21 November 2016

"မြန်မာသံစဉ်တေးသံရှင် ဟင်္သာတဦးထွန်းရင် ကွယ်လွန်"


မြန်မာသံစဉ်တေးသံရှင် ဟင်္သာတဦးထွန်းရင်သည် အဆုတ်ကင်ဆာရောဂါဖြင့် ယနေ့(နိုဝင်ဘာ ၂၁ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ ကျောက်ကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဟင်္သာတဦးထွန်းရင်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားသမီးငါးဦးတို့ ကျန်ရစ်ခဲ့သည်။

အောင်မြင်သည့် မြန်မာသံစဉ်တေးသီချင်းပေါင်းများစွာသီဆိုခဲ့သည့် ဟင်္သာတဦးထွန်းရင်သည် ၎င်းမကွယ် လွန်ခင်အချိန်၌ နောက်ဆုံးဂီတဖန်တီးမှုအနေဖြင့်နတ်မောက်က တောက်ခေါက်သံ တေးစီးရီးသစ်ကို ဖြန့်ချိ  ခဲ့ပါသည်။

    ဟင်္သာတ ဦးထွန်းရင်သည် မြန်မာသံစဉ်တေးသီချင်းများ သီဆိုအောင်မြင်ခဲ့ရာတွင် မိဘမေတ္တာဖွဲ့တေး သီချင်းများ၊ အလှူမင်္ဂလာဆောင်များ၌ ဖွင့်လှစ်သည့် မင်္ဂလာတေးသီချင်းများ၊ မိသားစုချစ်ခြင်းမေတ္တာပြတေး သီချင်းများတွင် အထူးအောင်မြင်ခဲသူဖြစ်သည်။

        ၎င်းအနေဖြင့် တေးသီချင်းများကို ကိုယ်တိုင်ရေးဖွဲ့သီဆိုခဲ့သူ တစ်ဦးဖြစ်ပြီး မိသားစုကန်တော့ပွဲ၊ အမေနဲ့ရွာကိုလွမ်းတယ်စသည့် တေးသီချင်းများကယနေ့တိုင်ထင်ရှားနေသည့် တေးသီချင်းမျာလည်း ဖြစ်သည်။

ဟင်္သာတဦးထွန်းရင်၏ နာရေးအစီအစဉ်ကို ရေဝေးသုသာန်တွင် ပြုလုပ်မည်ဖြစ်ပြီး အချိန်ကိုမှု ထပ်မံထုတ်ပြန် သွားမည်ဟု သိရသည်။
..............................................................................................................