29 March 2013

“ပတ်စပို့စာအုပ်ကိုပြန်ပေးဆွဲ”

                                        ၂၀၁၃ မတ်လ၂၉
မြတ်ညို(အလွတ်သတင်းထောက်)

                  ဘန်ကောက်မြို့ဖက်ကဆင် ၉၅ လမ်း စွယ်ဖစ္စဖစ် အပြာတိုက်တွင်နေထိုင်သည့်  အလုပ်သမားတစ်ဦး ကမိမိ၏ ပတ်စပို့ စာအုပ် အား ပြန်ပေးဆွဲခံထားရကြောင်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုသန်းဇေါ်ဌေး ညဆိုင်းအလုပ်လုပ် သဖြင့်   နေလည် ဘက် အိပ်မောကျနေစဉ် ပိုက်ဆံအိပ်၊ လက်ကိုင်ဖုန်းနှင့် ပတ်စပို့တို့ ခိုးယူခံခဲ့ရသည်။

ကိုသန်းဇေါ်ဌေးက “ကျနော်တို့နေတဲ့ နေရာနားမှာ ကုန်စုံဆိုင် ရောင်းတဲ့ထိုင်း လူမျိုး ရှိတယ်လေ။ သူက ဒီနေ့ မနက်က မေး တယ်။ မင်း ပတ်စပို့ပျောက်သွားတယ်မနား၊ ပိုက်ဆံသုံးထောင် ပေးခဲ့၊နောက်နေ့ ပတ်စပို့လာယူတဲ့။ ကျနော်တို့ အခြေအနေက ဒီလိုဗျ" ဟုပြောသည်။

အုန်းနွဲ့ အလုပ်သမားစာကြည့်တိုက်မှ ကိုတင့်က “ဒီလိုဖြစ်တာ ဒီတစ်ယောက်ပါဆိုရင် ၈ ယောက်ရှိပြီ၊ပတ်စပို့ ကိုခိုးတယ်၊ နှိုက်တယ်၊ ဘတ် ၃၀၀၀ ပေးမှ  ပတ်စပို့စာ အုပ် ကိုပြန်ပေးတယ်၊ ထိထိရောက်အရေးမယူနိုင်ရင် ဒီထက် ပိုဆိုးဖို့ရှိတယ်” ဟုပြော သည်။


 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ကလည်း ရာဇ၀တ်မှုဖြစ်နေသဖြင့် ကူညီပေးနိုင်မည့် ထိုင်းအင်ဂျီအို အဖွဲ့အစည်းကြီးများနှင့် မြန်မာသံရုံးတို့သို့ အသိပေး အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။