20 November 2014

“ဘတ်ငွေဆယ်သိန်းဖြင့်အာမ,ခံရမည်”



                                       “ဘတ်ငွေဆယ်သိန်းဖြင့်အာမ,ခံရမည်”
၂၀၁၃ ခု နိုဝင်ဘာ ၂၀
မြတ်ညို အလွတ်သတင်းထောက်)
          ကော့တောင်(လိပ်ကျွန်း) လူသတ်မှုဖြင့် စွတ်စွဲဖမ်းဆီးခံထားရသောကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့၂ဦးအတွက်ဘတ်ငွေဆယ်သိန်းဖြင့်  အာမခံမည်ဆိုပါကရရှိနိုင်ကြောင့် ကော့စမီတရားရုံး တရားသူကြီး ကပြောဆိုကြောင်း မြန်မာသံရုံးအထူး အဖွဲ့ ကပြောသည်။
“ အစိုးရရှေ့နေက နောက်ထပ်ပဉ္စမ ရီမန်တစ်ပတ်ယူတယ်။ အစိုးရရှေ့နေရုံးက မှန်ကန်တဲ့အချက်အလက်   တွေရရှိအောင် ထပ်မံ စစ်ဆေးပါဆိုလို့ ထပ်ပေးတာလို့သိရပါတယ်။ ကလေး၂ယောက်ကိုထပ်မံစစ်ဆေးဖို့ လိုသလားလို့ ကျနော်တို့မေးတဲ့အခါ မလိုတော့ဘူးသိတာကြောင့် ကျနော်တို့က အာမခံလျှောက်ပါတယ်။ တစ်ယောက်ကို ဘတ် ငါးသိန်းစီနဲ့ ဘတ်ဆယ်သိန်း တင်ရမယ်။ ဒါမှမဟုတ် ဘတ်ဆယ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်း တစ်ခုခု အာမ ခံရမယ်လို့ပြော ပါတယ်။ ကလေးတွေရဲ့ ကျမ္မာရေးအခြေအနေတွေ လည်း ကောင်း မွန်ပါတယ်”  ဟု အထူးစုံစမ်းရေးကော် မတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မြန်မာရှေ့ နေဦးအောင်မျိုးသန့် က ပြောသည်။
        ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရသူများအား ၁၂ ရက် ၁ကြိမ် ရမန်ယူကာ စုစုပေါင်း ရီမန် ၇ ကြိမ်ရယူ   နိုင်မည် ဖြစ်သည်။ သံသယရှိသူများအား စုစုပေါင်း၈၄ရက်ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်။ မြန်မာလူငယ် ၂ဦးအား ယခင်က ၄၈ ရက် ချုပ်နှောင်ထားခဲ့ပြီး ယခုနောက်ထပ် ရီမန်တစ်ပတ် ၁၂ ရက်ထပ်မံရရှိသွားခြင်း   ဖြစ်သည်။
         
          အထူးစုံစမ်းရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကျော်သောင်း က “ ကျနော်တို့အချက်အလက်တွေ သက်သေတွေ စုဆောင်ရရှိထားတာတွေ အတော်ရှိနေပါပြီ၊ အမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက် အလက်တစ်ချို့ ရရှိအောင် ကြိုးစားနေပါတယ်။ ရယူရမယ့်အပိုင်းတွေက နဲနဲခက်ခဲတာမို့ လူကြီးတွေကို တင်ပြထားဆဲမို့ ခေတ္တ စောင့်နေကြရတာပါ။ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ အင်တိုက်အားတိုက် ကြိုးစား လုပ်ကိုင်နေကြသလို ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်း တို့ကလည်း ဒုတိယအကြိမ်တွေ့ပြီးကတည်းက သူတို့ မသတ်ပါဘူး ဆိုတာကို ရဲရဲဝံ့ဝံ့ပြောဆိုလာပြီဖြစ်ပါတယ်။ သူတို့ အာမခံနဲ့ အပြင်ကို ရောက်ရှိလာတဲ့ အခါ ပိုမိုပြည့်စုံတဲ့ သက်သေခံတွေရရျှိမယ်လို့ကျနော်တို့နဲ့ထိုင်းရှေ့ နေများကောင်စီက မျှော်လင့်ထားပါ တယ်”  ဟုပြောသည်။ 
          အထူးစုံစမ်းရေးကော်မတီအနေဖြင့် ဘတ်ငွေ ဆယ်သိန်း အာမခံကိစ္စရပ်နှင့် အပြင်တွင်နေထိုင်ကြ ရမည့်  စွတ်စွဲခံ အလုပ်သမား၂ဦးအတွက် လုံခြုံရေးတို့အား  အထူးစဉ်းစားလုပ်ဆောင်ကြမည်ဖြစ်ကြောင်း ၊ သာမန်လူသတ်မှုမျိုးမဟုတ်ပဲ တကမ္ဘာလုံးကစိတ်ဝင်တစား စောင့်ကြည့်နေကြသည့် အမှုကြီးဖြစ်သဖြင့် အထူးတာဝန်ကြီးလေးသည့်ကိစ္စဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။