11 April 2012

“V&K နာနတ်သီးစက်ရုံ အလုပ်သမား တစ်သောင်းကျော် ဆန္ဒပြ”

ဧပြီ ၁၁
မြတ်ညို(အလွတ်သတင်းထောက်)
      ထိုင်းနိုင်ငံအနောက် မြောက်ပိုင်း ကန်ချနဘူရီ ခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင် ရှိသော V&K PINE APPLE CANNING Co,Ltd  နာနာသီးအလုပ်ရုံမှ သောင်းချီသည့် မြန်မာ အလုပ် သမား များက ယနေ့ နံက်ပိုင်းတွင် ၎င်းတို့ အခွင့် အရေးချိုးဖေါက်ခံရမှုများအား  တောင်းဆိုဆန္ဒပြခဲ့ကြသည်။
     အခွင့်အရေး ချိုးဖေါက်ခံနေရမှုများမှာ အလုပ်သမားတစ်ဦးစီ အလုပ်ဝင်သည့်အချိန်နှင့်အလုပ်ထွက်သည့် အချိန်စုစုပေါင်း နေ့ စဉ် တစ်နာရီခန့် ခေါင်းပုံဖြတ်နေကြောင်း ဦးဆောင်သည့် အလုပ်သမား ကိုထွန်းထွန်းနိုင် က ပြောသည်။
“ ကျနော်တို့ကို နေ့စားခ တစ်နေ့  ၂၅၂ ဘတ်၊ အချိန်ပို တစ်နာရီ ၄၇ ဘတ်ပေးမယ်လို့ပြောထားပါတယ်။ ခုက
ကျနော်တို့ ယာယီပတ်စပို့နဲ့ ဘတ်ရှိသူတွေကို တစ်နေ့ ၂၃၀ ဘတ် ပေးတယ်။ ဘတ်မရှိသူတွေကို တစ်နေ့ ၂၂၀ ဘတ်ပေးမယ်။ အချိန်ပို တစ်နာရီကို ဘတ် ၃၀ ပေးမယ်လို့ ပြောင်းပြီးတော့ စာကပ်လာတယ်။  ဒါကြောင့် ကျနော်တို့ ဆန္ဒပြကြတာဖြစ်တယ်” ဟုပြောသည်။
ထိုင်းနိုင်ငံ၏ တရားဝင်သတ်မှတ်ထားသော အလုပ်ပိတ်ရက်များတွင် ခိုင်းစေပါက နေ့တွက် ၂ ဆစီ ပေးမည် ဟုပြောထားသော်လည်း  အကြောင်းအမျိုးမျိုးပြ၍ မပေးပဲနေကြောင်း အလုပ်သမားများကပြောသည်။
နံနက် ခြောက်နာရီကျော်ခန့် ကတည်းက စက်ရုံရှေ့တွင် အော်ဟစ် ဆန္ဒပြခဲ့ကြသော သောင်းချီသည့် မြန်မာ
အလုပ်သမားများအား နယ်မြေခံ ရဲ ၂၀ ကျော်ခန့်တို့ ရောက်ရှိလာခဲ့ကြပြီး အလုပ်ရုံတာဝန်ရှိသူများနှင့် ညှိ
နှိုင်းခဲ့ကြပြီး မူလသတ်မှတ်ထားသည့် လုပ်အားခအတိုင်း ပေးချေမည်ဖြစ်ကြောင်း သဘောတူညီချက်ရရှိခဲ့
သဖြင့် ဆန္ဒပြပွဲအား နံနက် ၉နာရီခန့် တွင် ရုပ်သိမ်းခဲ့ကြသည်။
     အလုပ်သမားများအား မနိုင်မနင်းဖြစ်အောင် အော်ဟစ်ကြိမ်းမောင်းခိုင်းစေလေ့ရှိကြောင်းလည်း အလုပ် သမားများကပြောသည်။ဤစက်ရုံတွင်ယခုကဲ့သို့ ခေါင်းပုံဖြတ်မှုများရှိသဖြင့်ဆန္ဒပြမှုများမကြာမကြာ
 ပေါ်ပေါက်ခဲ့ဖူး သည်။ ထို့နောက် ဦးဆောင်ဦးရွက်ပြုသူတို့အား နယ်မြေခံရဲများနှင့် ဖမ်းဆီးချုပ်နှောင်ပြီး နယ်စပ်သို့ပြန်လည် ပို့ဆောင်ခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများ ဖြစ်ခဲ့ဖူးသည်။
            ထို့အပြင် ဤအလုပ်ရုံသည် ဘုရားသုံးဆူ နယ်စပ်နှင့်နီးသဖြင့် လူကုန်ကူးသူများက တရားမ၀င် အလုပ်သမား များ အား ပိတ်လှောင် ခိုင်းစေလေ့ရှိသဖြင့် များမကြာမီက လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့က ၀င်ရောက်ဖမ်းဆီး ခဲ့ဖူးသည့် အလုပ်ရုံဖြစ်သည်။