16 May 2013

“တရွာတည်သားတွေကိုရခိုင်ပွဲစားတစ်ဦးရောင်းစားဟု လွတ်မြောက်လာသူ၎ဦးကပြောဆို”

     ၂၀၁၃    မေလ    ၁၅
ကိုတီး
    ငါးဖမ်းလှေပေါ်တွင် ၃ရက်သာအလုပ်လုပ်နိုင်ပြီး မခံနိုင်တော့သဖြင့်ပင်လယ်ပြင်မှ ၃နာ ရီကြာရေကူး ၍ထွက်ပြေးလွတ်မြောက် လာသည့် ရခိုင်အလုပ် သမား  ၄ဦးအား ပူးပေါင်းအဖွဲ့များက ခြုံဘူရီခရိုင်   ချောင်းစမေးစံလှေဆိပ်တွင် သွားရောက်  ခေါ်ယူ ခဲ့ကြကြောင်း သိရှိရသည်။


        လွတ်မြောက်လာခဲ့ကြသူများမှာ ရခိုင်ပြည်နယ်   ကျောက်တော်မြို့နယ်၊ အလှမဒီရွာမှ အသက်၁၇ နှစ်အရွယ် မောင်ထွန်းအေး၊ အသက်၂၀ အရွယ် ဘိုသန်း၊ အသက် ၂၈ နှစ်အရွယ် အောင်ဆန်းဝင်းနှင့် အသက်၃၅ နှစ်အရွယ် မောင်လှတင် တို့ဖြစ်ကြသည်။
ထိုသူတို့နှင့်အတူ တရွာတည်းသား လူငယ် ၂၄ ဦးတို့ ဧပြီလ ၃၁ ရက်နေ့တွင် ရွာမှထွက်ခွာလာခဲ့ကြသည်
ဟု ၎င်းတို့ကပြောသည်။
မောင်ထွန်းအေး က“ ကျနော်တို့ကို ခေါ်လာတဲ့ပွဲစား က မြတ်ကျော် လို့ခေါ်ပါတယ်။ ရွာမှာ တစ်ယောက်ကို
ကျပ်ငွေ တစ်သိန်းခွဲစီပေးခဲ့ကြရတယ်။ တစ်ယောက်ကို ကျပ်ငွေ ၆သိန်းဖိုးစီလုပ်ဆပ်ရမယ်လို့ပြောပါတယ်။
ငါးဖမ်းလှေမှာ တစ်ယောက်ကို ဘတ်ငွေ တစ်သောင်းငါးထောင်ငါးရာနဲ့ ရောင်းခဲ့ပါတယ်။ ပိုက်သူကြီးက
၆လလုပ်ဆပ်ရမယ်လို့ပြောပါတယ်။ ကျနော်တို့မလုပ်နိုင်ဘူး၊ လှိုင်းတွေမူးနေကြတယ်။ ပိုက်ဆရာက
ခြေထောက်နဲ့ကန်တယ်။ ကျနော်တို့လေးယောက် သေချင်လည်းသေဆိုပြီး သူတို့တွေ အိပ်နေတုန်း ကမ်း
ကိုရေးကူးလာတာပါ” ဟုပြောသည်။
                အလုပ်သမား ၄ဦးတို့သည် နံနက် ၄နာရီခန့်အချိန်တွင် ကမ်းသို့ကူးခတ်ရောက်ရှိလာပြီး ခြုံဘူရီ
ဆိပ်ကမ်းအနီးရှိ ကျောက်တောင် တစ်ခုပေါ်သို့ တက်လာခဲ့ကြသည်။ မိုးလင်းသည့်အခါ ဆာလောင်မွတ် သိပ်သဖြင့် တောင်အောက်သို့ဆင်လာပြီးအဆောက်အဦးတစ်ခုတွင်ရှိသောသင်္ဘော သီးကိုခူးစားပြီး ရေပိုက်
တွင်ရေများအား စုတ်သောက်နေကြစဉ် ထိုင်းအမျိုးသမီးကြီး တစ်ဦးရောက်ရှိလာပြီး စစ်တပ်ကို အကြောင်း ကြားခဲ့ပါသည်။ ထိုင်းစစ်တပ်မှ တစ်ဆင့် ချောင်းစမေးစံလှေဆိပ် ရွာသူကြီး ထံသို့ပို့ဆောင် ပေးခဲ့သည်။
ရွာသူကြီးက ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးစုံစမ်းရေးအဖွဲ့ DSI သို့ သတင်းပို့ခဲ့သည်။ DSI မှ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ သတင်းပို့ခဲ့သည်။ MAT အဖွဲ့မှလည်း မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့ထံသို့ ဆက်လက် သတင်းပေးပို့ခဲ့သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အလုပ်သမားတွေ အမြဲတမ်း လိုအပ်နေတယ်၊ လူကုန်ကူးမှုတွေ နေ့တိုင်း ဖြစ်နေတယ်။ ကျနော်တို့ ဘယ်လောက်ကယ်နိုင်မလဲ၊ခြုံဘူရီ ငါးဖမ်းလှေဆိပ်ကို ကျနော်တို့ ကားငှါးသွားရတဲ့စရိတ်က မနည်းဘူး၊ ပေးရတဲ့အချိန် တစ်နေကုန်ပဲ၊ အန္တရာယ်က လည်းရှိသေးတယ်။ ထိုင်းငါးဖမ်းလှေဆိပ်က လူကုန်ကူးမှုတွေကို လုံးဝရပ်တန့်အောင် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP,မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ တို့  က ထိုင်းအစိုးရနဲ့ပူးပေါင်းပြီးတော့ ထိထိရောက်ရောက် လျှင်မြန်မြန် လုပ်မှ ဖြစ်ပါမယ်။ မဟုတ်ရင် တော့ မြန်မာတွေဒီထက်ဆိုးဆိုးဝါးဝါး လူကုန်ကူးခံနေရအုံးမှာသေချာတယ်” ဟုပြောသည်။

             လူကုန်ကူးခံသူများ၏ အခြေအနေဆိုးများကို ကိုယ်တိုင်ကြုံတွေ့ဖူးသူများနှင့် လူကုန်ကူးမှုတိုက်
ဖျက်ရေးလုပ်ကိုင်ဆောင်ရွက်သူများ သိရှိကြသည်။ ထိုင်းငါးဖမ်းလုပ်ငန်းနှင့် ရေထွက်စားသောက်ကုန်
လုပ်ငန်းအတွင်း လူကုန်ကူးခံနေရသူများလွတ်မြောက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း နှင့် အစိုးရ တစ်ခုခုတို့ကစီမံကိန်းချမှတ်အကောင်အထည်ဖေါ်ရန်လိုအပ်ကြောင်းMATအဖွဲ့က
 ထောက်ပြ ပြောဆိုသည်။