23 June 2013

ငါဖမ်းလှေသို့ရောင်းစားဆဲ မြန်မာ ၁၀ ဦးအား ကယ်ထုတ်




ဇွန် ၂၃
ကိုတီး
 ထိုင်းနိုင်ငံတောင်ပိုင်း မလေးနယ်စပ် တရံပြည်နယ် ကတန်မြို့ ဖက်ကျော်စင်ငါးဖမ်းလှေဆိပ်တွင်ရောင်း စားခံနေရသည့် မြန်မာအလုပ်သမား ၁၀ ဦးအား ပူးပေါင်းအဖွဲ့တို့က အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း
သိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFEDမှ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT သို့ ကတန်ငါးဖမ်းလှေဆိပ်တွင် လူငယ်၆ဦးရောင်းစားခံနေရကြောင်း ဖုန်းနံပါတ် တစ်လုံး ရေးသားလျှက် အီးမေးပို့၍ အကူညီ တောင်းခံလာခဲ့ပါသည်။
            MAT အဖွဲ့က ပေးလာသည့်ဖုန်းအား ဆက်သွယ်ကြည့်ရာပဲခူးတိုင်း ပြွန်တံဆာမြို့နယ်၊ အေးရွာ မှ အသက် ၁၈ နှစ်အရွယ်  မောင်သက်လင်းထွန်း ဆိုသည့် လူငယ်ဖြင့် အဆက်အသွယ်ရရှိခဲ့ပြီး အချက် အလက်များကို စုဆောင်းခဲ့ကြသည်။
    ဇွန်လ ၂၀ ရက်နေ့တွင် ပူးပေါင်း ဆောင်ရွက်နေကျ ထိုင်းအာဏာပိုင်းများဘက်မှအဆင်သင့်မဖြစ်သဖြင့်
မောင်သက်လွင်းထွန်း နှင့် အရှည်ကြီး(ခ) တင်မောင်ထွန်း အသက် ၄၀နှစ်ပဲခူးတိုင်း တိုင်းပြွန်တံဆာမြို့နယ်၊ ချောင်းအင်းရွာ၊ တို့ ၂ဦး လှေအမှတ် ၁၈ဖြင့် ပင်လယ်ထဲသို့ လိုက်ပါသွားခဲ့ကြကြောင်း စိတ်မကောင်းဖွယ်သိရှိခဲ့ရသည်။
         ထိုသို့အခြေအနေဆိုးများ ပေါ်ပေါက်နေ၍ အဆိုပါ ငါးဖမ်းလှေဆိပ်သို့ မသွားရောက်နိုင်ပါက ထပ်မံ ရောင်းစားခံရမည်ကို MAT က သိရှိသဖြင့် ဘန်ကောက်မြန်မာသံရုံးမှ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးထောက်လှမ်းရေးအဖွဲ့ DSI တို့ကို 
နှင့် ညှိနှိုင်းလျှက် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၀၀ ကျော်အကွာတွင်ရှိသော အဆိုပါငါးဖမ်း လှေဆိပ်သို့ လေကြောင်းလိုင်းဖြင့် အမြန်သွားရောက်ခဲ့ရသည်။
  မူလ အကူညီတောင်းခံထားသည့် သက်လင်းထွန်း ကို မရရှိနိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ် တောင်ကုတ်
မြို့နယ် ကျောက်ဆိပ်တောင်အုပ်စု ရွှေပြည်ရွာမှ ၄ဦး ရန်ကုန်မှ ၂ဦးနှင့် ပဲခူးတိုင်းမှ ၄ဦး စုစုပေါင်း ၁၀ ဦးတို့ကို ပွဲစား ၏အခန်းတွင် ပိတ်လှောင်ထားရာမှ ကယ်ထုတ်နိုင်ခဲ့ကြသည်။
    ထိုအလုပ်သမားများအားမြ၀တီမှ မြန်မာပွဲစားများက၀က်သား၊ကြက်သားအလုပ်ရုံနှင့်ပန်းရံအလုပ်လုပ်ရန်
 ပြောဆိုပြီး ခေါ်ဆောင်လာခဲ့ကြသူများဖြစ်ကြောင်း သိရှိရသည်။

ပြန်လည်လွတ်မြောက်လာသည့် ရခိုင်အလုပ်သမား ကိုဝင်းကြည်က “ကျနော်တို့ကိုရောင်းစားတာ ဝြတီမှာနေတဲ့ ရခိုင်ပွဲစားဖြစ်တယ်။ ပန်းရံလုပ်ရမယ်လို့ပြောတယ်။ ကျနော်တို့ တစ်ယောက်စီ ကျပ်ငွေ တစ်သိန်းစီပေး ပြီးဖြစ်တယ်။ အလုပ်ကိုရောက်တဲ့အခါ ဘတ်ငွေ  ၁၂၀၀၀ လုပ်ဆပ်ရမယ် ဆိုပြီး လာတာဖြစ်ပါတယ်။ ငါးဖမ်းလှေဆိပ်ကိုရောက်တော့ ဘတ် နှစ်သောင်းပေးရမယ်။ ၆လ လှေလိုက်ရမယ် ဆိုပြီး ပြောတော့မှ ကျနော်တို့ ရောင်းစားခံရပြီ ဆိုတာ သိရတော့တယ်။ မြန်မာပြည်က လူငယ်တွေကို ပြောချင်တာက ထိုင်းကို မလာကြပါနဲ့။ ထိုင်းမှာ သူများမလုပ် ချင်တဲ့ အလုပ်ပဲရှိပါပြီ လို့ပြောချင်ပါတယ်” ဟုပြောသည်။
အလုပ်သမားများအားလုံးတို့သည် ၂၀၁၃ ခု ဇွန်လ ၁၅ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီတွင် လှေထွက်ရမည်ဖြစ်ကြောင်း အလုပ်သမားများပြောပြချက်အရ သိရှိရသည်။
        ဘန်ကောက်အခြေစိုက် MATအဖွဲ့              MATအဖွဲ့သည် ၂၀၁၂ခုနှစ်တွင်လူကုန်ကူးမှု၁၉ကြိမ်   ဆောင်ရွက်စဉ်အတွင်း ရောင်းစားခံထားရသည့်မြန်မာအလုပ်သမား ၂၉၂ ဦးအားကယ်တင်နိုင်ခဲ့သည်။ ယခု၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ယခု ကူညီမှု အထိ စုစုပေါင်း လူကုန်ကူးမှု ၂၄ကြိမ်ဆောင်ရွက်စဉ်အတွင်း လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားေ ပါင်း  ၁၂ ၀ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း MAT အဖွဲ့ မှတ်တမ်းအရ သိရှိရသည်။