14 March 2013

“MOU နဲ့ လာသည့်အလုပ်သမားများ ထိုင်းမှာ ဒုက္ခရောက်နေ”




၂၀၁၃ မတ်လ ၁၃ ရက်
    မင်းဘခက်
                   ထိုင်းနိုင်ငံအတွင်းသို့သိန်းနှင့်ချီ၍ ရောက် ရှိနေကြ သည့်အလုပ်သမားအမြောက်အများဒုက္ခရောက်နေ  ကြကြောင်း အလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ထန်မကာ မြို့နယ်၊ ပထန်းရပ်ကွက် တွင် ရှိသော Thai Foods Group Co.ltd ကြက်သား အလုပ်ရုံတွင် MOU ဖြင့်  မြန်မာအလုပ်သမား ၉၀၀ ခန့် မှာ မြန်မာဘက်မှ မည်သည့် ကုမ္ပဏီက တင်ပို့သည်ကို အလုပ်သမားများ မသိရှိ ကြ ပဲ မဲဆောက်မြို့မှ အဘိုင်ကြီး ဆိုသည့် ပွဲစား တင်ပို့ လိုက်သည်ဟုသာ ဆိုကြသည်။ ထိုအလုပ်သမားများအထဲမှ ပဲခူးတိုင်း ညောင်လေးပင်မြို့မှ အသက် ၂၀ အရွယ် မနီလာထွန်း သည် အဆိုပါ အလုပ်ရုံတွင် ၁ နှစ်တိတိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
                သူမတွင် ကိုယ်ဝန်သုံးလရှိလာသဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟုဆို သည်။ သူမက“သမီး တို့ စာအုပ်ဖိုးအတွက် ဘတ်ငွေ ၁၃၀၀၀ ပေးချေပြီးဖြစ်ပါတယ်။ သမီးတို့ကို အလုပ်ထွက်စာ ပေးပါ ဆိုလည်း မပေးဘူး။ သမီး ၁ နှစ်တိတိ အလုပ်လုပ် လာ ခဲ့ပြီးပြီး သူတို့ထုတ်ချင်းတိုင်းထုတ်လို့ရသလား”ဟုပြောသည်။
      သူတို့ ဇနီးမောင်နှံအခြားနေရာတစ်ခုခုတွင် အလုပ်ဆက်လက်လုပ်ကိုင် ခွင့်ရရှိရေး အတွက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် မြန်မာ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့က စီစဉ်ဆောင်ရွက်လျှက်ရှိသည်။
၂၀၁၃ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာဘက်က ဆွေဆွေစံကုမ္ပဏီနှင့် 
ထိုင်းဘက်မှ  PP Group shkhon ဆိုသည့်ကုမ္ပဏီတို့ စာချုပ်ချုပ် ဆိုပြီး   ဖေဖေါ်ဝါရီလ၂၇ ရက်နေ့တွင် အလုပ်သမား ၅၅ဦး ကိုထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ 
သည်။ အထဲမှ အလုပ်သမား ၂၉ဦးတို့မှာ  တာ့ခ်ခရိုင်၊ ဘူထောင်လမ်းမ၊ စံစိမာလမ်းခွဲ၊ မူဘန်း စံမူကျေးရွာ အနီး ကြံခင်း ထဲသို့ ရောက်ရှိခဲ့ပါသည်။

 မြ၀တီမြို့ကျောက်လုံးကြီး စခန်းတွင် စာချုပ်ချုပ်ဆိုစဉ်က တစ်နေ့လုပ်အားခ ဘတ်ငွေ ၃၀၀ စီရမည်ဟု ပါရှိခဲ့သော်လည်း ကြံခင်းသို့ရောက်ရှိသည့်အခါ တစ်နေ့ကုန်ကြံခုတ်မှ ဘတ်ငွေ ၇၀ သာရရှိကြောင်း အလုပ်သမားများက ပြောသည်။ မတ်လ ၁၁ ရက်နေ့တွင် မိမိတို့၏ အခက်အခဲများအား တင်ပြကြသည့်
 မစမ်းစမ်းမြင့်၊ ရန်ရှင်း၊ ဇေါ်မင်းနိုင်၊အောင်ကြည်မင်းတို့ ၄ဦးအား ဦးဆောင်ပြောဆိုသည်ဟု ဆိုကာ ကြံခင်းပိုင်ရှင်က မဲဆောက်တံတားထိပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ပတ်စပို့စာအုပ်များကို ကြံခင်းပိုင်ရှင် သိမ်းယူထားလိုက်ပါသည်။
ကိုရန်ရှင်း က ကျနော် ဆွေဆွေစံ ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်မြင့်  ကို  ဖုန်းဆက်ပါတယ်။ မင်းတို့ သတ္တိရှိရင် ရုံးကိုလာခဲ့လို့ လူမိုက်စကားပြောပြီး ဖုန်းချသွားပါတယ်” ဟုပြောသည်။အလုပ်သမားတစ်ဦးစီ ကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်း နှစ်သောင်းစီ ပေးသွင်းခဲ့ရကြောင်းလည်း အလုပ်သမား
များက ပြော သည်။
           ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ တွင်  (မ၆ဦး ကျား ၂၇ ဦး) ပေါင်း ၃၃ ဦးတို့သည် မြ၀တီမြို့ ကျောက်လုံးကြီးတွင် မြန်မာ ကုမဏီ   ထူးသစ်ဇေ နှင့် ထိုင်းဘက်မှ CP Sea food ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ယခု ရောက်ရှိနေသည့် နေရာမှာ မဟာချိုင် နေ၀စ် စွယ်မမ လမ်း လုံပီအာ ပထစ်ဝ အလုပ်ရုံ ထိုင်းယူနီယံအအေးခန်း တွင် အလုပ်လုပ်နေကြရသည်။ (စာချုပ်ချုပ်လာသည့် ကုမ္ပဏီနှင့် အလုပ် လုပ်နေရသည့် ကုမ္ပဏီမတူ) တစ်နေ့ ကိုဘတ် ၃၀၀ ဖြင့်စာချုပ်ချုပ်လာသော် လည်း ကီလိုစား ပုဇွန်အခွံ ခွာရသဖြင့် တစ်နေ့ ဘတ် ငွေ ၃၀ နှင့် ၄၀ သာရ ရှိသည်။  နံနက် ၅နာရီမှစတင် လုပ်ကိုင်ရပြီးညနေ ၂နာရီထိ နေ့ လည် ထမင်းစားချိန် နာရီ ၀က်ပေး ပါသည်။
          အလုပ်သမား ကိုမျိုးဝေလွင် က  “ကုမ္ပဏီက  ဦးအေးမင်း ကိုကျနော်တို့ ဖုန်းဆက်ပါတယ်။ လာရှင်း
ပေးမယ်ပြောပြီး ခုထိရောက်မလာပါဘူး။ မြန်မာသံရုံးကိုဖုန်းဆက်တော့ကူညီမယ်လို့တော့ပြောတယ်။ ကျနော်တို့ စောစောထပြီး တစ်နေကုန်လုပ်တာ ဘတ် သုံးလေးဆယ်သာရတော့ စိတ်ဓါတ်ကျနေကြတယ်။
မြ၀တီဘက်က စာချုပ်ချုပ်ပေးလိုက်တဲ့ SB နဲ့ အလုပ်သမားအရာရှိတို့ကို ဖုန်းဆက်တော့လည်း ဘာမှ မထူး
ဘူး။ ခုဟာက ကျနော်တို့ကို မြန်မာအစိုးရ အာဏာပိုင်တွေက ရောင်းစားလိုက်သလိုဖြစ်နေတယ်” ဟုပြော
သည်။
အလုပ်သမားတစ်ဦးစီ အနည်းဆုံး ကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအထိ ကုမ္ပဏီသို့ ပေးချေခဲ့ရကြောင်း အလုပ်သမားများကပြောသည်။
        ယခုပြဿနာများကို မြန်မာအလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း ထံသို့ MAT အဖွဲ့က အချက် အလက် အပြည့်အစုံဖြင့် တင်ပြအကူ ညီေ တာင်း ခံထားကြောင်း သိရှိရသည်။
         ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က“MOU ပြဿနာ    တွေနေ့တိုင်းတက်နေတယ်။ ကြက်သားအလုပ်ရုံ၊ V&K နာနတ်သီး စက်ရုံတွေ၊ မော်တော်ကားအလုပ်ရုံ ကြီးတွေမှာ အခက်ကြုံနေရတဲ့ MOU အလုပ် သမားတွေ အများကြီး ဖြစ်နေပါတယ်။ G to G အစိုးရ  အချင်း ချင်းဆိုတဲ့စကားရပ် တစ်ခုက ကာ ဆီးနေ  တော့ကျနော်တို့ အလုပ်သမားအရေးဆောင်ရွက်တဲ့ သူတွေ အနေနဲ့ အတော့်ကို လုပ်ရ ကိုင်ရ ခက်ခဲပါတယ်။ မြန်မာအလုပ်သမားအရာရှိတွေက ထိုင်းအလုပ်သမားဝန်ကြီးဌာန ပုံစံလိုက်ပြီး ပြဿနာ တစ်ခုခုဖြစ်လာရင်နယ်စပ်ပြန်ပို့ ဖို့ပဲတိုက်တွန်းတယ်။ မြန်မာအလုပ်သမားတစ်ယောက် နယ်စပ်ကို ပြန် ရောက်သွား တာ လူကုန်ကူးမှုဖြစ်ဖို့အတွက် သေချာသွားပါတယ်။ 

ထိုင်းနိုင်ငံအတွင်း မှာ ဘယ်လိုအကောင်း ဆုံး ဖြေရှင်းမလဲ ဆိုတဲ့ ပုံစံမျိုး စဉ်းစားတာ မတွေ့ ရသေး တာ ကိုတော့ ကျနော် အားမရဘူး”ဟုပြောသည်။
             ထိုင်းနှင့် မြန်မာ  နှစ်နိုင်ငံအစိုးရတို့ သဘောတူညီချက်ဖြင့် အလုပ်သမား တင်သွင်းသည့် MOUကာလမှာ ၂နှစ်ကျော်လာခဲ့ပြီးဖြစ်သော်လည်း အလုပ်ရှင်နှင့် အလုပ်သမား စာချုပ်ပြီးဆုံးသည်အထိ ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နေခဲ့သည့် လုပ်သားကောင်းများအတွက် ထပ်မံအလုပ်လုပ်ကိုင်ခွင့် နှင့်လွတ်လပ်သည့် တရားဝင် အလုပ်သမားဖြစ်ခွင့်အတွက် ယနေ့တိုင် တစ်စုံတစ်ခု ကြေညာခြင်းမရှိသေးပေ။ MOU ဖြင့် ထိုင်းနိုင်ငံအတွင်း သို့လာရောက် အလုပ်လုပ်ကိုင်ကြမည့်  အလုပ်သမား များ အား ကျပ်ငွေတစ်သိန်းထက်ပို၍ ကောက်ခံခြင်း မပြုရဟု မြန်မာအစိုးရက တရား ၀င်ကြေ ညာထားသော်လည်း မလိုက်နာသည့် ကုမ္ပဏီများကို မူ မြန်မာအစိုးရက ယနေ့အထိ အရေးယူမှုတစ်စုံတရာမရှိသေးပေ။