08 February 2014

“လူကုန်ကူးခံသည့်မြန်မာ၎ဦးအားMAT အဖွဲ့ကယ်တင်”





 ကိုတီး
၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၈ 
                   ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသော ခြုံဘူရီခရိုင် အချောင်ငါးဖမ်းလှေဆိပ်တွင် ၈လကြာရောင်းစားခံခဲ့ရသည့်   မြန်မာ၎ဦးအား MAT အဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့က ကယ်တင်နိုင်ခဲ့ သည်။

       အချောင်ငါးဖမ်းလှေဆိပ် ဝေတာစင်တံတား၊ ငါးမန်းလှေအမှတ်(၅)ပေါ်တွင် ၈လကြာ ရောင်းစားခံနေ ခဲ့ရာမှ လွတ်မြောက်ာသူများမှာ တနင်္သာရီတိုင်း ရေးမြို့မှ အသက်၁၅နှစ်အရွယ် ကရင်လူငယ် အယ်မိုင်မိုင်၊ အသက်၁၇ နှစ်အရွယ်   မောင်မွန်ချမ်း နှင့် အသက် ၆၀ အရွယ် ဦးသံလုံး တို့နှင့် မော်လမြိုင် မြို့ မှ အသက် ၁၅ နှစ်အရွယ် ကျော်ဝင်းထွန်း တို့ဖြစ်ကြသည်။ မော်လမြိုင်မြို့မှ အသက် ၁၇ နှစ် အရွယ် အောင်ကိုမင်း ကိုမူ ပိုက်ဆရာများ ရှောင်တစ်ခင် ဖျောက်ဖျက်နိုင်ခဲ့မှုကြောင့် မကယ်ထုတ်နိုင် ခဲ့ပေ။

        ယမန်နေ့ညနေ ၅နာရီခန့်က ဘန်ကောက်မြို့ဖက်ခနုန် အရပ်မှ မသဲငယ် ဆိုသည့် အမျိုးသမီးကဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT အဖွဲ့သို့ အကူညီတောင်းခံခဲ့သည်။ MATအဖွဲ့ကလည်း ပူးပေါင်းေ ဆာင်ရွက်နေကြသည့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူး   ထောက် လှမ်းရေးတပ်ဖွဲ့ DSI, ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် တို့နှင့်တိုင်ပင်လျှင် အချိန်မီ စီစဉ်ပြင်ဆင်ခဲ့ကြသည်။

    MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းမှာ လူကုန်ကူးမှုက   လျှော့မသွားပါဘူး။ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းက ထိုင်းနဲ့မြန်မာအစိုးရနဲ့ ကျနော်တို့ပူးပေါင်းလုပ်ကိုင်မှ လုပ်လို့ရတဲ့အလုပ်ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရ လူကုန် ကူးမှုတိုက်ဖျက်ရေးကို ဒီမူအတိုင်းလုပ်နေကြလို့ကတော့ ဒီထက်မက အခြေအနေ ဆိုးဝါးလာဖို့ပဲရှိပါတယ်၊ ထိုင်းငါးဖမ်းလှေတိုင်းမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ   ရောင်းစားခံနေရတာပါ။ဗမာတွေအတွက်တော့ ကျနော်တို့အလွန်ပဲစိတ်ထိခိုက် ရပါတယ်။ မြန်မာတွေ လူကုန်ကူးခံနေရမှုဟာစိုးရိမ်မှတ်မှာရှိနေပါတယ်၊ အခြေအနေ ဆိုးနေပါတယ်” ဟုပြောသည်။

     MAT အဖွဲ့သည် ဇန်န၀ါရီလ ၁၀ ရက်နေ့က အဆိုပါ လှေဆိပ်မှ မြန်မာနှစ်ဦးအား ကယ်တင်ခဲ့ပြီး ယမန်နေ့က မြ၀တီလူကုန်တားအဖွဲ့သို့ လွှဲအပ်နိုင်ခဲ့သည်။ MAT အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၃ နှစ်က လူကုန်ကူးမှုပေါင်း ၄၂ကြိမ် နှိမ်နင်းခဲ့ရာ အလုပ်သမားပေါင်း ၂၆၄ဦးတို့အား ကယ်ထုတ်နိုင်ခဲ့သည်။  ကယ်ဆယ်ရေးစခန်းများထဲတွင် အမှုရင်ဆိုင်နေရသည့် လူကုန်ကူးခံအလုပ် သမားပေါင်းဆယ်ချီ၍လည်း ရှိနေ ဆဲဖြစ်ကြောင်း သိရှိရသည်။