05 August 2013

“ထိုင်းရဲမှူးချုပ်အမည်ပါ ငါးဖမ်းလှေမှ ရခိုင်အလုပ်သမား ၃ဦးအား ကယ်တင်”



                 
 သြဂုတ် ၅     မြတ်ညို(အလွတ်သတင်းထောက်)

       ထိုင်းရဲမှူးချုပ် အမည်ကိုရေးထိုးထားသည့် ငါးဖမ်းစက်လှေတစ်စီးပေါ် တွင် ရောင်း စားခံထား ရသည့် ရခိုင်အလုပ်သမား ၃ဦးအား ပူးပေါင်းအဖွဲ့ များက ယမန်နေ့ ကကယ်တင်လိုက်ကြောင်း သိရှိရသည်။

      ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၂၀၀   ကျော်အကွာတွင်ရှိသော ပကျွတ်မြို့ နယ်၊ ပန်ပူလီမြို့ဖယ်ဖချလ ငါးဖမ်းလှေဆိပ် တွင်ရှိသော   လှေအမှတ် (၇)ပေါ်တွင် ၂လကြာ ရောင်းစားခံခဲ့ရသည့် ရခိုင်အလုပ်သမား ၃ဦးတို့အား ထိုင်း အစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI,ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်းFED,မြန်မာအလုပ်သမားညွန်ကြားရေးမှူးနှင့် ဘန်ကောက် အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT တို့က မနေ့မွန်းလွဲပိုင်းက ကယ်တင်လိုက်ကြခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်  မြောက်ဦးမြို့၊  မော်ရွာဟောင်း အရပ်မှ ကိုမောင်မောင်စိုး က “ပတ်စပို့ လုပ်ပေးမယ်၊ ပန်းရံ လုပ်ရမယ်ဆိုပြီးတော့ ကျနော်ရွာမှာ ခြံကို ကျပ်ငွေငါးသိန်းနဲ့ ရွာကပွဲစားဆီမှာစာချုပ်ချုပ်ထားခဲ့ရတယ်။ ငါးဖမ်းလှေမှာ မလုပ်ရရင်ပြီးရော့ ဆိုပြီး ကတိ လုပ်ခဲ့ကြတာ။ ဒီရောက်တော့ ဘတ် ၁၈၀၀၀ လုပ်ဆပ်ရအုံးမယ်ပြောတယ်။ ပတ်စပို့လည်း လုပ်မပေးဘူး။ ပင်လယ်ထဲကို ပြုတ်ကျလို့ ကျနော် ၂နာ ရီလောက်   ရေကူးနေခဲ့ရတယ်။ အခြားငါးဖမ်းလှေက ဆယ်ယူ လာလို့ အသက်မသေ တာ”ဟုပြောသည်။
                ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာမှ  အသက် ၁၉ နှစ် ၂၀ အရွယ် ညီအစ်ကို၂ဦးတို့မှာ မြ၀တီမှ ရခိုင်ပွဲစား ၂ဦးတို့ထံတွင် ကျပ်ငွေ ခုနစ်သိန်းငါးသောင်း ပေးခဲ့ရပြီး ပတ်စပို့လုပ်ပေး မည်ဟု ဆိုကာငါးဖမ်းလှေပေါ် သို့ ရောင်းစားခံခဲ့ရကြောင်း ပြောသည်။
         MAT အဖွဲ့ နိုင်ငံခြားဆက်ဆံရေး ဒုတာဝန်ခံ ကိုမျိုးထွေး က“ ရေပုလိပ်(မရိမ်း ပုလိပ်အဖွဲ့ အစည်း   ဝေးခမ်းမမှာ အချက်အလက်တွေကိုမေးမြန်း စုံစမ်း ပြီးတော့ ဌာနပေါင်းစုံ အဖြေရှာကြတဲ့အခါ  ဒေသခံ ထိုင်းအာဏာ ပိုင်တွေဟာ မြန်မာ ပွဲစားတွေကြောင့်ဖြစ်ရတာ ဆိုပြီး ထိုင်းလုပ်ငန်းရှင်တွေနဲ့ မဆိုင်သယောင် ဆွဲထုတ် ချင်ကြတယ်။ ကျနော်တို့ကတော့ မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက် တောင်းဆိုတယ်၊ တနင်္ဂနွေနေ့ နားရက်ပင် ဖြစ်နေပေမယ့် ဒေသခံ ရေပုလိပ်တွေ၊ လူကုန်ကူးမှုအ ဖွဲ့တွေကို ကူညီပေးဖို့ စီစဉ်ပေးတဲ့ DSI က အရာရှိကြီး  ခူဝစ် ကို ကျနော်တို့ MAT အဖွဲ့အနေနဲ့ အလွန်ကျေးဇူးတင်ပါတယ်” ဟုပြောသည်။အဆိုပါ ငါးဖမ်းလှေပေါ်တွင် ပဲ့နင်းနှင့် ပိုက်ဆရာ မှာ မွန်တိုင်းရင်းသားများဖြစ်ကြပြီး မွန်အလုပ်သမား ၁၆ ဦးစလုံးတို့မှာ ပတ်စပို့ကိုယ်စီရှိကြသည်။ကယ်တင်လာခဲ့ကြသည့် ရခိုင်အလုပ်သမား ၃ဦးတို့အား လူကုန်ကူးခံရသူများကို ကျွေးမွေးစောင့်ရှောက် ထားသည့် ဂေဟာတွင် ခေတ္တ ထိန်းသိမ်း ထားပြီး စစ်ဆေးမေးမြန်းခြင်းများပြီးစီးပါက နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့များပြောပြချက်အရ သိရှိရသည်။