မြန်မာအလုပ်သမား၁၀ဦးအား ကားငယ်တစ်စီးဖြင့်ဘန်ကောက် သို့ တင်ပို့ရန်လာသည့် ထိုင်း ယာဉ် ထိန်း ပုလိပ်တစ်ဦးအား
မဲဆောက်မြို့ အထွက် ထဆိုင်လွရပ်ကွက် ဟွေ ဟင်ဖွန်
စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ လိုက်ကြောင်း TNN24
News
တွင်ယမန်နေ့ညဥ့်နက်ပိုင်းတွင် ထုတ်လွှင့်ပြ သွားသည်။
22 February 2014
19 February 2014
“အခန်းပိတ်လှောင်ခိုင်းစေခံနေရသည့်အလုပ်သမား၃ဦးအားကယ်ထုတ်”
ကိုတီး ၂၀၁၄
ခု ဖေဖေါ်ဝါရီလ ၁၉ ရက်
ဘန်ကောက်မြို့လယ်ဖန်ထစ် ITကုန်တိုက် မျက်နှာချင်းဆိုင် လမ်း တွင်ရှိသောထိုင်းအစားအစာ အရော င်း ဆိုင်တွင်၃လခွဲကြာအခန်းပိတ်ေ လှာင် ခိုင်းစေခံနေရ သည့်
မြန်မာ အလုပ်သမား၃ဦးတို့ အား ပူးပေါင်း အဖွဲ့တို့က ယနေ့ညနေပိုင်းက ကယ် ထုတ်နိုင်ခဲ့သည်။
ဘန်ကောက်မြို့ဖက်ဘူရီ ၁၅လမ်း အိမ် အမှတ်
၂/၃ တွင်ဖွင့် လှစ်ေ ရာင်းချသော Feel @ PRATUNAM စားသောက်ဆိုင်တွင် အစပိုင်းတွင် လုပ်ခ
အနည်းငယ်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝမရတော့ပဲ ၃လခွဲတိုင်တိုင် အခန်းပိတ်လှောင် အလုပ် ခဲ့ရသူများဖြစ်ကြသည်။
Labels:
သတင်း
“မြေဇာပင်”

ထိုင်းနိုင်ငံမှာအလုပ်သမားပတ်စပို့လုပ်ရင်၊ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်စာရွက်စာတမ်း ရှိ သူဖြစ်ရမယ်။ လုပ်ငန်းရှင်ရှိသူဖြစ်ရမယ်။
အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားဖို့အ တွက်ဆိုရင်လုပ်ငန်းရှင်ရှိ ရမယ်။ ကျမ္မာရေးသွေးစစ်ဆေးချက်အောင်မြင်ကြောင်းစာရွက်စာတမ်းရှိရမယ်။
ဒါတွေရှိရင် ထိုင်းမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို
ထိုင်းနိုင်ငံအတွင်း မှာ
နေထိုင်ခွင့်ပြုပါတယ်။ ပန်းရောင် ဘတ်ကဒ်ပဲ လုပ်လုပ် အနီရောင်ပတ်စပို့
ပဲလုပ်လုပ် ခရမ်းရောင်ပတ်စပို့ပဲလုပ်လုပ်
ဘာအရောင်ပြောင်းပြောင်း ထိုင်း နဲ့ မဆိုင်တော့ဘူး။သူတို့ကအမြတ်ယူထားပြီးဖြစ်တယ်။
မြန်မာဘက်အခြမ်းမှာ၂၀၀၉ မတိုင်ခင်ကအထိ
ထိုင်းနိုင်ငံအတွင်းမှာသန်းချီရှိတဲ့အလုပ်သမားတွေဟာ ဘတ်ငွေ၃,၈၀၀ ထိုင်း အစိုးရကိုပေးသွင်းလိုက်ရင် ဆေးကုသခွင့်ရောအလုပ်လုပ်ခွင့်ပါတစ်နှစ်စာ
တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရရှိခဲ့တယ်။ ဘယ်ပွဲစားကုမ္ပဏီ နဲ့ ဘာသံရုံးကိုမှ ပေးစရာ မလိုခဲ့ပါ။ ဒီနောက်ပိုင်းကစပြီးတော့
Only Thailand ယာယီနိုင်ငံကူး လက်မှတ်စာအုပ်အနီးကို
အလုပ်သမားတွေ ဘတ်ငွေ တစ်သောင်းကျော် အကုန်ကျခံလုပ်ခဲ့ရတယ်။ ဒီနောက်မှာ မြန်မာကုမ္ပဏီ တစ်ခုနဲ့အလုပ်သမားဝန်ကြီးဌာနတို့
ပူးပေါင်းပြီးတော့ ခရမ်းရောင်ပတ်စပို့ ကို ထုတ်လုပ်ပြီးတော့အကြီအကျယ်စီးပွားရှာခဲ့ကြပါတယ်။ ခုတစ်ခါ နိုင်ငံကူး စာအုပ်ကြီး လဲပြန်တော့မယ်တဲ့။
Labels:
ဆောင်းပါး
17 February 2014
“လူကုန်ကူးခံရသည့်အလုပ်သမား ၅ဦးကိုကယ်ထုတ်”
မြတ်ညို (အလွတ်သတင်းထောက်)
၂၀၁၄ ဖေဖေါ်ဝါရီ ၁၇
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိေ သာ
ခြုံဘူရီခရိုင် စာသဟစ်မြို့ စမေး စံကမ်းခြေရှိ ချောင်းနှစ်ခွ တံတား
ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံ ထားရ သည့် မြန်မာအလုပ်သမား ၅ဦးအား
ပူးပေါင်းအဖွဲ့ များက ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ဖေဖေါ်ဝါရီ ၁၁
ရက်နေ့က မြ၀တီမြို့မှ ဝေယံလင်း ဆိုသူက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံး သို့ အကူညီတောင်းခံနေစဉ် မွန်ပိုက်ဆရာက
လက်ကိုင် ဖုန်းကို လုယူသွား သဖြင့် အချက်အလက်အသေးစိတ်မရရှိခဲ့ပေ။
Labels:
သတင်း
15 February 2014
“ရန်ကုန် မြ၀တီကားဂိတ်များ၏ မတရားမှုများအား အရေးယူသင့်”
မြတ်ညို(အလွတ်သတင်းထောက်)
၂၀၁၄-ခု ဖေဖေါ်ဝါရီလ
၁၅
ရန်ကုန်မြ၀တီပြေးဆွဲနေကြသည့် လိုင်းကားအချို့
ခရီသွားလုပ်သား ပြည်သူများအား မတရားမှု များစွာပြုလုပ်နေကြသော်လည်း အရေးယူဆောင် ရွက်ခြင်းတစ်စုံတစ်ရာမရှိခြင်းကြောင့်
ပိုမိုဆိုး ရွားနေကြောင်း ပြည်တော်ပြန် မြန်မာအလုပ်သမားများက ပြောသည်။
ရန်ကုန်သာကေတမှ
ကိုဇော်ဇော် က“ရန်ကုန်က ကျနော် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အာကာသ ကားဂိတ် က မြ၀တီကို တိုက်ရိုက်ကားလက်မှတ်
ဝယ် လာတာ။ ကျနော် ၁၃,၀၀၀ ကျပ်ပေးရတယ်။ ဒါပေမယ့်
ခရီးသည် အချို့ ၉,၀၀၀ ကျပ်ပဲပေးရတယ်။ ရန်ကုန်က
ဘားအံထိတော့ ကားကောင်းပါတယ်။ ဘားအံ ကိုရောက်တာ နဲ့ ကားပြောင်းတယ်။ ဟိုင်းလတ်ကားကို ၂ထပ်လုပ် ထားတာ။
Labels:
သတင်း
14 February 2014
"သင့်တော်တာက ပန်းရောင်ကဒ်ကလေးပါ"
“အရှိတရားကို ခွဲခြမ်းစိတ်ဖြာခြင်း”
ထိုင်းနိုင်ငံမှာရှိသမျှအလုပ်ရုံတိုင်း၊လုပ်ငန်းတိုင်းနဲ့အိမ်တိုင်းမှာ မြန်မာအလုပ်သမားတွေ အလုပ် လုပ်နေကြတယ်။ ထိုင်းနိုင်ငံကုန်ထုတ်စွမ်းအားေ တွ အားလုံးနီးပါး မြန်မာအလုပ်သမားတွေနဲ့ လည်ပတ်နေ တာဖြစ်တယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ယောက် တစ်နေ့ကို ဘတ်ငွေ ၃၀၀ (ကျပ်ငွေ ၉,၀၀၀) ခန့်စီ ပုံမှန်ရရှိကြတာကြောင့် မြန်မာမိသားစုတွေ ဖူဖူလုံလုံ နေထိုင်စားသောက်နိုင်ကြတယ်။
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားတွေ အတွက် လုပ်ကိုင်စရာ အလုပ် မရှိ၊ ရှိတဲ့အလုပ်ကလည်း တစ်ယောက် ထမင်း မ၀ချင်။ ဥပမာ BED ဘွဲ့ရ အထက်တန်းပြ ကျောင်း ဆရာ တစ်ယောက်ဟာ (ကျပ်ငွေ တစ်သိန်းနှစ်သောင်း) ပဲရတော့ ရန်ကုန်မြို့မှာ အိမ်ငှါးခ ပေးလိုက် တာနဲ့ နေ့စဉ် လိုင်းကားခနဲ့ စားဝတ်နေရေးအတွက် ဘယ်လိုမှ မဖြေရှင်းနိုင် ကြတော့ပါ။ ဒါကြောင့် အလုပ်လုပ်နို င်တဲ့ မြန်မာနိုင်ငံသားတွေ နေ့တိုင်း ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ ၀င်ရောက်လာနေကြဆဲဖြစ်တယ်။
Labels:
ဆောင်းပါး
“မြန်မာအလုပ်သမားများအထူးသတိပြုသွားလာသင့်”

မြတ်ညို ( အလွတ်သတင်းထောက်) ၂၀၁၄-ခု
ဖေဖေါ်ဝါရီ ၁၃ ရက်
မြ၀တီမဲဆောက်မှ ဘန်ကောက်မြို့သို့
လိုင်းကားဖြင့် လာခဲ့သည့် တရားဝင်မြန်မာအလုပ် သမတစ်ဦးအား အငှါးကား(တက္ကစီ) မောင်းသူက
အခြားအရပ်ဒေသသို့ခြိမ်းခြောက်ခေါ်ဆောင်သွားခြင်း အားMATအဖွဲ့က ယနေ့နံနက်ကအချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။
အသက် ၂၀ အရွယ် မ……သည် ဘန်ကောက်မြို့ မော်ချစ်အဝေး ပြေးကားဂိတ် မှ သူမနေထိုင်ရာ ဖက်ကဆင် လမ်း(.....) သို့ သွားရန် အငှါး ကားကို
ငှါးရမ်းခဲ့ခြင်းဖြစ်သည်။ ကားသမားက မိမိသွားလိုရာသို့မသွားပဲ အယု ဒ္ဓယမြို့ဘက်သို့ ပြောင်းပြန်မောင်း ရာ
သူမ က ကားရပ်ပေးရန် ပြောဆို ခဲ့ရာ ကားသမားက ဘတ်ငွေ ၄၅၀၀ ပေးမှ ကားရပ်ပေး မည်ဟု ပြန်လည်ြေ ပာ ဆိုခဲ့သည်။
Labels:
သတင်း
11 February 2014
“၁နှစ်ကြာလူကုန်ကူးခံခဲ့ရသူပြန်လွတ်လာပြီ”
ကိုတီး
၂၀၁၄ ဖေဖေါ်ဝါရီလ
၁၁ ရက်
ပြီးခဲ့သည့်ရက်ပိုင်းက
ပွဲစားများ ၀ှက် ထားခဲ့သည့် မြန်မာအလုပ်သမား ယနေ့နံနက် ပိုင်းက ပြန်လည် လွတ် မြောက်လာခဲ့ပြီးဖြစ်သည်။
ကရင်ပြည်နယ်
ဘားအံမြို့မှ အဖ ဦးသန်း အမိ ဒေါ်ပုတို့၏ သား အသက် ၁၇ နှစ်အရွယ် အောင်ကိုမင်း မှာ ငါးဖမ်းလှေပေါ် တွင်
၁နှစ် ကြာရောင်း စားခံခဲ့ရာမျ ပြန်လည် လွတ်မြောက် လာ ခဲ့ပြီဖြစ် သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က
အခြားအလုပ်သမား ၄ဦးအား ပူးပေါင်း အဖွဲ့များက ကယ်ထုတ်စဉ် ကျန်နေခဲ့သော ငါးဖမ်းလှေ အလုပ် သမားဖြစ်သည်။
အလုပ်သမားကို ရွာလူကြီးတောင်းပေးသဖြင့် ဘတ်ငွေ ၂,၀၀၀ သာရှင်းပေးခဲ့ပြီး ခြုံဘူရီ ချောင်းစမေးစံ တွင်ဖွင့်လှစ်ထားသော လူကုန်
ကူးခံရသူများ ယာယီစောင့်ေ ရှာက်ရေးဂေသို့ ပို့ဆောင်ထားခဲ့သည်။ ထိုမှတစ်ဆင့် ထိုင်းလ၀ရုံးချုပ်သို့
ပို့ဆောင်ပြီး မြန်မာနယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
Labels:
သတင်း
“နိုင်ငံတော်အစိုးရအနေဖြင့် အထူးသတိထားသင့်”
မြတ်ညို ၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၁၁ ရက်
ထိုင်းနိုင်ငံတွင်၎ နှစ် သက်တမ်းပြည့်သွား သည့် မြန်မာအလုပ် သမား
များ၏ ပတ်စပို့များပြန်လည် ဆောင်ရွက်မည့်လုပ်ငန်းစဉ် အတွင်း မြန်မာနိုင်ငံ သားမှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်း(မှတ်ပုံတင်)အား အွန်လိုင်းစနစ်ဖြင့် တစ်ဦးတည်းလုပ် ကိုင် ခွင့် ရရှိရန်ကြိုးပမ်နေသူ ရှိနေကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံတွင်၎ နှစ် သက်တမ်းပြည့်သွား သည့် မြန်မာအလုပ် သမား
များ၏ ပတ်စပို့များပြန်လည် ဆောင်ရွက်မည့်လုပ်ငန်းစဉ် အတွင်း မြန်မာနိုင်ငံ သားမှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်း(မှတ်ပုံတင်)အား အွန်လိုင်းစနစ်ဖြင့် တစ်ဦးတည်းလုပ် ကိုင် ခွင့် ရရှိရန်ကြိုးပမ်နေသူ ရှိနေကြောင်းသိရှိရသည်။
ပတ်စပို့အကျိုးဆောင် ကုမ္ပဏီဒါရိုက်တာ
တစ်ဦးက “ပြီးခဲ့တဲ့ နှစ်က မဲဆောက်မှာ ထိုင်းရဲတစ်ဦး မြန်မာ မှတ်ပုံတင် အတုလုပ်ပေးခဲ့တယ်။ ဘတ်ငွေ ၆၀၀၀ နဲ့
ဓါတ်ပုံ ပေးလိုက် ညနေဆိုရင် မြန်မာ မှတ်ပုံတင် ရပြီး၊ ဒီကိစ္စအချက်အလက်တွေ မြ၀တီဘက်မှာတာဝန်ကျခဲ့တဲ့ အလုပ်သမားအရာ ရှိ ဗိုလ်ကြီး
မိုးအောင်ခိုင် ဆီမှာရှိနေတယ်။ ပတ်စပို့အတုတွေဖမ်းမိတယ်။ ဘာမှအရေးမယူဘူး။ အနာဂတ်မှာ
နိုင်ငံ သားဖြစ်ရေးနဲ့ပါ ပြဿနာတက် လာနိုင် တဲ့ နိုင်ငံသား စီစစ်ခြင်းအလုပ်ကို မလေးရှားမှာလို
တစ်ဦးတည်း မူပိုင် ရချင်တာ။ မလေးရှားမှာ ကုလားတွေ အများကြီး ဗမာနိုင်ငံကူးလက် မှတ်တွေရသွားကြပြီ။
လက်ဗွေ စကင်ဖတ်ပြီး ပိုင်လော့ ပရောဂျက် လုပ်ခွ င့်လျှောက်ထားတယ်ဆိုတော့၊ တိုင်းပြည် ကို
ရောင်းစားတာပဲ။ ရနောင်နဲ့ မြ၀တီ မှာ ပတ်စပို့စာအုပ်အတု အလုပ်သ မားခေါ်စာအတုတွေ မိနေတာလည်း
မြန်မာအစိုးရ ခုထိအရေးယူတာ မကြားဖူးသေးဘူး” ဟုပြော သည်။
Labels:
သတင်း
08 February 2014
“လူကုန်ကူးခံသည့်မြန်မာ၎ဦးအားMAT အဖွဲ့ကယ်တင်”
ကိုတီး
၂၀၁၄ ခု ဖေဖေါ်ဝါရီလ
၈
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသော
ခြုံဘူရီခရိုင် အချောင်ငါးဖမ်းလှေဆိပ်တွင် ၈လကြာရောင်းစားခံခဲ့ရသည့် မြန်မာ၎ဦးအား
MAT အဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့က ကယ်တင်နိုင်ခဲ့ သည်။
အချောင်ငါးဖမ်းလှေဆိပ် ဝေတာစင်တံတား၊ ငါးမန်းလှေအမှတ်(၅)ပေါ်တွင်
၈လကြာ ရောင်းစားခံနေ ခဲ့ရာမှ လွတ်မြောက်ာသူများမှာ တနင်္သာရီတိုင်း ရေးမြို့မှ အသက်၁၅နှစ်အရွယ်
ကရင်လူငယ် အယ်မိုင်မိုင်၊ အသက်၁၇ နှစ်အရွယ် မောင်မွန်ချမ်း နှင့် အသက် ၆၀ အရွယ် ဦးသံလုံး
တို့နှင့် မော်လမြိုင် မြို့ မှ အသက် ၁၅ နှစ်အရွယ် ကျော်ဝင်းထွန်း တို့ဖြစ်ကြသည်။ မော်လမြိုင်မြို့မှ
အသက် ၁၇ နှစ် အရွယ် အောင်ကိုမင်း ကိုမူ ပိုက်ဆရာများ ရှောင်တစ်ခင် ဖျောက်ဖျက်နိုင်ခဲ့မှုကြောင့်
မကယ်ထုတ်နိုင် ခဲ့ပေ။
Labels:
သတင်း
Subscribe to:
Posts (Atom)







