28 October 2017
သေနတ်တု ဖြင့် ရွှေဆိုင် ဝင်လုသူ နာရီပိုင်း အတွင်းဖမ်းမိ(နောက်ဆက်တွဲသတင်း နှင့်ဓာတ်ပုံ)
           “သူက ရွှေပြန်ရောင်းဖို့သိန်းနှစ်ရာဖိုး ဝယ်မယ်ဆိုပြီးလာတာ သူဝင်လာတာ မျက်နှာဖုံးတပ်ထားတယ် ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတယ်၊ ကျွန်တော့ မိန်းမ က အခြေအနေအကဲခတ်မိတော့ ကျွန်တော့ကို ဆိုင်အပြင်မှာထွက်ခိုင်းတယ်၊ သူကသေ နတ်နဲ့ချိန်တော့ မိန်းမ က သေနတ် အတုကြီးမှန်းတန်းသိပြီးအော်တာ သူပြေးထွက် လာတော့ ကျွန်တော် ဝင်လုံးတာ သေနတ်အဝေးလွင့်သွားတယ် သူက စီးတီးစကွဲထဲ ဝင်ပြေးသွားတယ်”ဟု လုံဝမ် aရွှဆိုင်ပိုင်ရှင် ဦးရွှေစိန် က သံလွင်သွေးချင်းဂျာနယ် သို့ပြောသည်။
     လုယက်​မှုဖြစ်​ပွားကြောင်းလုံဝမ်​​ရွှေဆိုင်​ပိုင်​ရှင်​ကဖုန်းဆက်​အ​ကြောင်းးကြားချက်​အရ ​တောင်​ကြီးခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူး ရဲမြင့်​ ​ခေတ္တမြို့နယ် ​ရဲတပ်​ဖွဲမှူး ဒုရဲမှူး စိုး​အောင်​ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဦးတို့ဦးဆောင်ပြီှး အခင်းဖြစ်​​နေရာသို့သွား​ရောက်​စစ်ဆေးပြီး စီးတီးစကွဲကားပါကင်အနီးမလွယ်ပေါက်တွင် ကျုးလွန်သူ ခွန်ရန်းထိုးအားဖမ်းဆီး ရမိခဲ့သည်။
      ဆိုင်ကယ် အရောင်းစင်တာမှသိရသော မှတ်ပုံတင်အရ လူဝင်​မှုကြီးကြပ်​​ရေး ဌာနသို့စုံစမ်းခြင်းဖြင့် အဘ ဦးစိုးခမ်း လွယ်​​ကောင်းရွာဇာတိဖြစ်​​ကြောင်းစီစစ်​ ​သိရှိခဲ့ ရခြင်းဖြစ်သည်။
        ယခု တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၉၂၀/၂၀၁၇ ပုဒ်မ ၃၉၂(၅၁) လုယက်ရန် ကြံစည်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက သံလွင်ေ သွးချင်းဂျာနယ် သို့ပြောကြားသည်။
ပုဒ်မ ၃၉၂(၅၁) လုယက်ရန်ကြံစည်မှုသည် ထောင်ဒါဏ် ၁၀နှစ်ထိ ပြစ်ဒါဏ်ချမှတ်နိုင် သည်။