11 October 2013

“လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ”



                   


အောက်တိုဘာ ၁၁ ရက်    မင်းဘခက်
           ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ကဆင် ၆၃လမ်းတွင်ရှိသောစက္ကူသေတ္တာအလုပ်ရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသော မြန်မာ အလုပ် သမား တစ်ဦး  အလုပ်သမားအရေးကူညီသူများ၏ ကူညီ မှုကြောင့် နစ်နာ   ကြေးဘတ်  လေးသိန်းကျော် ယမန်နေ့ကရရှိသွားသည်။
        ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မကျည်း ကျွန်းကျေးရွာမှ ဦးအောင်တင် +ဒေါ်သန် တို့၏  သား အသက် ၂၇ နှစ်အရွယ် ကိုမင်းစိုးသည်၂၀၁၃ခု ဇန်န၀ါရီလ ၈ ရက်နေ့ည ၇နာရီခွဲအချိန် အလုပ် လုပ်နေ စဉ် မမျှော်လင့်ပဲ ဘယ်ဘက်လက်ဝါးပြင် အလယ်မှ ပြတ်ထွက်သွားခဲ့သည်။

          ကိုမင်းစိုး က “ကျနော်  ဆေးရုံက ဆင်လာပြီးတော့ ဘယ်မှာ အကူညီတောင်း လို့တောင်းရမှန်း မသိဖြစ် နေတာ။ ဖေဖေါ်ဝါရီလ မှာ ကူညီရေးဆရာတော် ဦးဇောတိက  က MATအဖွဲ့ ဖုန်းနံပါတ်ကိုပေး တယ်။ စုစုပေါင်း ဘတ်ငွေ လေးသိန်း တိတိ တစ်ခါတည်းရရှိခဲ့ပါတယ်။ ကူညီပေးကြတဲ့သူတွေ အားလုံး ကိုကျေးဇူးတင်ပါ တယ်” ဟုပြောသည်။
           ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED မှ ရှေ့နေအဖွဲ့နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်း နိုင်ငံရောက်မြန် မာနိုင်ငံ သားများအဖွဲ့MAT တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။ 

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က “ ကျနော်တို့  ရှေ့နေရှေ့ရပ်တွေနဲ့ အလုပ် လုပ် လာနိုင်တာ အလုပ်သမားတွေအတွက် ကံကောင်ြး ခင်းပေါ့နှော။ ဒီကိစ္စ က အလုပ်သမားရုံးမှာရှင်းတာ သူဌေးက တစ်ပြားမှ မပေးဘူး။ တရားရုံးကြီးအထိရောက် သွားတာ။ ဒါကြောင့်လည်း အချိန်တွေ အများကြီးကြာ သွားခဲ့တယ်။  ဒီအလုပ်သမား မှာ  ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိတယ်။ ပကာစာခွန်းလုပ်ထားတာမရှိသလို  ဘဏ့် အကောင့်လုပ်ထားတာမရှိလို့ ဒီလောက်ပဲရတာပါ” ဟုပြောသည်။  
တရားရုံးကို အောက်တိုဘလ ၁ ရက်နေ့က ၀မ်းလန်းဖုန်း လိုင်းငန်ကင်း တရားရုံးကြီး မှာ ဆုံးဖြတ်ချက် ချခဲ့ကြခြင်းဖြစ်သည်။