03 October 2013

တိုက်တိုက်ဆိုင်ဆိုင်


နေ့လည် ၃ နာရီခန့် က ထိုင်းနိုင်ငံ မဟာချို င်း လေးထပ် ရဲစခန်းမှနေပြီး မြန်မာနိုင်ငံ သားတဦးပါတ်စပို့ပါပါတယ် ဒါပေမဲ့ ဝပ်ပါမစ် မပါသဖြင့် အဖမ်းဆီးခံနေရပြီး ဘတ်ငွေ ၂ ထောင် (မြန်မာငွေနဲ့ဆို) ၆သောင်းခန့်  ပေးနိုင်မှ သွားခွင့်ပေးမယ် ပြောပြီး အခက်တွေ့ နေပါသဖြင့် ကူညီပေးပါရန် လိပ်စာကဒ် ရထားသဖြင့် ဖုန်းထိုး အကူ အညီ တောင်းခံပါကြောင်း ဆက်သွယ်လာသဖြင့်ထိုင်းရဲအား ဖုန်းပေးလိုက် ရန်ပြောပြပြီး အဖမ်းခံထားသူမှ သက်ဆိုင်ရာ ရဲများကို ဖုန်းပေးရာ ဘယ်သူမှ မယူကြ ဘဲ ၅ယောက်မြောက် နောက်တဦးက လက်ခံပြောသဖြင့်


အမြဲတန်း မကြာမကြာလာရွေးပေးနေတဲ့ ကူညီနေတဲ့ လုံဖိ ဒမ်းဒမ်း ဟု ပြောလိုက်ရာ ဆက်မပြောတော့ဘဲ အဲဒီမှာ စကါးပြန်လုပ်ပေးတဲ့ မြန်မာပြည်သားကို ဖုန်းပေးပြီး
၎င်းက ဘယ်သူလဲ အေး ဆရာတော်ပါ ဒကါကြီး အခုလူက ဘုန်းဘုန်းအသိ ဒကါလေးပါ နစ်ရာ သုံးရာလောက်ယူပြီး လွတ်ပေးပေးပါ ဒကါကြီးတချက် ဝိုင်ကူပြောပေးလိုက်ပါ မရရင်လဲ ဘုန်းဘုန်းလာခဲ့မယ် ဟု ပြောနေစဉ် ဖုန်းချသွားပြီး ခဏနေ ဖုန်း ပြန်ဆက်လာတယ် တပည့်တော်ကို တထောင်ဘဲပေးတော့ သွားရပြီပြောနေပြန်ပါပြီ

တပည့်တော်မှာ တကယ်ဘဲ နှစ်ရာထဲ ပါတာပါဘုရား ပြောပေးပါဦး ဆိုလာပြန်သဖြင့် ထပ်အပေးခိုင်းလိုက်ရာ စကါးပြန်ကပါ မယူတော့ဘဲ ဟိတ်ကောင် ဘုန်းကြီးအလာခိုင်းလိုက် လို့ စကါးပြန်က ပြောနေပါတယ်ဘုရား အေး အေး ပြန်ပြောလိုက် သူ့ ကို ထွက်မပြေးနဲ့ လို့ ဘုန်းကြီးလာခဲ့မယ်ပြောလိုက်ဟု ပြန်အပြောခိုင်းရာ သူ့ ကို ထွက်မပြေးနဲ့ ဟု ပြောရမလားဟု ဆိုသဖြင့် ဖိနပ်နှင့် ထုတော့မလို့ဘုရား တပည့်တော်က ပြန်ပြောလိုက်ရတယ် ကျနော်က အကို့ ကို မပြောရဲပါဘူး ဘုန်းကြီးက သူပြောတဲ့အတိုင်း ပြောပါဆိုလို့  ပြောတာပါဟု ပြန်ပြောလိုက်မှ ကျေနပ်သွားပြီး ခွင့်လွတ်ပါတော့တယ် အဲလိုဖြစ်ပြီး စောင့်နေ မကြောက်နဲ့ ငါလာခဲ့မယ် ပြောပြီး ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်နေလိုက်တယ် ၁၀ မိနစ်ခန့် ကြာသောအခါ ဘယ်နားရောက်နေပြီလဲ မေးနေပါတယ် အေး အေး ဒါဆို ဖုန်းပြန်ပေးလိုက်ရဲကို ဆိုပြီး ရဲတယောက်နှင့် ဟလို ယုံး (မ်း) လုံဖိ..... မာဘိုင်း လုံဖိ.. ကျောက်နာထိ အာကျန် ဖဒမ်း ဟုပြောနေစဉ် အိုကေ အိုကေ အော့ပိုင် ဒိုက် အော့ပိုင် ဒိုက် မဲ့ပင်လိုင် ဟု ပြောပြီး ဖုန်ချသွားပါသည် ခဏကြာ ဦးဇင်းဘုရား တပည့်တော် လွတ်သွားပါပြီ အခု အပြင်ကို ရောက်နေပါပြီ
အေး မင်းက မဟာချိုင်ကဘဲလား မဟုတ်ဘူးဘုရား တချားက မြန်မာပြည်ပြန်မလို့  သူငယ်ချင်းတွေဆီ သွားနှုပ်ဆက်မလို့  အလာ အခုလို ဖြစ်တာဘုရား
မြန်မာပြည် ဘယ်ကလဲ တပည့်တော် ရန်ကုန်တိုင်း ခရမ်းမြို့နယ် ကင်မွန်းချူံ ရွာကပါဘုရား မင်းနာမယ် တပည့်တော် နာမယ် ဇေယျာလင်း အဖေနာမည် ဦးတင်မြင့်ပါဘုရား မင်းအသက်ကရော တပည့်တော် ၂၄ နှစ်ပါဘုရား အေး အေး သွား သွား မင်း သူငယ်ချင်းတွေဆီ ရောက်ရင် ငါ ဆီ ပြန်ဆက်လာခဲ့ ဦးနော် သမား ဆိုပြီး ထွက်သွားလိုက် ဒီကနေ့ ည

အခုအချိန်အထိ ပြန်မဆက်လာသေးဘူးဗျာ ကျေးဇူးရှင်က မျက်နှာလဲ မမြင်ဘူးဘူး လိပ်စာကဒ် ရထားလို့တဲ့ ဟော ရောက်လာပြန်ပြီတခု ထိုင်းကါးသမား တက္ကစီသမား ကို လိပ်စာပြပြီး ၂ ယောက် ထပ်ရောက်လာကြတယ် အခု ညနေ ၆နာရီကျောင်း တိုက်ကို မေးကြည့်လိုက်တော့ mou နဲ့  လာကြတာ ပွဲစားက မြဝတီက ပြောတော့ တနေ့  ၃၀၀ အခု ဒီရောက်တော့ အဲလောက်မရ အလုပ်ကလဲတအား ပန်း ပြောင်းပေး ပါပြောသော်လည်း အေး စောင့်ဆိုပြီး ပြန်ပြောလာတာ အခု ၃လ ရှိနေပြီ   မလုပ်နိုင်တော့လို့  ပါတ်စပို့တွေထားပြီး ထွက်လာကြတာတဲ့ 

 အော် လိပ်စာကဒ် လိပ်စာကဒ် ပြန်တောင်းလိုက် ရင်တော့ ကောင်းမလား မသိဘူး .....ဘန်ကောက် ဘန်ကောက် အထင်တွေကြီးပြီး လာလိုက်ကြတာ ဒို့ မြန်မာပြည် သားတွေ ဘန်ကောက်က ရန်ကုန်ထက် ၅ ဆမက ကြီးတယ် ကျယ်တယ် ဒကါတို့ရေ.......

 အော် တိုက်တိုက်ဆိုင်ဆိုင် လိပ်စာကဒ်ရယ် . 3 . 10 ,2013 22 ; 22 pm

ဦးဇောတိက (ကူညီရေးဆရာတော်) ၀တ်တလုံးကျောင်း