09 May 2013

“ထိုင်းရောက်ရွှေ့ပြောင်းကလေးတွေကိုင်ဆောင်ဖို့ပတ်စပို့ထုတ်ပေးတော့မယ်လို့ ညွှန်ကြားရေးမှူးဆို”

မေလ ၉ -- မြတ်ညို (အလွတ်သတင်းထောက်)                 ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ၁၈ နှစ်အောက် သားသမီးကလေးငယ်တို့အား ယနေ့မှစတင်၍ ပတ်စပို့ထုတ်ပေးရေးစခန်း ၁၁ ခုတို့တွင် စတင်ထုတ်ပေးဖို့  ညွန်ကြားထားပြီဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးမှူးက ပြောသည်။

     အပြာရောင်မြန်မာပတ်စပို့စာအုပ်ဖိုး ဘတ်ငွေ ၁၇၅ နှင့် ထိုင်းနိုင်ငံသို့ပြည်ဝင် ခွင့်ဗီဇာ ၂ နှစ်အတွက် ဘတ်ငွေ ၅၀၀ ပေးသွင်းရမည်ဖြစ်ဖြစ်သည်။ work permit လုပ်ရန်နှင့် သွေးစစ်ရန် မလိုအပ်ကြောင်း ဘန်ကောက် မြန်မာသံရုံးအခြေစိုက် မြန်မာ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်းကပြောသည်။


“ ဒီအလုပ်သမားတွေ ဟာ ထိုင်းဘက်မှာ တရားဝင် ကျောင်းတက်ခွင့်ရမှာဖြစ် သလို မြန်မာပြည်ဘက်ကိုသွားပြီးတော့ ပညာဆက်လက်သင်ကြားနိုင်မှာဖြစ်တယ်။

ဒီဘက်ကဖေါင်ဒေးရှင်း ကျောင်းတွေမှာ ပညာ သင်ပြီးတော့ မြန်မာပြည်ဘက်မှာ လည်းတရားဝင်ခွင့်ပြုတဲ့အတန်းပညာလည်းရမယ်။ နှစ်နိုင်ငံအစိုးရတွေ ဆီက တရားဝင်အခွင့်အရေးတွေရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။ယခုပြုလုပ်နေသော ပတ်စပို့လုပ်ငန်းစဉ်အတွင်း မြန်မာအလုပ်သမားပေါင်း  ၃သိန်းခန့် လျှောက်ထားပြီး ကလေးပတ်စပို့ ၃၀၀၀ခန့် လျှောက်လွှာတင်ထားကြောင်း သိရှိရသည်။