07 May 2013

“လူကုန်ကူးခံခဲ့ရသူ ၅ဦးအား တစ်ဦးလျှင် ဘတ်ငွေ ၃၅၀၀ ပေးမှ နယ်စပ်ပို့မည်ဟုဆို”

          မေလ ၆  မြတ်ညို (အလွတ်သတင်းထောက်)

       ကတန်ငါးဖမ်းလှေဆိပ်တွင် ရလ နီးပါးရောင်း စားခံခဲ့ရသည့် မြန်မာအလုပ်သမားများအား ကယ် ထုတ်ပြီးနောက် စစ်ဆေးမေးမြန်း၊စုံစမ်းခြင်းတစ်စုံ  တစ် ရာ မပြုလုပ်ကြပဲ အချုပ်ခန်းထဲတွင် တစ်လ ကျော်ကြာမြင့်ခဲ့ပြီးနောက် နယ်စပ်သို့ ပြန်လည် ပို့ဆောင်ခအဖြစ် ရဲစခန်းမှ လက်ဗွေနှိပ်ပေးသည့် မြန်မာ ၀န်ထမ်းက တစ်ဦးလျှင် ဘတ်ငွေ ၃၅၀၀ စီ အတောင်းခံနေရကြောင်း ကာယကံရှင် အလုပ် သမားက ပြောသည်။
         ထိုင်းတောင်ပိုင်း မလေးနယ်စပ် စတွန်မြို့ DANLOK လ၀က အချုပ်ခန်း တွင် ရောက်ရှိနေသည့်
 ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ သာယာစု ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် ကိုနိုင်နှင့် ညီဖြစ် သူ အသက် ၂၁ နှစ်အရါယ် ဇေယျာ၊ စစ်တွေမြို့ ကျောင်းတလင်းရပ်ကွက် မှ အသက် ၃၃ နှစ် အရွယ် ကိုစိုးနိုင်၊ရန်ကုန်မြို့သာကေတမှ အသက် ၃၂ နှစ်အရွယ် ကိုအ၀င်း နှင့် ရန်ကုန်မြို့ အင်းစိန်မြို့မှ အသက် ၃၇ နှစ်အရွယ်ကိုဖြူ ဆိုသူတို့ဖြစ်ကြသည်။
ထိုသူတို့သည်               ထိုင်းနိုင်ငံတောင်ပိုင်း မလေးနယ်စပ်   တရံမြို့နယ်၊ ကတန်မြို့ ဖယ်ကိုကာ လှေဆိပ် တွင် လှေအမှတ် ၃၃ တွင် ၆လနှင့် ရက် ၂၀ ကြာအောင် ရောင်းစားခံခဲ့ရသူများဖြစ်ကြသည်။
၎င်းတို့ကို ၂၀၁၃ ခု မတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က DSI နှင့် ဆက်သွယ်ကာမြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း အကူညီဖြင့်  ကတန်ရဲများက သွားရောက် ကယ်ထုတ်ခဲ့သူများဖြစ်ကြပါသည်။
           အလုပ်သမား ၅ယောက်၏ အချုပ်ခန်းတွင်း ဆိုးဝါးမှုအခြေအနေကို ကိုနိုင်က “ ကျနော်တို့ကို
ဦးကျော်သောင်း တို့ ကယ်ထုတ်ပြီး ကတန်ရဲစခန်း အချုပ်ခန်းထဲမှာ နေရတယ်။ ဖုန်းအသိမ်းခံရတယ်။ မနက် ၁၁ နာရီမှာထမင်းလာပို့တယ်။ အဲဒီထမင်း ကို ညမနက်ခွဲစားရတယ်။ ဒီလောက် ပူပြင်းတဲ့ရာသီ
မှာ ထမင်းကို ညမနက်ခွဲစားရတော့ ၀မ်းတွေလျှောကြတယ်။ ဧပြီလ ကုန်တော့ ကျနော်တို့ ကို မလေးနယ်
စတွန်မြို့ DANLOK လ၀က အချုပ်ခန်းကို ပို့တယ်။ လက်ဗွေတွေ ဘာတွေနှိပ်ပေးတဲ့ အချုပ်ခန်းက မြန်မာဘာသာပြန် ကိုဇေါ်မင်း ကတစ်ယောက်ကို ဘတ် ၃၅၀၀ စီပေးမှ နယ်စပ်ကိုပြန်ပို့မယ်လို့ ပြောတယ်” ဟုပြောသည်။
        ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံများ အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ဒီအလုပ်သမားတွေရဲ့အခြေ
အနေကို ကျနော် စဉ်ဆက်မပြတ် စောင့်ကြည့် နေတယ်။ ကလေးတွေ ဟာ အချုပ်ခန်းကိုရောက်လာသမျှ လူတွေရဲ့ဖုန်းနဲ့ ဆက်သွယ်တယ်။ ကျနော် ဒီကလေးတွေဆီက ဓါတ်ပုံတွေ အသံဖိုင်တွေ သတင်းအချက် အလက်တွေကို မြန်မာအစိုးရလူကုန်ကူးမှုအဖွဲ့၊ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ထိုင်းအစိုးရလူ ကုန်ကူးမှုအထူးစုံစမ်းရေးအဖွဲ့ DSI တို့ကို သင်္ကြန်မတိုင်ခင်ရော ပြီးခဲ့တဲ့ လေးရက်လောက်ကပါ ကျနော် အီးမေးလည်းပို့တယ်၊ ဖုန်းလည်းဆက်ပြောတယ်။ ဒါပေမယ့် ဘာမှ အကြောင်း မထူးလာခဲ့ဘူး” ဟုပြော
သည်။
ဆက်လက်၍ ထိုင်းနိုင်ငံမှာ လူပွဲစားတွေ၊ အဓမ္မစေခိုင်းနေတဲ့ လုပ်ငန်းရှင်တွေ၊ ကျနော်တို့ လက်ပူးလက်
ကြပ်ဖမ်းမိတာတွေရှိပါတယ်။ ဒါပေမယ့် ဒီလူတွေကို အရေးယူမှုတွေ အားနည်းပြီးတော့ လူကုန်ကူးခံခဲ့ရတဲ့
မြန်မာအလုပ်သမားတွေမှာသာ ကျွန်တမျှ လုပ်ခဲ့ရတဲ့ လုပ်အားခတွေ မရဘူး။ လပေါင်းများစွာအချိန်ကုန်ပြီး
နယ်စပ်ကို ပြန်ပို့ခံရတာပဲ အဖတ်တင်တယ်။ ကြာတော့ ကျနော်တို့လည်း အန္တရာယ်များပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းကို တဖြည်းဖြည်း စိတ်ပျက်လာတယ်” ဟု ဦးကျော်သောင်းက ပြောသည်။