23 August 2013

“မဟာချိုင်က အလုပ်သမားကလေးငယ်၆၂ဦးတို့အား ထိုင်းပြည်ဝင်ခွင့်ဗီဇာတုံးထုမပေး”

              သြဂုတ်လ ၂၂ မြတ်ညို (အလွတ်သတင်းထောက်)
          မဟာချိုင်ဝတ်စီမွန်စာသင်ကျောင်းမှ   မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ သားသ မီး  ၆၂ ဦး အား မဟာချိုင်ပတ် စပို့ ထုတ်ပေးရေး ရုံးမှ မြန်မာဝန်ထမ်း များက ပတ်စပို့ ထုတ်ပေး ခဲ့သော်လည်း ထိုင်းဘက်အခြမ်းမှ ပြည် ၀င်ခွင့်ဗီဇာ တုံးထု မပေးသဖြင့် အခက် ကြုံနေ ရကြောင်း ကလေး မိဘတစ်ဦးက ပြောသည်။
အလုပ်သမားမိဘ တစ်ဦးက “မြန်မာအရာရှိ ၂ဦးဖုန်းဆက်ကြတယ်၊ ကလေးပတ်စပို့တစ်အုပ်ကို ၁၇၅ ဘတ်နဲ့ လုပ်ပေးရမယ်တဲ့၊ ကလေးတိုင်းကို ၄၀၀ နဲ့လုပ်ပေးနေတာပဲတဲ့။ နောက်တစ်ယောက်က ပြန်ပြောတယ်၊သတင်း တွေမှာတက် လာရင် ခက်ကုန် မယ်လုပ်ပေးလိုက်တဲ့။ ဒီလိုပြောနေကြတာ ကျနော် အပေါ့သွားနေ တုန်း ကြားလာ တယ်။ ဘာပြောပြော ကျနော်တို့ကျောင်းက ကလေးတွေကိုတော့ အစိုးရဈေးနဲ့ မြန်မာဘက်က လုပ်ပေး လိုက်ပါတယ်။ ထိုင်းဘက်ကတော့ ဗီဇာတုံး ထုမပေးလိုက်ဘူး” ဟုပြောသည်။


         သာမန်အလုပ်သမားများ ကလေး ပတ်စပို့သွားလုပ်ပါက ပတ်စပို့တစ်အုပ်လျှင် ၄၁၀၀ ဘတ်မှ ဘတ်ငွေ ၇၀၀၀ အထိကုန်ကျကြောင်း ကလေးပတ်စပို့လုပ်ဖူးသည့် မဟာချိုင် အလုပ်သမားတစ်ဦး ကပြောသည်။

ထိုင်းနိုင်ငံအတွင်း  ပတ်စပို့ဈေးနုန်းအထူးကြီးမြင့်နေ သဖြင့် မြန်မာအလုပ် သမားများမိသားစုတို့မှာ အကြွေးတင်နေကြကြောင်းသိရှိရသည်။ ပတ်စပို့ရှိလျှက် ထိုင်းပုလိပ်ဖမ်းဆီးငွေညှစ်ခြင်းကိုမူ ထိုင်းနှင့် မြန်မာအစိုးရတို့က မသိ ချင်ယောင်ဆောင်နေကြဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသာများအဖွဲ့ MAT မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး ကပြောသည်။