08 May 2013

“လက်ပြတ်သွားသည့်အလုပ်သမား နစ်နာကြေးဘတ်သုံးသိန်းကျော်ရရှိ”

               ၂၀၁၄  မေလ .. ၈ ..  ရက်..  မင်းဘခက်        
               ဆိုင်ကယ် အပိုပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံတွင် မတော်တဆ လက်ကောက်ဝတ်မှ ပြတ်သွားခဲ့ရသည့် မြန်မာအလုပ်သမား တစ်ဦး   အား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATနှင့် ပူးပေါင်းဆောင် ရွက်သူများ ကူညီမှုဖြင့် ယမန်နေ့က နစ်နာကြေး ငွေများ ရရှိသွား ခဲ့ပြီးဖြစ်ကြောင်း သိရှိရ သည်။

ဘန်ကောက်မြို့ အယ်ကချိုင် ၆၆/၂ တွင် ရှိသော မော်တော်ဆိုင်ကယ် အပိုပစ္စည်း အလုပ်ရုံတစ်ခုတွင်  ၂၀၁၂ ခု နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ ဟိုပုန်းမြို့ နယ်၊ ကျောက် တန်း ရွာမှအသက် ၄၄ နှစ်အရွယ် ကိုမောင်လုံး ဆိုသူသည် လုပ်ငန်းခွင်မတော် တဆ ဖြစ် သဖြင့် ဘယ်ဘက် လက်ကောက်ဝတ် ပြတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။


               ဘန်ကောက်မြို့အခြေစိုက် MAT အဖွဲ့သို့ အကူညီတောင်းခံလာခဲ့သဖြင့်၊ ထိုင်းတောင်ပိုင်အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED မှ ရှေ့နေ အပြင်  မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ၏ ကူညီမှုတို့ဖြင့် ၅လနီးပါး အမှုရင်ဆိုင်ခဲ့ကြရသည်။

အစ ပထမတွင် လုပ်ငန်းရှင်က ဆေးဝါးကုသ ပေးပြီး အိမ်ပြန် စရိတ်အဖြစ် ဘတ်ငွေ သုံးသောင်းပေးချေပြီး သဘောတူကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု ကိုမောင်လုံးက ပြောသည်။သူက “ MAT အဖွဲ့က လူကြီးတွေက ပင်ပန်းခံပြီးတော့ အာမခံရုံးတွေ၊ ဘဏ်တွေ၊ အလုပ်သမားတရားရုံး
     တွေကို လိုက်ပေးခဲ့တယ်။ မိသားစုသဖွယ် နွေးနွေးထွေး ကျွေးမွေးတယ်။ သူတို့ ကူညီပေးလို့ ကျနော်နစ်နာကြေးရတာဖြစ်တယ်။ အမှန်က ကျနော် စုစုပေါင်း ဘတ် ခုနစ်သိန်းကျော်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်ကျနော့်ရွာမှာ ဇနီးဖြစ်သူမှာ ကလေးမွေး ထားတယ်ကြားတော့ ကျနော်လည်း သူတို့ကို စောင့်ရှောက်ဖို့ အမြန်ပြန်ချင်တယ်။ ဒါကြောင့် ဒီငွေလောက်ကို လက်ခံလိုက်တာဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်” ဟုပြောသည်။
              ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ကိုမောင်လုံး တွင် kaskorn Bank မှ  ဘတ်တစ်သိန်းနှစ်သောင်း၊ ဖေဖေါ်ဝါရီလတွင် အာမခံ(ပကာစာခွန်း)မှ ဘတ် ခုနစ်သောင်း နှင့် ယမန်နေ့က တစ်စုတခဲတည်းဘတ်ငွေနှစ်သိန်း ရရှိခဲ့ သဖြင့် ကိုမောင်လုံး စုစုပေါင်းနစ်နာကြေးရရှိသည့် ငွေမှာ ဘတ် သုံးသိန်းကိုးသောင်း ဖြစ်
ပါသည်။