31 August 2013

“မဟာချိုင်မှစုပေါင်း ကုသိုလ်ရှင်များ ဒုတိယအကြိမ် မြ၀တီ သို့ သွားရောက်လှူဒါန်း”



သြဂုတ်လ ၃၁   မြတ်ညို (အလတ်သတင်းထောက်)
             မဟာချိုင် ကထုန်ဘန်ရပ်ကွက်မှ ဝေါပေါအော ၁၁လမ်းမှ ဝေနတင်းအထည်းချုပ်စက်ရုံ မိသားစု (၅၅ဦး) နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT မဟာချိုင်တာဝန်ခံ တို့ သည် သြဂုတ်လ ၂၅ ရက် နေ့က ကျပ်ငွေ ၃၅သိန်းကျော် တန်ဘိုးရှိသောအစားအစာများ၊စာရေးကိရိယာများအား မြ၀တီ   ရေဘေးဒုက္ခ သည် များထံသို့ သွားရောက်လှူဒါန်းကြကြောင်း သိရှိရသည်။
        မြ၀တီမြို့ ဘုန်းတော်ကြီးပညာသင်ကျောင်း MONASTIC  EDUCAION SCHOOL   တွင်  ပညာသင်ကြားနေကြ သော  ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းတို့မှ ကျောင်း သား/သူ ၃၅၀ ဦး အတွက် စာရေးကိရိယာများအား လည်းကောင်း၊  အသက်  ၆၀ လူကြီး ၁၀၉ ဦး အတွက် ကျပ်ငွေ ၅၀၀၀ စီ ပေးအပ်လှူဒါန်းကြသည်။


              အိမ်လုံးဝပျက်စီးသွား၍ နေစရာမရှိသည့် အိမ်ထောင်စု ၁၀ ခုနှင့်၊   ရေပူကျေးရွာအုပ်စုမှ လူဦးရေ ၃၀၀နှင့်၊  ကရင်စုကျေးရွာ မှ ၆၇ ဦးတို့အား ဆန်၂ပြည် နှင့် ခေါက်ဆွဲခြောက် တစ်ဖါစီ တို့အား   ပေးလှူကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအသုံးအဆောင် အ၀တ်အထည်များ၊ အမျိုးသမီးအသုံး အဆောင်များ အလှူပစ္စည်း နှင့် ငွေအလှူများ စုစုပေါင်း ကျပ်ငွေ ၃၅သိန်းကျော်တို့အား  ပေးလှူဒါန်း ခဲ့ကြကြောင်းသိရသည်။

မဟာချိုင်MATတာဝန်ခံ  ကိုခိုင်ကြီးက “ မြ၀တီရေးဘေးကူညီမှူမြန်မာအစိုးရ အရမ်းအားနည်းနေတယ်။   တကယ်အိုးအိမ်မဲ့ နေရာတွေ  စားစရာမရှိနေစရာမရှိတဲ့ မိသားစုတွေကိုသွားရောက်ကူညီ တာတွေ မရှိဘူး။ မြ၀တီဒေသခံတွေက  အချို့မိသားစုတွေမှာ ကလေးတွေပျောက်ဆုံးသွားတာရှိတယ်၊ အာဏာပိုင်တွေကဂရုစိုက်ပြီး စုံစမ်းတာ ကူညီထောက်ပံ့တာ မရှိဘူးလို့ ပြောကြတယ်” ဟုပြောသည်။