကျေးရွာနှင့် ရွာသစ်ကေ ကျေးရွာကြား၌ ရောက် ရှိေ နသည့် စိမ်းညှင်းပြာကျေးရွာမှ ဘင်္ဂါလီ ၁၉၈ ဦးတို့ အားတွေ့ရှိမေးမြန်းခဲ့ရာ.....

 စားဝတ်နေရေးနှင့် ဆေးကုသရန် အခက်အခဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာလိုကြောင်း၊ ၎င်းတို့ရွာ၌ နေအိမ်များမီးလောင်ကျွမ်းခြင်း မရှိကြောင်းနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ခြိမ်းခြောက်ခြင်း မရှိကြောင်း၊ တစ်ဖက်နိုင်ငံရှိ ဆွေမျိုးများမှ လှေငှားပြီး ၎င်းတို့အား လာခေါ် မည်ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများမှ ၎င်းတို့ရွာအား နှောင့်ယှက်မည်ကို စိုးရိမ်သဖြင့် နေရပ်စွန့်ခွာ လာခြင်းဖြစ်ကြောင်းသိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေရပ်စွန့်ခွာဘင်္ဂါလီများအား ၎င်းတို့၏ ကျေးရွာများသို့ ပြန်မည် ဆိုပါက မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ အစားအေ သာက်နှင့် ဆေးဝါးများ ထောက်ပံ့မည် ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သော်လည်း ၎င်းတို့မှာ တစ်ဖက်နိုင်ငံသို့သာ သွားရောက် လိုကြောင်း သိရှိရပြီး မှိုဝင်ချောင်းဝနှင့် ဂေါ်ဒူသာရချောင်းဝကြား ပင်လယ်ကမ်းခြေဘက်သို့ ထွက်ခွာ သွားခဲ့ကြောင်း သိရ သည်။
..........................................................................................
စိတ်ကြွဆေးပြား ၁၄၄၃၀၀၀ ပြား သိမ်းဆည်းရ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မောင်တောမြို့ အမှတ်(၅)ရပ်ကွက် လမ်းမပေါ်၌ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မသင်္ကာဖွယ် ယာဉ် ၁ စီးအား တွေ့ရှိ၍ ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် မောင်တောမြို့နယ် ဝေသာလီကျေးရွာနေ ညီညီ ၂၂ နှစ် မောင်းနှင်လာသော HIJET ယာဉ်ရှေ့ ခန်းရှိ ဆာလာအိတ် ၂ လုံးအတွင်းမှ ကျပ်သိန်း ၉,၇၅၀ တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၄၈၇၅၀၀ ပြား အား တွေ့ရှိသိမ်းဆည်းရမိသည်။

ယာဉ်မောင်း ညီညီအား မေးမြန်းရာ မောင်တောမြို့တွင်းသို့ ပို့ဆောင်ခိုင်းသဖြင့် သယ်ဆောင် လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မောင်တောမြို့မစခန်း၌ အမှုဖွင့်အေ ရးယူသွားမည်ဖြစ်သည်။


အလားတူ အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့၊ မြို့ဝင်တံတား ဂိတ်၌ ဘူးသီးတောင်မြို့ဘက်မှ မောင်တောမြို့တွင်းသို့ ဘူးသီးတောင်မြို့နေ မင်းအောင်နိုင် (၃၀)နှစ် မောင်းနှင် လာသော NISSAN ပစ်ကပ်ယာဉ်အား စစ်ဆေး စဉ် ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်(၄) အိတ် ဖြင့်ထည့် ထား သည့် ငွေကျပ် ၁၉,၁၁၀ သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား (၉၅၅,၅၀၀)ပြား အား သိမ်းဆည်းဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသည့် စံထွန်း(ခ) စံထွန်းစိန် ပါ ၂ ဦး နှင့် မင်းအောင်နိုင် (ဖမ်းမမိ)တို့အား မောင်တောမြို့မ ရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

လုပ်သေနတ် ၄ လက်၊ အနက်ရောင်မျက်နှာဖုံးစွပ် ၁ ခု သိမ်းဆည်းရမိလုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့သည် သတင်းအရ ဘူးသီးတောင်မြို့နယ်၊ စာကိုင်း အလယ်ရွာအတွင်း သွားရောက်ရှာဖွေခဲ့ရာ သစ်သားဒင်၊ ဆိုင်ကယ်ရှော့ဘားတို့ဖြင့် ပြုလုပ်ထားသည့် အရှည် ၁၃ လက်မခန့်ရှိ လုပ်သေနတ် ၄ လက်၊ အနက်ရောင် မျက်နှာဖုံးစွပ် ၁ ခု တို့အား တွေ့ရှိ သိမ်းဆည်းခဲ့ပြီး တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့်စုံစမ်းလျက်ရှိသည်။