05 March 2013

“အလုပ်သမားအရေးဆောင်ရွက်သူ၂ဦးအားထိုင်းရဲက ၄၅မိနစ်နေပူလှမ်း”

                      
၂၀၁၃ မတ်လ၄၊ မြတ်ညို(အလွတ်သတင်းထောက်)
          ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှ မြန် မာပြည်သားရေးပူးတွဲလှုပ်ရှားမှု
ကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့် ကိုဇေါ်လေး ဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေး တံတား ထိပ်တွင် ၄၅ မိနစ်ကြာ နေပူလှမ်း ခံခဲ့ ရကြောင်း ကာယကံရှင် များက ပြော သည်။


  
မတ်လ ၁ ရက်နေ့က ၎င်းတို့ဟာ မဲဆောက်မြို့က အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ် အခေါ်- ချန်ပီယံ စက်ရုံ) မှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့၏  ယာယီပတ်စပို့လျှောက် ထားမည့် စာရွက် စာတမ်း များ ကိုယူဆောင်၍ မြန်မာသံရုံးကိုပို့ရန် မဲဆောက်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအနီးက One Stop Service ရုံးသို့ သွားကြစဉ် မဲဆောက်ရဲက စစ်ဆေးခဲ့သည်။


ဦးမိုးကြိုးတွင် လူမှာရော၊ စီးလာသည့် ဆိုင်ကယ်မှာပါ စာရွက်စာတမ်း အထောက် အထား အပြည့်အစုံ ရှိရုံမက ထိုင်းဥပဒေဆိုင်ရာ ရှေ့နေအထောက်အကူပြုကွန်ယက် (LLC) ကွန်ယက်အဖွဲ့ဝင် ကတ်ပြား လည်းပါသည်။

စစ်ဆေးသူ ထိုင်းရဲ ကို အင်္ဂလိပ်လို ရော၊ ထိုင်းလိုပါ ညှပ်ပြီးရှင်းပြသော်လည်း မွန်လွဲ (၂) နာရီမှ  (၂း၄၅) နာရီအထိ နေပူပူတွင် မတ်တပ်ရပ်နေစေခဲ့သည်။
ဦးမိုးကြိုး က“တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တယ်။ အဲဒီက ကျနော်တို့ ကိုဖမ်းထား တဲ့ပုလိပ် နဲ့ စကားပြောတော့မှ လွှတ်ပေးပါတယ်၊ အဲဒီ ၄၅ မိနစ်ရပ်ခိုင်းထားချိန်မှာ ထိုင်းရဲ ၆ ဦးရဲ့ ယာယီပတ်စ်ပို့လျှောက်ထားဆဲ (ပြေစာဖြတ်ပိုင်း)တွေကိုပြ တဲ့ မြန်မာ အလုပ် သမား အချို့နဲ့အငှားဆိုင်ကယ်စီးလာတဲ့ မြန်မာအလုပ်သမား အချို့ဆီကနေ ပိုက်ဆံတောင်းတယ်။”ဟုပြောသည်။

အင်ဂျီအိုများနှင့် ထိုင်းသမဂ္ဂများသို့ တင်ပြနိုင်ရန် ရိုက်ကူးထားသည့် ဓါတ်ပုံများကို မဲဆောက်ပုလိပ်များကဖျက်ဆီးလိုက်ကြောင်း ဦးမိုးကြိုး ကပြောသည်။