29 August 2013

“လူကုန်ကူးမှုတိုက်ဖျက်သူများအား ဒေသခံရဲနှင့်လုပ်ငန်းရှင်များလှဲ့စား”


သြဂုတ်လ ၂၉ ရက်    ကိုတီး
  ထိုင်းနိုင်ငံတောင်ပိုင်းဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၅၀ ကျော်အကွာ အဝေး တွင်ရှိသောမလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေဆိပ်တွင် အခန်းပိတ်လှောင် ထားသည့် မြန်မာအလုပ်သမား ၅ဦးအားလူကုန်ကူးမှုပူးပေါင်းအဖွဲ့တို့က ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

 ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT၏ အမာခံသတင်းပေး တစ်ဦးက ငါးဖမ်းလှေငါးစီး ဆိုက်ကပ်နေကြောင်းမြန်မာအလုပ်သမား ၈၀ဦးခန့်ရှိကြောင်း ပိတ်လှောင်ထားသည့် အခန်းအား ဖုန်းကယ် မရာဖြင့်ရိုက်ကူး၍ ပေးပို့ခဲ့သည်။ ထို့အပြင် အနီးဝန်းကျင်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်သတင်းပေးပို့နေ ခဲ့သည်။


           MATအဖွဲ့သြဂုတ်လ ၂၆ ရက်နေ့က ကတန်မြို့ ငါးဖမ်းလှေဆိပ်မှရရှိသည့်သတင်းအချက် အလက် များအားထိုင်းအစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေးအဖွဲ့DSI,မြန်မာအလုပ်သမား
ညွန်ကြားရေးမှူး
ဦးနိုင်ထွန်း,ပြည်ထောင်စု မြန်မာနိုင်ငံတော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့နှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

        သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် MATအဖွဲ့ သည် ဒေသခံ မြန်မာသတင်းပေးနှင့် အတူ ပိတ်လှောင်ထားသည့်  အခန်းအားဓါတ်ပုံနှင့်VDO ရိုက်ကူးမှတ်တမ်းတင်ခဲ့ပြီး ကတန်ရဲစခန်းသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက် ဦးကျော်သောင်း က  “ကျနော်တို့ရောက်သွားတဲ့အခါ လှေတွေကတော့ရှိတယ်၊ လူတွေ အကုန်လုံးကို ဖွက်ထားပြီဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ဒေသခံပုလိပ်အရာရှိကိုပြောတယ်။ ခု လက်ပူး လက်ကျပ်မိတဲ့ အလုပ်သမား ၅ယောက်ကိုလည်း ငါးဖမ်းလှေပိုင်ရှင် သူဌေးက ကျနော်တို့နဲ့  ညနေ၂နာရီမှ တွေ့ ခွင့်ပြုတယ်။ အဲဒီအချိန်မှာ အလုပ်သမားတွေက အရမ်းမူးနေကြပြီ။ စရံငွေ တစ်သောင်းထုတ်ထားတယ်။ တစ်လကို ၅၅၀၀ ဘတ်နဲ့ သဘောတူ ဆက်လုပ်ပါမယ် ဆိုပြီး ဘာတံဆိပ်မှ မပါပဲ စာရွက်ကို ကျနော်တို့ ကိုပြတယ်။ အလုပ်သမားတွေ ကိုချည်ပြီးတုတ်ပြီးလုပ်လိုက်တယ်” ဟုပြောသည်။
အလုပ်သမားတစ်ဦးက မိမိတို့ အား သတ်ပစ်မည်ဟု ပြောဆိုထားသဖြင့် ကြောက်လန့်၍ လက်မှတ်ထိုးထား
ရကြောင်း၊ ဖြစ်ရပ်မှန်တို့ကို ပြောပြခဲ့သော်လည်းMAT နှင့်ပူးပေါင်းအဖွဲ့တို့မှာအလုပ်သမားများကို ခေါ်ယူနိုင်
ခဲ့ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့်သြဂုတ်လ ၁၇ ရက်နေ့က အဆိုပါ လှေအုပ်စုမှ ဖမ်းဆီးထားခဲ့သည့် အလုပ်သမား
၁၃ ဦးအနက် ၁၁ ဦးတို့အား ရဲစခန်းမှ ငါးဖမ်းလှေသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရှိခဲ့ရသည်။
            လက်ကျန်အလုပ်သမား ၂ဦးဖြစ်သော ကိုချစ်ဦးနှင့် ကိုခင်မောင်သိန်း တို့ နှစ်ဦးမှာ ပြန်လည်ေ ရာင်းစားခံရမည်ကိုသိသဖြင့် လိုက်ပါမသွားသဖြင့် ယခုအခါ ကတန် ရဲစခန်းအချုပ်ခန်းထဲတွင် ရှိနေဆဲ
 ဖြစ်သည်။
            ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့က ကယ် တင်ထားသည့် အလုပ်သမားများအနက် ကော့   သောင်းကယ်ဆယ်ရေးစခန်းထဲတွင် ရှိနေ ဆဲ   ဖြစ်သော ကိုနိုင်ဝင်းနှင့် ကတန် အချုပ်ခန်း ထဲတွင် ယခုရှိနေဆဲဖြစ်သူ ကိုချစ်ဦး တို့သည် ဖယ်ကိုကာ ငါးဖမ်းလှေပေါ်တွင်  ၂၀၁၂ ခုနှစ် စက်တင်ဘာလ အသက် ၂၉ နှစ်အရွယ် ရန်နိုင်စိုး (ခ)သာကေတ  (ရန်ကုန်တိုင်းသာကေတ နေထိုင် သူ) အား ထိုင်းပဲ့နင်းကြီးနှင့် လက်ထောက်ပဲ့နင်းတို့က ဆေးလိပ်ခိုးသောက်သည်ဟုဆိုကာ ဘွတ်ဖိနပ်ဖြင့် မသေမချင်း ကန်ကျောက်သဖြင့် သေဆုံးခဲ့သည့် အလောင်းအား ပင်လယ်ထဲသို့ ပစ်ချခဲ့ရသူ များဖြစ် ကြသည်။ ထိုအခြင်းအရာကို MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က စခန်းမှူးအား တင်ပြရာ လူကုန် ကူးမှုအတွက် မလိုလားတော့ကြောင်း စခန်းမှူးက ပြန်လည်ပြောဆိုခဲ့ကြောင်းသိရသည်။