အောက်တိုဘာလ
၎ မြတ်ညို(အလွတ်သတင်းထောက်)
ဘန်ကောက်မြို့အနီး
မဟာချိုင် ထိုင်းလုံးစီ ငါးသေတ္တာ အလုပ်ရုံမှ မြန်မာ အလုပ် သမားတစ်ဦးအား ထိုင်းအလုပ်သမား၂ဦး
ဓါးဖြင့်ထိုးသတ် သေဆုံးမှုအတွက် နစ်နာကြေး ဘတ်ငွေသုံးသိန်းကျော် ယမန်နေ့ က ရရှိပြီဖြစ်ကြောင်းသိရှိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့က အလုပ်ရုံသို့အသွား နံနက်ပိုင်းတွင်
အလုပ်ရုံအနီး အရောက်တွင် စကား အနည်းငယ်များထားကြသည့် ထိုင်းအလုပ်သမား၂ဦးက အသက် ၁၉နှစ်
မောင်အာကာစိုး ကို ဓါးဖြင့် ထိုးသတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဦးလေးတော်စပ်သူ ဦးသန်းထွန်းနိုင်
ကပြောသည်။
“ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ အလုပ်ထဲမှာ နဲနဲစကားများထားကြတယ်။ ကလေး အလုပ်ကိုသွားတဲ့ မနက် ပိုင်း အလုပ်ရုံရောက်ခါနီးမှာ
ဆိုင်ကယ်စီး ထိုင်း၂ယောက်ဓါး နဲ့ ထိုးသတ်ခံရတာဖြစ်တယ်။ ရဲ ထွက်ဆိုချက်လည်း ဒီအတိုင်းပဲ ဖြစ်တယ်။ ဒီကိစ္စကို အစအဆုံးအကူညီးပေးတဲ့
MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး ကိုအထူးကျေး ဇူးတင်ပါတယ်” ဟု သေဆုံးသူ ၏
ဦးလေးကပြောသည်။
လူသတ်သမားကိုမူ ထိုင်းရဲများက ယနေ့တိုင်ဖမ်းဆီးနိုင်ခြင်းမရှိပေ။ ပကန်ချီဝစ်ခေါ်
အသက်အာမခံကုမ္ပဏီမှ ဘတ်ငွေ သုံးသိန်း နှင့် ပကာစာခွန်းခေါ် လူမှုဖုံလုံရေးဌာန ကဘတ်ငွေ ၄၀,၅၇၂
အပြင် အလုပ်ရုံမှ ဘတ်ငွေ နှစ်ထောင် ရရှိခဲ့ခြင်းဖြစ်သည်။