မြန်မာအလုပ်သမား၁၀ဦးအား ကားငယ်တစ်စီးဖြင့်ဘန်ကောက် သို့ တင်ပို့ရန်လာသည့် ထိုင်း ယာဉ် ထိန်း ပုလိပ်တစ်ဦးအား
မဲဆောက်မြို့ အထွက် ထဆိုင်လွရပ်ကွက် ဟွေ ဟင်ဖွန်
စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ လိုက်ကြောင်း TNN24
News
တွင်ယမန်နေ့ညဥ့်နက်ပိုင်းတွင် ထုတ်လွှင့်ပြ သွားသည်။
အနီရောင် HONDA အမျိုးအစား
ကားနံပါတ် 5066 ဘန်ကောက် လိုင်စင်
တပ်ဆင်ထားသည့် ကားဖြင့် တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။ စစ်ဆေးချက်များအရ
အဆိုပါကားမှာ မြန်မာနိုင်ငံဘက်သို့ရောင်း ချထားသည့် ကားဖြစ်ကြောင်းပေါ်လွင်သည်ဟု
သတင်းတွင်ပြသသည်။

ထို့ကြောင့်တရားမ၀င်ကားရောင်းဝယ်မှုဖြင့်ပါ အမှု ဖွင့်ထားကြောင်းသတင်းကဆိုသည်။ဖမ်းဆီး ခံထား ရသည့်ထိုင်းယာဉ်ထိန်းပုလိပ်က စားဝတ်နေရေး ကြပ်တည်းသဖြင့်တရားမ၀င် အလုပ်သမားများအား တင်ပို့ရခြင်းဖြစ်ကြောင်းထွက်ဆိုသည်ဟု
သတင်း တွင်ဖေါ် ပြထားသည်။