08 October 2013

မြန်မာအလုပ်သမား ၃၄ ဦး ပွဲစားနှင့်အတူ စစ်ဆေးရေးဂိတ်တွင်ဖမ်းမိ




အောက်တိုဘာ ၈  ကိုတီး

ယမန်နေ့နံနက် ၅နာရီခန့်တွင် ဖက်ချဖူ စစ်ဆေးရေးဂိတ်အရောက်တွင် ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသည့်   မြန်မာအလုပ် သမား၃၄ဦးနှင့် မြန်မာ ပွဲစား အမျိုးသမီးတစ်ယောက်အား  ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းရပ် အွန်လိုင်းသတင်းစာတွင်ရေးသားဖေါ်ပြထားသည်။



ဘန်ကောက်မြို့မြောက်ဘက် ၃၅၈ကီလို  မီတာကွာဝေးသော ကမ်ဖယ်ဖက် မြို့ အရောက် ဖိုလိုယိုတင်း အဝေးပြေးလမ်းတွင် ပေါင်မုန့်ကား နံပါတ် ပောာဖော ၆၉၈၇ ဘန်ကောက်လိုင်စင် ကိုစန်ဖီနခေါ ပိုင်းရှား နယ်မြေ အမှတ်   အဝင် ဖက်ချန် ဖူစစ်
ဆေးရေးဂိတ်အရောက်တွင် သတင်း အရ တာဝန်ရှိရဲများက စစ်ဆေးခဲ့ကြရာ တရား မဝင် မြန်မာအလုပ်သမား ၃၄ဦး(အမျိုးသား ၁၉ဦးနှင့် အမျိုးသမီး  ၁၅ဦး)နှင့်အတူ   မြန်မာပွဲစားမ မမော်မော် အသက် ၂၇ နှစ်ကိုဖမ်းဆီးလိုက်သည်။
         မမော်မော်၏ ထွက်ဆိုချက်အရ မဲဆောက် တစ်ဖက်ကမ်းရှိ  မြဝတီမြို့ဘက်မှ ပွဲစားများနှင့် ချိတ် ဆက်လုပ်ပြီး အယုဒ္ဓယ နှင့် ဘန်ကောက်နယ်မြေများသို့ပို့ဆောင်တစ်ဦးလျင် ဘတ်ငွေ ၁၄,၀၀၀ ဖြင့် ပို့ဆောင်သည်ပာု ထွက်ဆိုသည်
        ကားမောင်းဒရိုင်ဘာ  ထိုင်းလူမျိုး နိုင်ချာနားဖုန်မာ ထွက်ဆိုချက်အရ တစ်ခေါက်လျှင် ဘတ်ငွေ ၃,၀၀၀နုန်းဖြင့် ယခု တစ်ခေါက်အပါဝင် ၅ ခေါက် ရှိပြီဟု ထွက်ဆိုသည်။ ရဲအရာရှိက စစ်ဆေးရေးဂိတ်မှ လွတ်မြောက်အောင် မည်သူများက ကြံစည်ဆောင်ရွက်ခဲ့သည်ကို ဖေါ်ထုတ်စစ်ဆေးမည်ဖြစ်ကြောင်းနှင့် အမှုနှင့် မသက်ဆိုင်သည့် အလုပ်သမားများကို စစ်ဆေးမေးမြန်းပြီး မဲဆောက်ဘက်သို့ ပြန် လည်ပို့ဆောင်   ပေးမည် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။