14 February 2014

“မြန်မာအလုပ်သမားများအထူးသတိပြုသွားလာသင့်”




မြတ်ညို ( အလွတ်သတင်းထောက်) ၂၀၁၄-ခု ဖေဖေါ်ဝါရီ ၁၃ ရက်

            မြ၀တီမဲဆောက်မှ ဘန်ကောက်မြို့သို့ လိုင်းကားဖြင့် လာခဲ့သည့် တရားဝင်မြန်မာအလုပ် သမတစ်ဦးအား အငှါးကား(တက္ကစီ) မောင်းသူက အခြားအရပ်ဒေသသို့ခြိမ်းခြောက်ခေါ်ဆောင်သွားခြင်း အားMATအဖွဲ့က ယနေ့နံနက်ကအချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

          အသက် ၂၀ အရွယ် မ……သည် ဘန်ကောက်မြို့ မော်ချစ်အဝေး   ပြေးကားဂိတ် မှ သူမနေထိုင်ရာ ဖက်ကဆင် လမ်း(.....) သို့ သွားရန် အငှါး ကားကို ငှါးရမ်းခဲ့ခြင်းဖြစ်သည်။ ကားသမားက မိမိသွားလိုရာသို့မသွားပဲ အယု ဒ္ဓယမြို့ဘက်သို့ ပြောင်းပြန်မောင်း ရာ သူမ က ကားရပ်ပေးရန် ပြောဆို ခဲ့ရာ ကားသမားက ဘတ်ငွေ ၄၅၀၀ ပေးမှ ကားရပ်ပေး  မည်ဟု ပြန်လည်ြေ ပာ  ဆိုခဲ့သည်။


             မ……. က “ ကျမ မှာ စာရွက်စာတမ်း အပြည့်အစုံပါပေမယ့် မဲဆောက်က ထွက်က တည်းက တစ်ဂိတ်ကို ဘတ် ၁၀၀စီပေးလာခဲ့ ရ တာ။ ကျမမှာ ဘတ်ငွေ ၄၀၀ပဲ ရှိပြီ။ ကားသမား မားက ကျမကိုခြိမ်းခြောက်လာတယ်။ နင်းတို့ ဗမာတွေဘာဖြစ်တယ်ညာဖြစ်
တယ်ဆိုပြီး             အော်ငေါက်ပြောလာတယ်။ ကျမ လည်း MAT အဖွဲ့ဖုန်းကို ဆက်ပြီး အကူညီတောင်းလိုက်လို့  ဘေးမသီ ရန်မခပဲ ပြန်ရောက်ခဲ့တာပါ၊ MAT အဖွဲ့ကို အထူးကျေးဇူးတင်တယ်ရှင်” ဟုပြောသည်။

        ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ရုံးတာဝန်ခံ ကိုစိုင်းအေး နံနက် ၃နာရီခန့် အချိန် အိပ်မော ကျနေစဉ် ဖုန်း ၀င်လာသဖြင့် အိပ်မှုံစုံမွှားဖြင့် ဖုန်းကိုင်ခဲ့သည်။ ထို့နောက် သူမအား ကားတံ  တွင် သွပ်ပြားဖြင့်ရေးထားသည့် ကားနံပါတ်ကိုမေးပြီး ကားအရောင် စသည် တို့ကို မေးလိုက်သည်ဟုဆိုသည်။ ကားသမားမှာ စကားမပြောလိုပဲ အကြိမ် ကြိမ်ငြင်းဆန်ခဲ့သည်။

       ကိုစိုင်းအေး က “ကားနံပါတ် 7013 မပာုတ်လားရောက်နေတဲ့နေရာမှာ ရပ်ထားလိုက်ပါ၊ သက်ဆိုင်ရာ ပုလိပ်က ခေါ်လာလိမ့်မယ်ဆိုပြီး ကျနော်ပြော လိုက်တယ်။ တက္ကစီသမားက ပုလိပ်နဲ့ တိုင်ရအောင် ငါဘာလုပ်လို့လဲတဲ့။ ဘန်ကောက် ဖက်ကဆင် လမ်းကိုသွားတာ အယုဒ္ဓ ကို မောင်းသွားကတည်း က မင်း မရိုးမသားလုပ်တာပဲ၊ ဒါကြောင့် မင်းကို ငါ အခု ပုလိပ်ကို လှမ်းဖုန်း ဆက်လိုက်မယ်လို့ပြောလိုက်တယ်။ နောက်တော့ သူက မလုပ်ပါနဲ့ သူသွား ချင်တဲ့နေရာ ကိုရောက်အောင် ပို့လိုက်ပါမယ်၊ဒါပေမယ့် ဆီးဖိုးကုန်ကျငွေ ကိုတော့  ပေးပါဆိုပြီး ညှိနှိုင်း အဆင်ပြေသွားတာပါ” ဟုပြောသည်။     ထိုင်းနိုင်ငံတွင် ထိုင်းပုလိပ်နှင့် ထိုင်းလူမိုက်တို့နှင့်အတူ အငှါးကား (တက္ကစီ)   မောင်းသူအချို့တို့ သည် မြန်မာအလုပ်သမားမှန်သိသည်နှင့်တပြိုင်နက် အဓမ္မပြုကျင့်ခြင်း၊ အဓမ္မငွေကြေးတောင်းခံ ခြင်းနှင့် ခရီးဝေးမှ လှည့်ပတ်သွား လာခြင်းများပြု လုပ်လေ့ရှိကြသည်။

   ဖေဖေါ်ဝါရီလ၂ ရက်နေ့က ဘန်ကောက်မြို့ ဘန်ဖီ အထည်ချုပ်အလုပ်ရုံတစ်ရုံမှ မြန်မာ အမျိုးသမီး ၂ဦး မိတ်ဆွေ အခန်းသို့ တက္ကစီ ငှါး၍ သွားရောက်ခဲ့ကြရာ ကားသမားက ကရင်အမျိုးသမီး ငယ်တစ်ဦး အား ပြည့်တန် ဆာ လုပ်ငန်းသို့ရောင်းချခဲ့ရပြီး ယနေ့တိုင် ရှာဖွေ မရဖြစ်နေဆဲဖြစ်သည်။ MAT အဖွဲ့နှင့် AHTD တို့ကြိုးစားဆောင်ရွက်နေကြစဉ်၊ အစ်ကိုဖြစ်သူ နှင့်အဖွဲ့အစည်းတစ်ခုတို့က ပူးပေါင်းရှာဖွေခဲ့သဖြင့် ၁၀ ရက် တိုင်တိုင် အလိုမတူပဲ ကားသမား အဓမ္မပြုကျင့်ခြင်းကိုခံနေခဲ့ရသည့် ဗမာ အမျိုးသမီးငယ်မှာမူ ပြန်လည်လွတ်မြောက်လာ ခဲ့ပြီးဖြစ် ပါသည်။
             MAT ရုံးတာဝန်ခံ ဦးစိုင်းအေး က “ ကျနော်တို့ ရုံးအဖွဲ့က ၃ဦး   မြ၀တီမှာ ငွေလဲဒိုင်တွေကို သွားဖမ်းပြီး ပြန်လာတုန်းက တက္ကစီ မောင်း သမား က ဂဂျီဂဂျောင်လုပ်လို့ ကျနော်တို့ နီးစပ်ရာ ရဲစခန်း ထဲကို မောင်းခိုင်း ပြီး ဖြေရှင်းလိုက်ရသေးတယ်။ အဲဒါ ကျနော်တို့ ပုလိပ်တွေနဲ့ နေ့တိုင်းရင်ဆိုင်   ဖြေရှင်းနေကြတဲ့ ယောက်ျား ရင့်မကြီးတွေနှော်။ ကျနော်တို့ ၃ယောက်ကို ကားသမား တစ်ယောက် တည်းက ဖြဲခြောက်တာ။ ဒါကြောင့် မြန်မာအလုပ် သမားတွေ အသားအလာ အထူးသတိ ထားကြ ပါလို့ ပြောချင်ပါတယ်” ဟု   ပြောဆိုသည်။
             ယမန်နေ့နေ့လည်က မဟာချိုင်တွင် ပတ်စပို့ရှိသည့် မြန်မာအလုပ် သမား ၂ဦးထံမှ ပတ်စပို့ သက်တမ်းကုန်ဆုံးနေပြီး ဟုအကြောင်းပြလျှက် တစ်ဦးလျှင် ဘတ်ငွေ ၅၀၀၀ ပေးရမည်ဟု ငွေညှစ်သည်ကို MAT အဖွဲ့က ၀င်ရောက်ဖျန်းဖြေခဲ့သဖြင့် ဘတ်ငွေ ၁၅၀၀ဖြင့် အဆင်ပြေခဲ့ရသည်။
     MAT အဖွဲ့သည် မဟာချိုင်တွင် ပုလိပ်များ ဖမ်းဆီးငွေတောင်းခံမှုကို VDO ရိုက်ကူးလျှက် ထိုင်းအစိုးရ ဗဟိုရဲဌာနချုပ်သို့ တိုင်ကြားခဲ့သော်လည်း တစ်စုံ တစ်ခု အကောင်အထည်ဖေါ်ခြင်းမတွေ့ ရသေးပေ။
       ပတ်စပို့ရှိသည့် မြန်မာအလုပ်သမားများအား မဟာချိုင်ပုလိပ်များ ဖမ်း ဆီးငွေတောင်းခြင်း၊ မဲဆောက်မှ ဘန်ကောက်သို့ လာသည့် တရားဝင် အလုပ် သမားတိုင်းအား ငွေကြေးတောင်းခံနေခြင်းတို့အား မြန်မာအစိုးရ က ထိထိေ ရာက်ရောက်ပြောဆို၊ ဖြေရှင်းပေးမှ ယခုလုပ်ရပ်များပျောက်ကွယ်သွားမည်   ဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။