05 October 2013

“MOU ဖေါက်ပြန်မှုအတွက် လူကုန်ကူးမှုဖြင့်အမှုဖွင့်လို”




အောက်တိုဘာ ၅      မြတ်ညို (အလွတ်သတင်းထောက်)

            စာချုပ်ပါစည်းကမ်းချက်များနှင့်မညီခြင်း၊ ထိုင်းကိုေ ရာက်ရှိပြီးနောက် ၂လနီးပါးခန့် အလုပ်မရှိပဲနေရခြင်းနှင့်အိပ် စရာစား စရာမရှိခြင်း၊ အနီးဝန်းကျင်တို့မှ တောင်း ရမ်းစား   သောက်နေ ထိုင်ရခြင်း တို့ကြောင့် MOU အလုပ်သမားတင် သွင်း သည့် မြန်မာကုမ္ပဏီများအား လူကုန်ကူးမှုဖြင့် အမှုဖွင့် တိုင်ကြားလို ကြကြောင်းအလုပ်သမားများက ပြောသည်။
မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တွင် အမှု ဖွင့်ထားသည့် ဘန်ကောက် မြို့အနီး မင်ဘူရီ Min Buri, Hathai Rat 37 road မှ မူဘန်း(အိမ်ယာ )ဆောက် လုပ်ရေး လုပ် ငန်းခွင်သို့စက်တင်ဘာ၂၄ရက်နေ့တွင်ရောက်ရှိခဲ့ကြ သည့်အောင်လံ၊ ပခုက္ကူ၊ ပေါက်၊ ကျောက်ပန်းတောင်း၊ မြိုင်၊ သရက်၊ မကွေးတို့မှ အလုပ်သမား ၁၉ဦးမှာ ယနေ့ နေ့ လည်   က မြ၀တီမြို့ ပြန်သွားခဲ့ကြပြီးဖြစ်သည်။
   
       အလုပ်သမား ကိုစောဖြိုးဦး က “ကျနော်တို့ကတော့ အမှုဖွင့်ချင်တယ်။ ဒီကုမ္ပဏီက စာချုပ်ပါစည်းကမ်းကို မညီခဲ့ဘူး၊ ကျနော်တို့ခံစားခဲ့ရ တာ ကျနော်တို့ ပဲသိတယ်၊ ကျနော်တို့ လာခဲ့တာ ကော့သောင်းက၊ ခုပြန်ပို့တော့ မြ၀တီ၊ကျနော်တို့ အလုပ်မလုပ်ခဲ့တဲ့အတွက် လူကုန်ကူးမှုမမြောက်ဘူးတဲ့၊ ဒါဆို ကျနော်တို့ ကိုနေပြည်တော်ကိုပို့ပါလို့ပြောတော့ ကျနော်တို့ ကို အောင်လံပြန်ပို့မယ်တဲ့။ အိမ်ရောက်ရင် ကျနော်တော့ အမှုဖွင့် ဦးမှာပဲ” ဟုပြောသည်။
         နယ်စပ်အခြေစိုက် မြန်မာလူကုန်တားအဖွဲ့မှ အရာရှိတစ်ဦးက “အလုပ်မလုပ် ခဲ့ရသေးသဖြင့် လူကုန်ကူးမှုမြောက်သလား၊   နိုင်ငံခြား ကိုအလုပ်သမားတင်ပို့ခြင်း နည်းလမ်းတစ်ခုခု ချိုးဖေါက်နေသလား? ပုဒ်မ ၂၉နဲ့ငြိစွန်းနေသလား၊ စီစစ်ရ အုံးမည်” ဟု ဆိုသည်။
       ထိုအလုပ်မားများသည်  မြန်မာနိုင်ငံဘက်မှ Royal golden Gate ကုမ္ပဏီနှင့် ထိုင်းဘက်မှ Phanason Residen Co,ltd တို့ စာချုပ်ချုပ်ဆိုလျှက်ရောက် ရှိလာခဲ့ ကြ သည့် အလုပ်သမား ၃၂ဦးအုပ်စုမှဖြစ်ကြသည်။ ယမန်နေ့က ဘန်ကောက်မြို့   မြန်မာ သံရုံး အလုပ်သမားအရာရှိထံသို့ လာခဲ့ကြသည့် အလုပ်သမား ၂၆ဦးအနက်မှ ၇ဦးကျန်နေ ခဲ့ကြပြီး ပြန်သွားကြသည့် ၂၉ဦးအုပ်စုဖြစ်သည်။
      ၎င်းတို့သည်  မြန်မာနိုင်ငံဘက်တွင် တစ်ဦးစီ အနည်းဆုံး ကျပ်ငွေ သုံးသိန်းနှင့် သုံးသိန်းခွဲအထိ ပေးချေခဲ့ကြရ သည်ဟုဆိုသည်။ ဤကုမ္ပဏီမှပင် ထိုနေရာ တွင် အလုပ်သမား၁၂၅ဦး  အခက်ကြုံနေကြဆဲဖြစ်သည်။
           ရွှေခြိုးကြာကုမ္ပဏီ ထိုင်းဘက်မှ PP.Group ဆိုသည့် ကုမ္ပဏီဖြင့်၂၀၁၃ ခုသြဂုတ်လ ၈ရက်နေ့က ထိုင်းနိုင်ငံ အတွင်းသို့ အလုပ်သမား ၇၈ဦးအားတင်ပို့ခဲ့ပါသည်။ ထိုအလုပ်သမားများနက်၊ အသက်၂၄နှစ်အရွယ် မလှိုင်နေဦး၊ အသက်၂၂ နှစ်အရွယ် မသင်းသင်းနွယ် နှင့် အသက် ၂၀ နှစ်အရွယ် မပြည့်ဖြိုးအောင် တို့ သုံးဦးအား ကုမ္ပဏီကိုယ်စား လှယ် ပွဲစားက  အောက်တိုဘာလ၂ ရက်နေ့ညက ခြိမ်းခြောက်ပြောဆို နှင်ချခြင်းများပြုလုပ်သဖြင့် စိုးရိမ်ဖွယ်ရာအခြေ အနေကို MAT သို့ အကူညီတောင်းခံခဲ့ပါသည်။
              ရွှေခြိုးကြာကုမ္ပဏီ  မှ အလုပ်သမား ၇၈ဦးတို့မှာ (ဘန်ကောက်မြို့ပချာအူထစ် ၃၃လမ်းတွင်၃ဦး၊ ပထုံဌာနီ လမ်းစစ်တွင်၉ဦး၊ စူရတ်ဌာနီ ရာဘာခြံတွင် မိန်းကလေး၁၆ဦးနှင့်အမျိုးသား၁၄ဦး(ထိုအလုပ်သမား၃၀ဦးတို့မှာ သမန်တလင်းပြင်တွင် အိပ်ကြကြောင်းပြောပါသည်။) နှင့်ချာချင်ဆောင်မြို့ အနီးတွင် ရှိသော ဘယ်ထရီအိုး အလုပ်ရုံ တွင် ၁၅ဦးတို့ အသီးသီးရှိနေကြောင်း စုံစမ်သိရှိရ ပါသည်။ ထိုအထဲတွင် ကိုကျော်လင်း နှင့် အမျိုး သမီးတစ်ဦးအမျိုး သားတစ်ဦး ပေါင်း သုံးဦးတို့ လည်းသီးခြားပတ်စပို့လုပ်ကိုင်၍ လိုက်ပါလာခဲ့ကြောင်း၊ အခြားကိုထွက် သွားကြပြီဖြစ် ကြောင်း သိရှိရသည်။
              ရန်ကုန်မြို့ ၃၉လမ်း အောက်ဘလောက်၊ သုခစုစံကုမ္ပဏီ မှ ထိုင်းနိုင်ငံ PECE Co,Ltd ဖြင့် စာချုပ်ချုပ်ဆို ကာ ၁၅၊၅၊၂၀၁၃ နေ့တွင် ရန်ကုန်မှ ထွက်လာခဲ့ ကြသည့် အလုပ်သမား(၃၅ဦးလာ  ၁၆ဦးပြေး)+၄၀ဦးထပ်ရောက်= ၅၉ဦးတို့အား လာခဲ့ကြပါသည်။ ဆာလာဘူရီ နောင်ခေ အရပ်တွင်ရှိသော လျှပ်စစ်မီးကြိုးသွယ် တန်းသည့် အလုပ်ကို လုပ်ကြရသည်။ ၁၅၊၇၊၂၀၁၅ နေ့မှ အလုပ်စလုပ်ရသည်။ အလုပ်သမားများ နွားတင်း ကုတ်လောက်အဆင့်မရှိ သည့် နေရာတွင်နေ ရကြောင်းနှင့်ရေချိုးစရာ၊ အိမ်သာသုံးစရာရေ မရှိလောက်အောင် ဖြစ်ပါသဖြင့် သုခစုစံ ကုမ္ပဏီ အား တရားစွဲဆိုလို ကြောင်းပြောပါသည်။ 
ရွှေမြန်မာဟိန်းကုမ္ပဏီ နှင့် ဌေးဆားဗစ်ကုမ္ပဏီ ၁၇၊၇၊၂၀၁၃ နေ့ကအလုပ်သမား ၁၁၅ဦးအား တင်သွင်း ခဲ့ရာ၊ တစ်နေရာအရောက်တွင် ၂၅ဦး ၅၀ဦးနှင့် ၆ဦးစီခွဲ ယူသွားကြသည်။ အလုပ်သမား၂၉ဦးကို ထိုင်းတောင်ပိုင်း ကပီ ကိုယူသွား ပြီး ထိုမှတစ်ဆင့် ၁၄ဦးကို  နခွန် ဘက်ကိုခေါ်လာခဲ့ပြန်ပါသည်။ ၁၀ ယောက်ကို သူဌေးတစ်ယောက်ထံ မှာအပ်နှံသည်။ ၄ ယောက် ကထွက်ပြေးသွားသည်။ ဤအလုပ်သမားများက ကုမ္ပဏီကို လူကုန်ကူးမှုဖြင့် တရားစွဲဆို နေလိုကြသည်။
 ရွှေမြန်မာဟိန်းကုမ္ပဏီ နှင့် ဌေးဆားဗစ်ကုမ္ပဏီ  မှ တင်သွင်းသည့် အလုပ်သမားအနက် မကွေးတိုင်း၊ မင်းဘူး မြို့နယ်မှ ဦးတင်ရွှေ+ဒေါ်ထွေးရီ တို့၏သား ၃၆နှစ် အရွယ် ကျော်မျိုးခိုင်၊ ဆိုသူမှာ ၅ထပ်တိုက်ဆောက် လုပ်နေသည့် လုပ်ငန်း ခွင် တွင်၂၂၊ ၉၊ ၂၀၁၃ တနင်္ဂနွေနေ့ ညနေ၄နာရီခွဲတွင် ပြုတ်ကျသေ ဆုံးခဲ့ပါသည်။ ထို အလုပ်သမား သေဆုံး မှုအတွ က် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်း မျိုးမရှိသေးကြောင်း အစ်ကိုတော်စပ်သူကပြောသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသာများအဖွဲ့ MAT မှ အတွင်းရေးမှူးဖြစ်သူ ကိုခိုင်ကြီးက “အလုပ် မရှိပဲ လူတွေ သွင်းလာတယ်၊  နေရာတိုင်းကို လိုက်ရောင်းနေကြတယ်။ အိနြေ္ဒမရ ဘူး။ ထိုင်းမှာ MOU အလုပ်သမားတွေ ကို သက် ဆိုင်ရာ ကုမ္ပဏီတွေ ကကော၊ ဒေသခံ ထိုင်း ပုလိပ်တွေကပါ အနိုင်ကျင့်ချင်တိုင်းကျင့်နေ ကြတာပဲ။ 

နယ်စပ်က မြန်မာအစိုးရ အရာထမ်းတွေလည်း ပုလင်းတူဗူး ဆို့လုပ်စားနေကြတာ။ G to G ဆိုတဲ့ အစိုးရ ချင်းချင်းလုပ်ထား ပါတယ် ဆိုမှ ဖြစ်ချင်တိုင်းဖြစ်နေတာ။ MOU နဲ့ လာတာဟာ ချည်ပြီး တုတ်ပြီး တံဆိပ်ရိုက်ပြီး သားသတ်ရုံကို ပို့လိုက်တဲ့ တိရစ္ဆာန်လိုပဲ။ အရေခွံပဲဆုတ်ဆုတ်၊ အသား ပဲနွှာနွှာ၊ မီးပဲမြှိုက်မြှိုက် ဒီအတိုင်းကြည်   နေရတယ်ဗျာ။ ပချာအူတစ် ၃၃လမ်းက အခန်းထဲမှာ ကောင်မလေး ၃ယောက် ဒုက္ခရောက်နေတယ်နှော်၊ ညဥ့်နက်ပြီ။ ငိုလိုက်တာ၊ သနား   ပေမယ့် ကျနော်တို့ သွားကယ်ထုတ်လို့မရဘူး။ ကျနော်တို့ ကယ် ဆယ်ခွင့်ကိုမရှိတာဗျ” ဟုပြောသည်။
          MOU အလုပ်သမားတင်သွင်းခြင်း၏ အားနည်းချက်အားသာ ချက်များအား ထိုင်းနှင့်မြန်မာအစိုးရတို့ ယခုတိုင် ပြန်လည်သုံးသပ်ခြင်းတစ်စုံတစ်ရာမရှိပဲ၊ အလုပ် အကိုင်အခွင့်အလမ်းရှာဖွေလို  နေကြသည့် မြန်မာနိုင်ငံမှလူငယ်လူရွယ်များအားလုံးကို
 ပြည်ပအလုပ်အကိုင်   အေးဂျင်စီများက မြန်မာအာဏာပိုင်များနှင့်ပူးပေါင်းကာ တရား ၀င် လူကုန်ကူးမှု ကိုကျူးလွန်နေကြောင်း MAT အဖွဲ့က  ကြိမ်ဖန်များစွာထောက်ပြ
ပြောဆိုဖူးသည်။