11 February 2014

“၁နှစ်ကြာလူကုန်ကူးခံခဲ့ရသူပြန်လွတ်လာပြီ”

             
ကိုတီး 

၂၀၁၄ ဖေဖေါ်ဝါရီလ ၁၁ ရက်
               ပြီးခဲ့သည့်ရက်ပိုင်းက ပွဲစားများ ၀ှက် ထားခဲ့သည့်   မြန်မာအလုပ်သမား ယနေ့နံနက် ပိုင်းက ပြန်လည် လွတ်   မြောက်လာခဲ့ပြီးဖြစ်သည်။
ကရင်ပြည်နယ် ဘားအံမြို့မှ အဖ ဦးသန်း အမိ   ဒေါ်ပုတို့၏ သား အသက် ၁၇ နှစ်အရွယ် အောင်ကိုမင်း မှာ ငါးဖမ်းလှေပေါ် တွင် ၁နှစ် ကြာရောင်း စားခံခဲ့ရာမျ ပြန်လည် လွတ်မြောက် လာ ခဲ့ပြီဖြစ် သည်။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့က အခြားအလုပ်သမား ၄ဦးအား ပူးပေါင်း အဖွဲ့များက ကယ်ထုတ်စဉ် ကျန်နေခဲ့သော ငါးဖမ်းလှေ အလုပ် သမားဖြစ်သည်။  
     အလုပ်သမားကို ရွာလူကြီးတောင်းပေးသဖြင့် ဘတ်ငွေ ၂,၀၀၀ သာရှင်းပေးခဲ့ပြီး ခြုံဘူရီ ချောင်းစမေးစံ တွင်ဖွင့်လှစ်ထားသော လူကုန် ကူးခံရသူများ ယာယီစောင့်ေ ရှာက်ရေးဂေသို့ ပို့ဆောင်ထားခဲ့သည်။ ထိုမှတစ်ဆင့် ထိုင်းလ၀ရုံးချုပ်သို့ ပို့ဆောင်ပြီး   မြန်မာနယ်စပ်သို့ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ထိုင်းမှာ ကျနော်တို့လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နေရတာ၊ ကိုယ့်နိုင်ငံသားကိုပြန်ရရုံပဲ။ လုပ်အားခ လည်းမရဘူး။ ပွဲစားတွေကိုလည်း မဖမ်းဘူး။ လူကုန်ကူးခံရတဲ့အလုပ်သမားတွေကို ခိုင်းစေနေတဲ့ အဓမ္မ ကျွန်ပြုနေတဲ့ထိုင်းလုပ်ရှင်   တွေကိုလည်း အရေးမယူဘူး၊ အကျဉ်းအကြပ်ထဲက ကျနော်တို့ လုပ်နေရ တာပါ” ဟုပြောသည်။
       ယမန်နေ့ကထက် ယခုနှစ်တွင် လူကုန်ကူးခံရသူများ လွတ်မြောက်အောင်   ဆောင်ရွက်ရခြင်းမှာ ပိုမိုခက်ခဲနေကြောင်း ဆက်လက်ပြောဆိုသည်။