04 October 2013

“လုပ်ငန်းရှင်ညစ်ပတ်ထားသည့်လုပ်အားခ အချို့ပန်းရံအလုပ်သမာများရပြီ”



          
အောက်တိုဘာ ၄ မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta)
ဘူကစ်တာ အရပ်မှ  AEKSUPACHOK ဆောက်  လုပ်ရေးကုမ္ပဏီ အလုပ်သမား အလုပ် သမား ၁၁၀ ဦးတို့၏ လုပ်အားခများ ရရှိခဲ့သော်လည်း လုပ်အား ခ ဘတ်ငွေ တစ်သိန်းကျော်ခန့်ကျန်နေသေးကြော င်းအလုပ်သမားများကပြော သည်။

        အဆက်သွယ်ရှာဖွေ၍ အကူညီတောင်းခံနေ သူဖြစ်သည့် မရည်မွန်ကျော် ကသမီးတို့ကို  ဒီနေ့ မနက်က ပိုက်ဆံရှင်းပေးပါတယ်။ ပထမဖြတ်ေ တာက်ထားတဲ့ သုံးကြိမ်အတွက် အချို့ကငါးထောင်    ကျော်သုံးထောင်ကျော် ၊ နှစ်ထောင်ကျော် စီရရှိကြ တယ်။ အလုပ်သမား တစ်ဦးစီ ၆ရက်စာနဲ့ အချိန်ပို ပိုကြေးတွေကို မပေးသေးဘူး ။ စုစုပေါင်း ဘတ်ငွေတစ်သိန်းကျော် ကျန်နေသေးတယ်။တစ်ဦးချင်စီဆို ရင်တော့ဘတ်ငွေ သုံးထောင်လောက်စီကျန်နေသေးတယ်ရှင့်။ကျန်ငွေတွေကိုအခြား အလုပ်သမားတွေကို      လုပ်အားခထုတ် ပေးမယ့်နေ့မှာ အလုပ်သမားတွေ ကိုယ်တိုင် လာထုတ်နိုင်တယ်လို့ ပြောတယ်။  ရက်က အတိအကျမသိ ဘူးရှင်” ဟုပြောသည်။ 


အလုပ်မားများ၏ ကျန်လုပ်အားခများနှင့်  အလုပ်သမားများ၏ work permit ကိစ္စရပ်များနှင့် ပတ်သက်၍ မဟာချိုင်မှ အလုပ်သမားအဖွဲ့တစ်ခု ယနေ့ညနေတွင် လာရောက်၍ ကူညီပေးမည်ဟု မျှော် လင့်နေကြောင်း သူမက ဆက်လက်ပြောပြသည်။ အလုပ်သမားများ အောက်တိုဘာ ၇ရက်၊ တနင်္လာနေ့တွင် ထိုနေရာမှ ထွက်ခွာကြမည်ဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမား ၁၁၀ဦးတို့ ရရန်ငွေမှာ ဘတ် လေးသိန်းကျော်ဖြစ်သည်။ ထိုငွေ များအား လုပ်ငန်း ရှင်က  မရှင်းပေး သဖြင့် စက်တင်ဘာလ ၇ ရက်နေ့က တည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေခဲ့ကြသည်။
 
           ထို့နောက် မြန်မာသံရုံးနှင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံ သားများ အဖွဲ့ MAT တို့က သီးခြားစီ ဖုန်းဆက်သွယ်လျှက် ထိုင်းအလုပ်သမားဝန်ကြီးဌာနဆိုင်ရာများသို့ အကူ ညီ တောင်းခံခဲ့ကြ သည်။ ထိုနောက် စက်တင်ဘာ ၁၆ ရက်နေ့တွင် လုပ်ငန်းရှင်က စက်တင်ဘာ ၂၆ ရက် နေ့ တွင် လုပ်အားခ များရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ကတိပြုခဲ့သည်။
စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခ ရှင်းမပေးသဖြင့်  အလုပ်သမားများသည် ပန်းရံဆိုဒ်မှ ၅နာရီခန့် လမ်းလျှောက် မြို့ပိုင်ရုံးသို့ရောက်အရေးဆိုခဲ့ကြသည်။   
             နောက်နေ့တွင် ဒေသခံ ထိုင်းအလုပ်သမားဝန်ကြီးဌာန မှ ၀န်ထမ်းများနှင့် အတူ ရဲစခန်းတွင် ညှိနှိုင်းချက်အရ အောက်တိုဘာလ ၄ရက်နေ့တွင် ရှင်းပေး
မည်ဖြစ်ကြောင်း အလုပ်ရှင်၏  ကိုယ်စားလှယ် လုပ်သူက သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။
          ၁လခန့်အကြာ အလုပ်သမားစားစရိတ်များအတွက် MAT အဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့က ဦးဆောင်၍ အကူညီတောင်းခံခဲ့ကြသည်။ သို့ဖြစ်၍ အမည် မဖေါ်လိုသည့် မြန်မာအရာရှိတစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ အမည်မဖေါ်လိုသည့် MOU ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ MATအဖွဲ့က ဘတ်ငွေ ၁၀,၀၀၀၊ ဒေသအခြေစိုက်  Rak Thai ဖေါင်ဒေးရှင်းဘတ်ငွေ ၁၂,၀၀၀၊ ဘန်ကောက်မြို့ IRCမှ ဘတ်ငွေ ၁,၅၀၀ နှင့် ဖူးခက် အခြေစိုက် လေးဝတီ ရခိုင်လူမှုရေးအသင်းဥက္ကဌ ကိုခိုင်အတ မှ ဆန်၂အိပ်ဖိုးဘတ်ငွေ ၃,၀၀၀  ပေးပို့လှူဒါန်းခဲ့ကြသည်။