21 June 2013

“၁၅ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ် အား မိခင်ထံသို့ပို့ဆောင်”



             

၂၀၁၃ ဇွန် ၂၁   မင်းဘခက်
           ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၂၀ကျော်တွင်ရှိသော နကဆ၀န်မြို့ရှိ အိမ်တစ်အိမ် တွင်၁၀ကြာ အိမ်ဖေါ်အလုပ်ကို လုပ်ကိုင်နေခဲ့ရသည့် အသက် ၁၅ နှစ် အရွယ် မြန်မာကလေးအလုပ်သမငယ်တစ်ဦးအား ပူးပေါင်းအဖွဲ့ တို့က မေလ ၂၁ ရက်နေ့က  မိခင်ထံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။
           ဘန်ကောက်မြန်မာသံရုံးမှ မြန်မာအလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း ၏ကူညီမှု ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့  MAT နှင့်အတူ  ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး၁၃၀၀ အဖွဲ့တို့ ပူးပေါင်း ပို့ဆောင်ခဲ့ကြခြင်းဖြစ်သည်။


          အသက်၁၅ နှစ်အရွယ် မအေးချမ်းမေသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ အင်ကုန်း ကျေးရွာမှ အဖ ဦးကုလား(ကွယ်လွန် နှင့် ဒေါ်သောင်းသောင်း တို့၏ သမီးဖြစ်ပြီး လက်ရှိတွင် မအေးချမ်းမေ သည် သူမ၏ ကြီးတော်   အသက် ၅၅နှစ်အရွယ်ဒေါ်မြ၀င်း တို့နှင့် အတူ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ပရွာအနီးရှိ   တောင်ယာစိုက်ခင်းတွင် နေ့စားအလုပ်သမအဖြစ် လုပ်ကိုင်စားသောက်   နေရသူဖြစ် သည်။
 
          တနေ့တခြားကျပ်တည်းလာသဖြင့် ထိုင်းနိုင်ငံ နကဆ၀န်မြို့ ထမင်းဆိုင် တစ်ခုတွင် အလုပ် လုပ်နေသော အစ်မဖြစ်သူ၏ သမီး မချိုမာစမ်း အား ဆက်သွယ်လျှက် မအေးချမ်းမေ ကိုတင်ပို့ ခဲ့ခြင်းဖြစ်သည်။
     သို့ဖြစ်၍ မချိုမာစမ်းတို့ ဇနီးမောင်နှံတို့က ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံလာခဲ့ပါ သည်။ MATအဖွဲ့ ကလည်း ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD,မြန်မာအလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့်ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့သို့ အကြောင်းကြားညှိနှိုင်းခဲ့သည်။
                      မအေးချမ်းမေ အား ကယ်ထုတ်ရန်အတွက် MAT အဖွဲ့သည် မေလ ၁၆ ရက်နေ့ညနေတွင် ဘန်ကောက်မြို့ မောက်ဘက် ကီလိုမီတာ ၂၂၀ ကျော်တွင်ရှိသော နကဆ၀န် သို့ သွားရောက်ခဲ့ ကြသည်။ နကဆ၀န်တွင် နေရာများအား စုံစမ်းပြီး တစ်ည အိပ်ကာ မေလ ၁၇ ရက်မွန်းလွဲ ၂နာရီခန့်၌ မအေးချမ်းအား အလုပ်လုပ်နေသည့်အိမ်မှသေခံ လူကုန်ကူးမှုရဲတပ်ဖွဲ့နှင့်   ခေါ်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။ မအေးချမ်းမေ အစ်မ တို့က အမှုမဖွင့်လိုကြောင်း ပြောဆိုသဖြင့် ကလေးလုပ်အား ဘတ်ငွေ တစ်သောင်းကို အိမ်ရှင်ကပေးချေပါသည်။ 
             မေလ ၁၈ ရက်နေ့တွင် မအေးချမ်းမေ အား ကယ်ထုတ်ခဲ့ပြီး နကဆ၀န် ရှိ Chum Saeng တွင်ရှိသော ကလေးနှင့် မိသားစုပြုစု ပျိုးထောင် ရေး စခန်း တွင် အပ်နှံခဲရသည်။ မေလ ၂၁ ရက်နေ့တွင် မအေးချမ်းမေ အား မိခင်ထံသို့ ပူးပေါင်းအဖွဲ့တို့က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
            MATအဖွဲ့သည်၂၀၁၂ခုနှစ်တွင်လူကုန်ကူးမှု ၁၉ကြိမ် ဆောင်ရွက်စဉ်အတွင်း ရောင်းစားခံထားရ
သည့်မြန်မာအလုပ်သမား ၂၉၂ ဦးအားကယ်တင်နိုင်ခဲ့သည်။ ယခု၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှယခု ကူညီမှု အထိ စုစုပေါင်း လူကုန်ကူးမှု ၂၂ကြိမ်ဆောင်ရွက်စဉ်အတွင်း လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားေ ပါင်း  ၁၁၀ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း MAT အဖွဲ့ မှတ်တမ်းအရ သိရှိရသည်။