15 February 2014

“ရန်ကုန် မြ၀တီကားဂိတ်များ၏ မတရားမှုများအား အရေးယူသင့်”

             မြတ်ညို(အလွတ်သတင်းထောက်)

၂၀၁၄-ခု ဖေဖေါ်ဝါရီလ ၁၅

           ရန်ကုန်မြ၀တီပြေးဆွဲနေကြသည့် လိုင်းကားအချို့ ခရီသွားလုပ်သား   ပြည်သူများအား မတရားမှု များစွာပြုလုပ်နေကြသော်လည်း အရေးယူဆောင် ရွက်ခြင်းတစ်စုံတစ်ရာမရှိခြင်းကြောင့် ပိုမိုဆိုး ရွားနေကြောင်း   ပြည်တော်ပြန်    မြန်မာအလုပ်သမားများက ပြောသည်။

ရန်ကုန်သာကေတမှ ကိုဇော်ဇော် က“ရန်ကုန်က ကျနော် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က အာကာသ ကားဂိတ် က မြ၀တီကို တိုက်ရိုက်ကားလက်မှတ် ၀ယ် လာတာ။ ကျနော်  ၁၃,၀၀၀ ကျပ်ပေးရတယ်။ ဒါပေမယ့် ခရီးသည် အချို့ ၉,၀၀၀ ကျပ်ပဲပေးရတယ်။  ရန်ကုန်က ဘားအံထိတော့ ကားကောင်းပါတယ်။ ဘားအံ ကိုရောက်တာ နဲ့ ကားပြောင်းတယ်။ ဟိုင်းလတ်ကားကို  ၂ထပ်လုပ် ထားတာ။ 

ဖျာစုတ်တစ်ချပ်ခင်းထားတယ်။ အဲဒါနဲ့လာခဲ့ရတယ်။ သွားချင်သွား မသွား ချင်နေတဲ့။ ကျနော်တို့လည်း မသွားပဲမနေနိုင်တော့ ဖုန်တစ်ထောင်း   ထောင်း နဲ့ မြ၀တီကို လာခဲ့ရပါတယ်။ နိုင်ငံခြားသားလင်မယား ၂ယောက် ပါတယ်။ သူတို့နိုင်ငံကိုရောက်သွားတဲ့အခါ ကျနော်တို့ ဗမာပြည်သယ်ယူပို့   ဆောင်ရေးကို ဘယ်လို ပြောကြမလဲ၊ အဲဒီအတွက်တော့ ကျနော် အထူး စိတ်မကောင်းဖြစ်မိတယ်၊ နိုင်ငံခြားသား ကားပေါ်ပါတာကို ကော့ကရိတ်ဂိတ် မှာသတင်းမပို့ပဲမောင်းတာ ဒီလောက်စည်းပျက်ကမ်း ပျက်ဖြစ်ေ နတာပါ။ ” ဟုပြောသည်။

             မြ၀တီရန်ကုန် ပြေးဆွဲနေသည့် လိုင်းကားအတော်များများတို့သည် ခရီးသွားလုပ်သားပြည်သူ များအား ထိုသို့ ပြုမူနေသည် မှာကြာပြီဖြစ်ကြောင်း သိရှိရသည်။ ပဲခူးမြို့သား အလုပ်သမားတစ်ဦးက “အဲယားကွန်း(လေအေးပေး စက်နဲ့သွားရမယ့်ကား၊ လေအိပ်ကား၊ ဘာညာပြောပြီးတော့ လက်မှတ်ရောင်း တာ တကယ့်တကယ်ကျတဲ့အခါ ဟိုင်းလတ်ကားစုတ်တွေ နဲ့ ၂ထပ်တင်နေ တာ မြ၀တီအာဏာပိုင်တွေနဲ့ ဘားအံ မြို့အာဏာပိုင်တွေမြင်မှာပါ။

 ရောင်းတဲ့ အတိုင်း ၀န်ဆောင်မှု ပေးစေချင် တယ်။ ဟိုင်းလတ် ကားစုတ်မှာ၂ထပ်လုပ်ပြီး   လိမ်ယူ တာတော့ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ ထိုင်းနိုင်ငံက အဝေးပြေးဂိတ်တွေမှာ ကိုယ်သွားလို တဲ့နေရာကို ရိုးရိုးလက်မှတ်ဝယ်မလား၊ အထက်တန်းလက်မှတ်ဝယ်မလား၊ ကိုယ်တတ်နိုင်တဲ့ အဆင့် အတန်းနဲ့ လက် မှတ်ဝယ်။ အေးဆေးသွားလို့ရတယ်။ ဗမာပြည်မှာက ကားဂိတ်တစ်ခုကို အထုတ်နဲ့ အပိုးနဲ့ ၀င်သွားလိုက်တာနဲ့တပြိုင်နက် လက်မှတ်ပွဲစား၊ ဂိတ်ပွဲစားေ တွ ၀ိုင်အုံပြီး အိပ်ကို ၀ိုင်းလုကြတာ။ ဒီမြင်းကွင်းတွေ ဒီခေတ်မှာ မရှိတော့ေ အာင် မြန်မာ အစိုးရသစ်လက်ထက်မှာ အမြန်ဆုံးလုပ်ပေးစေချင် ပါတယ်” ဟုပြောသည်။


     မြ၀တီနှင့် ပြည်မသို့ ဆက်သွယ်ထားသည့် ဒေါနတောင်တန်းကားလမ်းမှာ အလွန်ကျဉ်းမြောင်းသဖြင့် အတက်တစ်ရက် အဆင်တစ်ရက်သတ်မှတ်ထား   သော် လည်း ကုန်တင်ကားအချို့မှာ ပြောင်းပြန်မောင်းနှင် နေခြင်း ရှိနေ သဖြင့် ယာဉ်အန္တရာယ်အတွက် အလွန်စိုးရိမ်ရကြောင်း ခရီးသွား အလုပ်သမားများကပြော သည်။ ဟိုင်းလတ်ကားများဖြင့် လိုက်ပါလာသည့် ခရီးသည် များအား သက်ဆို င်ရာ  အာဏာပိုင်များ မေးကြည့်ပါက ကားဂိတ်များမှ လိမ် လည်နေမှုများ ချက်ခြင်းပေါ်ပေါ က် မည်ဖြစ်ကြောင်း၊ အလိမ်ခံကြရသည့် အလုပ်သမားများကပြောဆိုကြသည်။