ခေတ်ကောင်းတုန်းပညာရှာ ခေတ်ပျက်တုန်း စီပွား ရှာ တဲ့။ ငယ်ငယ်ကကြားဖူးတဲ့ စကား။ ယခုကော. ……
ခေတ်ပျက်ကြီးမှတကယ့်ခေတ်ပျက်ကြီး။ ခေတ်ပျက်တဲ့အထဲ အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးခံနေရတဲ့အရှေ့တောင်အာရှတိုက် ရဲ့အရှိန် အဟုန်ပြင်းပြင်းနဲ့ တိုးတက်နေတဲ့စီးပွားရေး။ ထို အထဲ စာရိတ္တလည်း မွဲ၊ ပညာလည်းမွဲ၊ အရင်းအနှီး လည်းမွဲ၊ အီသီယိုပီးယီးယားနဲ့ နံပါတ်တူ နီးပါ မြန်မာနိုင်ငံ။
ဒီနိုင်ငံမှာ နှစ်ပေါင်း၆၀ လောက်အာဏာရှင် စနစ် ကထွန်းကားခဲ့တော့ လူတိုင်းနီးပါး တို့ရဲ့ရိုး တွင်းခြင် ဆီထဲမှာ ဘယ်နည်းနဲ့ရရ ဆိုတဲ့ သူခိုးစိတ်က စွဲနေ ခဲ့ပြီ။ မိမိရဲ့လုပ်ရပ်ကို တရားသည် မတရားသည်၊ လုပ်သင့်မလုပ်သင့် မစဉ်းစား ကြတော့ပဲ မြတ်ရင်၊ ရရင်ပြီးရော့ဆိုတဲ့ အဓမ္မ၀ါဒတွေနဲ့ ထမင်းရှာစားခဲ့ကြ တယ်။ ၉၀ ရာခိုင်းနုန်းလောက်သော ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားတွေပါလို့ ပြောဖို့တောင် ရှက်ဖွယ် လိလိဖြစ်နေရတယ်။
အသိဉာဏ်တုံး လူညွန့်တုံး၊ ပေးတာယူ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ ။ အမိန့်မပေး ရင် ဘာမှမလုပ်။အထက်ကအမိန့်ပေးရင် မစင်ပုံ မှောက်လျှက် ဒိုက်ထိုးတဲ့ ခေတ်ဆိုး
ခတ်ယုတ်ကို ဖြတ်သန်းခဲ့ရတာ ကြောင့် မြန်မာနိုင်ငံသားတွေ သူတပါး ကျွန်ဖြစ်နေခဲ့ ကြရတာ။
၁၈ ရာစုမှာ လက်နက်အင်အားကြီးမားတဲ့ နိုင်ငံက အားအားချိနဲတဲ့နိုင်ငံတွေ ကို သိမ်းပိုက်ပြီး ကျွန်ပြုတယ်။ ၁၉ ရာစုနဲ့ ၂၀ ရာစုကိုရောက်လာတော့ ပေါ်လစီ
ကောင်းတဲ့ တိုင်းပြည်က ချမ်းသာတိုးတက်လာတယ်။ ၁၉၅၀ ၀န်ကျင်တုန်းက မဲဆောက်က ထိုင်းလူမျိုးတွေ ကားကိုမမြင်ဖူးလို့ မြ၀တီဘက်က ကားကို လှမ်းကြည့် ခဲ့ကြရတယ်။ ခုတော့ နိုင်ငံကို လာသိမ်းစရာမလိုပဲ မြန်မာနိုင်ငံသားတွေ သုံးသန်း
ကျော်လောက် ထိုင်းကိုလာပြီးတော့ ကျွန်ခံရတဲ့အဆင့်ဖြစ်သွားခဲ့တယ်။
၁၉၉၅ နောက်ပိုင်းလောက်မှာထိုင်းအစိုးရ ဟာ မြန်မာရွှေ့ပြောင်း အလုပ် သမားတွေ ကို တရား ၀င်နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)လုပ်ပေးခဲ့ တယ်။ ဒီအ ကျိုးအမြတ်ကို သိရှိလာခဲ့တဲ့ ထိုင်းအစိုးရ ဟာ ၂၀၀၀ ပြည်လွန်နှစ်တွေရောက်တော့ ယာယီ ပတ်စပို့နဲ့ အလုပ်လုပ်ကိုင်ခွင့် work permit ဆိုပြီး ယခင် (ဘတ်)ထက် ကုန်ကျငွေ၂ဆမှ ၄လအထိ အကုန်အကျများတဲ့ လုပ်ငန်းစဉ်ကို မြန်မာအစိုးရ နဲ့  ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။
၂၀၀၅-၂၀၀၆ လောက်ကစပြီးတော့ နှစ်နိုင်ငံ အစိုးရ နားလည်မှုစာချွန်လွှာMOU ကို အင်တိုက်အားတိုက် လုပ်ကိုင်လာခဲ့ကြတယ်။ အဲဒီမှာ တရားမ၀င် လူပွဲစားတွေ၊ လူကုန်ကူးသူတွေ အကုန်လုံးဟာထိုင်းနဲ့ မြန်မာအာဏာတွေပိုင်တွေနဲ့ ပေါင်းပြီးတော့ တရားဝင်လူကုန်ကူးတော့တာပါပဲ။
တရားမ၀င်လူကုန်ကူးခံထားရသူကို ကျနော်တို့က ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့ ကယ်ထုတ်လို့ ချေမှုန်းလို့ရပါတယ်။ MOUနဲ့တရားဝင်လူကုန်ကူးထားတာကျ တော့ အဲဒီလိုလုပ်လို့မရတော့ဘူး။ G to G လို့ခေါ်တဲ့ အစိုးရအချင်းချင်း လုပ်ထားတာဖြစ်တယ်ဆိုတဲ့အကာ အကွယ်ကိုယူပြီး တရားဝင်လူကုန်ကူးသူတွေဟာ စီးပွားရေး သောင်းကျန်းကြတော့တာပဲ။
တရားဝင်လူကုန်ကူးခွင့် MOU လိုင်စင်ယူထားကြသူတွေဟာ ထိုင်းနဲ့ မြန်မာ အစိုးရ တို့ဘက်ကအလုပ်သမားနဲ့ ပတ်သက်တဲ့ လုပ်ကိုင်ခွင့်အပြည့်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ဥပဒေကိုလက်တစ်လုံးခြား မဟုတ်ပဲ တောင်တစ်လုံးခြား လုပ်ကိုင် လာကြတာကို တွေ့မြင်လာရပါတယ်။
မြန်မာအလုပ်သမားရေးအရာရှိ၊ ထိုင်းအလုပ်သမားရေးအရာရှိနဲ့ MOU ကုမ္ပဏီပိုင်ရှင်တွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့နဲ့  အခြားနေရာတွေမှာစာချုပ် ပါ စည်းကမ်း အတိုင်းမဟုတ်ပဲ ဘတ်ငွေ နှစ်သောင်း ကျော်ဖြတ်ခံနေရသူတွေ၊ အချိန်ပို လုပ်ပေးနေရတာတွေ၊ ငြမ်းစင်ပေါ်ကပြုတ်ကျလို့ လက်ကျိုးခြေကျိုးတွေ၊သေသွား သူ
တွေ၊ မျက်လုံးကမ်းသွားသူတွေ၊ လက်ပြတ် ခြေပြတ်တွေ တစ်ပုံကြီးရှိတာကို ခုထိ တစ်ခုမှ ဖြေရှင်းပေးတာမရှိဘူး။
မြန်မာအစိုးရက MOU ကုမ္ပဏီတွေကို အလုပ်သမား တစ်ယောက်အတွက် ကျပ်ငွေ တစ်သိန်းထက်ပိုမယူရလို့ သတ်မှတ်ထားသလို၊ ထိုင်းအစိုးရကလည်း ဘတ်ငွေ တစ်သောင်းထက် အပိုမယူရလို့ တရားဝင် စည်းကမ်းသတ်မှတ် ထားပြီးဖြစ် ပါတယ်။ ထိုင်းနိုင်ငံအတွင်းကို တစ်သိန်းထက်မနည်းရောက်နေရှိနေကြပြီးဖြစ်တဲ့ MOU အလုပ်သမားတိုင်းကိုမေးကြည့်ပါ။ ဘယ်လောက်ပေးရသလဲဆိုတာ သိပါ လိမ့်မယ်။
ဘယ်လောက်အထိ အတင့်ရဲလာကြသလဲဆိုရင် ဒီမန်းလို့ခေါ်တဲ့ အလုပ် သမားခေါ်စာအတု၊ကျောက်လုံးကြီးမှာ စာချုပ်မှာလက်မှတ်ထိုးစရာမလို၊ကုန်ကုန်ပြော လိုက်မယ်။ လက်မှတ်ထိုးစရာမလိုပဲ MOU ပတ်စပို့တွေ ရာချီပြီး လုပ်လို့ရတဲ့ အဆင့် အထိ ဖြစ်လာတာကတော့ အလွန်စိတ်ပျက်ဖွယ်ရာဖြစ်ပါတယ်။ နိုင်ငံကူး လက်မှတ် ဆိုတာက ဒီလောက်အထိ ပစ္စလက်ခတ်ဖြစ်သွားသင့်သလား?။ နိုင်ငံတော်အဆင့်
စာအုပ်စာတမ်းက ဒီလောက်အထိ စီးပွားရေး သောင်းကျန်းခွင့်ပြုထားပြီးလား။
ကျနော်တို့ MAT အဖွဲ့သားတွေဟာ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်တော့ ထိုင်းလုပ်ငန်းရှင်တွေနဲ့ ပွဲစားတွေက ပစ်သတ်ချင်ကြတယ်။ တရားဝင်လူကုန်ကူးနေ ကြတဲ့ MOU ကိစ္စတွေကို သွားကူညီတော့ လည်း “MAT၀င်ရှုတ်တယ်” ဆိုပြီး မြန်မာနဲ့ ထိုင်း အလုပ်သမားအရာရှိတွေက စိတ်ဆိုးကြပြန်တယ်။
မြန်မာအစိုးရ ကိုယ်တိုင်က မတရားခံနေရတဲ့ရွှေ့ပြောင်းအလုပ် သမားတွေအ တွက် ထိထိရောက်ရောက် မာမာဆာဆာ အကာအကွယ်မပေးနိုင် သရွေ့တော့
မြန်မာအလုပ်သမားတွေအတွက် လုံခြုံစိတ်ချရတဲ့ လူ သားအဖြစ်ကို ရရှိဖို့ မလွယ်ပါ။ ၀ယ်ထားတဲ့ ခိုင်းနွားတစ်ကောင်ထက် ဆိုးဝါးနေမှာပါ။
ကျနော်တို့ကို တရားဝင်လူကုန်ကူးနေတဲ့MOU ကုမ္ပဏီတွေကော တရားမ၀င် လူကုန်ကူးသူတွေပါ “သတ်ပစ်ချင်အောင် မုန်းတီးစေနိုင်တဲ့လုပ်ငန်းကို ကျွန်ုတို့ ဘာကြောင့်လုပ်ကိုင်နေကြ သလဲ”၊ ငွေအား၊ အာဏာအားကြီးတဲ့ လူကုန်ကူးသူတွေ မတရား လုပ်ထားကြ တာတွေကို၊ ဘာကြောင့် ဖေါ်ထုတ်အရေးယူနေကြသလဲ ။ ကျောက်နံရံကို ခေါင်းနဲ့သွားဆောင့်သလိုဖြစ်နေသလား?။
ရုံးကိုစုံစမ်း၊ လူနေရာကိုစုံစမ်းပြီး ပစ်သတ်ဖို့ကြံစည်ခံခဲ့ရတာကိုတောင် ဘာကြောင့် ကျနော်တို့ဆက်လက်လုပ်ဆောင်ချင်ရတာလဲ? အန္တရာယ်များပြီး အကာ အကွယ်လည်းမရှိ၊ လစာလည်းမရှိပဲ ကျနော်တို့ MAT အဖွဲ့သားတွေ၊ ဘယ်လောက် ကြာကြာများ လုပ်နိုင်မလဲ? လို့ လူကုန်ကူးသူတွေက စောင့်ကြည့်နေမှာတော့ အမှန်ပဲ ။ ။
ကျော်သောင်း