14 February 2014
"သင့်တော်တာက ပန်းရောင်ကဒ်ကလေးပါ"
                          “အရှိတရားကို ခွဲခြမ်းစိတ်ဖြာခြင်း”
           ထိုင်းနိုင်ငံမှာရှိသမျှအလုပ်ရုံတိုင်း၊လုပ်ငန်းတိုင်းနဲ့အိမ်တိုင်းမှာ မြန်မာအလုပ်သမားတွေ အလုပ် လုပ်နေကြတယ်။ ထိုင်းနိုင်ငံကုန်ထုတ်စွမ်းအားေ တွ အားလုံးနီးပါး မြန်မာအလုပ်သမားတွေနဲ့ လည်ပတ်နေ တာဖြစ်တယ်။  ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတစ်ယောက် တစ်နေ့ကို ဘတ်ငွေ ၃၀၀ (ကျပ်ငွေ ၉,၀၀၀) ခန့်စီ ပုံမှန်ရရှိကြတာကြောင့် မြန်မာမိသားစုတွေ ဖူဖူလုံလုံ   နေထိုင်စားသောက်နိုင်ကြတယ်။
             မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်တဲ့ နိုင်ငံသားတွေ အတွက် လုပ်ကိုင်စရာ အလုပ် မရှိ၊ ရှိတဲ့အလုပ်ကလည်း တစ်ယောက် ထမင်း မ၀ချင်။  ဥပမာ BED ဘွဲ့ရ အထက်တန်းပြ ကျောင်း ဆရာ တစ်ယောက်ဟာ (ကျပ်ငွေ တစ်သိန်းနှစ်သောင်း) ပဲရတော့ ရန်ကုန်မြို့မှာ အိမ်ငှါးခ ပေးလိုက် တာနဲ့ နေ့စဉ် လိုင်းကားခနဲ့ စားဝတ်နေရေးအတွက် ဘယ်လိုမှ မဖြေရှင်းနိုင် ကြတော့ပါ။ ဒါကြောင့် အလုပ်လုပ်နို င်တဲ့ မြန်မာနိုင်ငံသားတွေ နေ့တိုင်း ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ ၀င်ရောက်လာနေကြဆဲဖြစ်တယ်။
                   “၄နှစ်သက်တမ်းကုန်နေတဲ့ပတ်စပို့အခက်အခဲ”
        ထိုင်းနိုင်ငံအတွင်းမှာ လေးနှစ် သက်   တမ်းပြည့် သွား တဲ့အလုပ်သမားတွေ အခက် အခဲဖြစ်နေကြတယ်။ အင်တာ နယ်ရှင်နယ် ပတ်စပို့ကြီး ထုတ်ပေး မယ်လို့ မြန်မာအစိုးရ က ပြောခဲ့ပြန်တယ်။ အဲဒီမှာ အခက်အခဲကြုံ ကြ ရတော့မှာဖြစ်တယ်။ နိုင်ငံကူးလက်မှတ်(ပတ်စပို့) လုပ်ထုံးလုပ်နည်းအရဆိုရင် အိမ်ထောင်စု စါရင်းရှိရမယ်။ မြန်မာမှတ်ပုံတင်ရှိရမယ်။ ထိုင်းမှာ လက်ရှိရော က်နေကြတဲ့ သုံးလေး သန်းသောမြန်မာတွေ မှာ  ဒါတွေ ရှိသူ ရာခိုင်နုန်း အတော်နည်းပါးပါမယ်။ 
       အယင် ၄နှစ်ကာလတုန်းက လုပ်ခဲ့ကြတဲ့ ပတ်စပို့တွေရဲ့ ၈၀ ရာခိုင်နုန်းလောက်မှာနာမည် တစ်ခြား နေရပ်အမျိုးမျိုး ပြောပြီး လုပ်ထားကြ တာများတယ်။  ဘာကြောင့် ဒီလိုပြောပြီးလုပ်ခဲ့ကြသလဲဆိုရင် မြန်မာအစိုးရ ဖမ်းဆီးခံရမှာကို စိုးရိမ်ကြလို့ဖြစ်ပါတယ်။   ဒီလူတွေ နေရပ်မှန်မှ အချက် အလက်ပြည့်စုံမှ မှတ်ပုံတင်ရှိမှ၊ အိမ်ထောင်စုစါရင်းရှိမှ ပတ်စပို့လုပ်ရမယ် ဆို ရင်  ဖြစ်နိုင်ဖို့ အတော်ခက်ခဲမှာဖြစ်ပါတယ်။ 
                                   “မြန်အောင်ဘယ်လိုလုပ်သင့်သလဲ”
      မြန်မာအလုပ်သမားတွေ လုံလုံခြုံ ခြုံနဲ့ မြန်မြန်ဆန်ဆန် အလုပ်လုပ် ကိုင် ခွင့်ရရှိရေး အတွက်စဉ်းစားကြမယ် ဆို ရင် မြန်မာလ၀က အရာရှိဆီမှာ ယာယီ   နိုင်ငံကူးလက်မှတ်(ပတ်စပို့) စာအုပ်ေ ဟာင်းကို လာပေး။ အသစ်ထုတ်ယူ သွား။ ဒါပဲပေါ့။  အလုပ်သမားနဲ့သင့်တော် လုံလောက် တဲ့စာအုပ်ကိုပဲ လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ လျှင်မြန်မြန် လုပ်ပေးပါ။ အလုပ်လုပ်ခွင့် ၀တ်ပါမစ် ကို မိမိသူဌေးနဲ့ ထိုင်းဘက်မှာ မိမိ အစီအစဉ်နဲ့လုပ်ကြ။  ဒီနည်းကပတ်စပို့ မြန်မြန် ပြီးစီးနိုင်မယ့်နည်းလမ်း။
  “ရှေ့မတိုးနိုင်ရင် နောက်ပြန်ဆုတ်ပေါ့”
            ပတ်စပို့စာအုပ်လုပ်ဖို့အတွက် အနည်းဆုံး ဘတ်ငွေ တစ်သောင်းေ ကျာ် အကုန်ခံရတယ်။ ၃လ တစ်ကြိမ် ပွဲစားနဲ့ တံဆိပ်တုံးထုရတယ်။ အလုပ် သမားတွေဟာ ပတ်စပို့စာအုပ်ကိုင်လိုက်ပြီးမှ ၀န်ထုတ် ၀န်ပိုးတွေဖြစ် ကုန်ပါ တယ်။ အလုပ်သမားလူတန်းစားအတွက် မြန်ကောင်း သက်သာတဲ့ ကဒ်စနစ် ကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေအထွက်ထိခိုက် နစ်နာမှုများနေတဲ့ ပတ်စပို့လုပ်ငန်း စဉ်ကြီးကို ဒီလို အပြောင်းအလဲ လုပ်ရမယ့် အချိန်မှာ မူပြောင်းလဲမယ်ဆိုရင် ရနိုင်ပါတယ်။
            ပြီးခဲ့တဲ့၎နှစ်တာကာလမှာပတ်စပို့လုပ် ထားခဲ့ကြတဲ့ မြန်မာအလုပ် သမားတွေရဲ့အခြေအနေတွေ အကျိုးအပြစ်တွေကို နားထောင်ကြည့်ပါ။ အလုပ်သမားတွေကိုမေးကြည့်ပါ။ ပတ်စပို့လုပ်လို့ ထိုင်းရောက် မြန်မာအလုပ် သမားတွေအခွင့်အရေးရဖို့နေနေသာသာ ပိုပြီးဆိုးဝါးလာတာပဲရှိတယ်။ အကောင်းနဲ့ အဆိုး တို့ ကို အချိုးစကေးချကြည့်ရင် ဆုံးရှုံးမှုပိုများတာကို တွေ့ရ မှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်သမားတွေကို လုပ်ပေးတဲ့ ပတ်စပို့ပေါ်လစီ ဟာ ဘယ်သူအတွက်အကျိုးရှိသလဲ။ မြန်မာအစိုးရအနေနဲ့ အသေချာပြန် လည်သုံးသပ်ဖို့ အမြန်ဆုံးလိုအပ်နေပါတယ်။ အဘ ဒါကောင်းတယ် လို့  ပြောတာကို မဆုံးဖြတ်ဖို့လိုပါတယ်။
            ကျနော်တစ်ယောက်တည်းအမြင်ကိုပြောပါလို့ပြောရင်တော့ ကဒ် စနစ် နဲ့သာလုပ်သင့်ပါတယ်။ ဘာကြောင့် ကဒ်စနစ်ကို နောက်ပြန်ဆုတ်ချင် ရတာလဲလို့ ထိုင်းအာဏာပိုင်တွေက မေးလာရင် ပတ်စပို့ လုပ်ပေမယ့် ငါတို့ အလုပ်သမားတွေကို မင်းတို့အာဏာပိုင်တွေနဲ့အလုပ်ရှင်တွေက အနိုင်ကျင့် ချင်တိုင်း ကျင့်နေလို့ဖြစ်တယ်။ မင်းတို့အနိုင်ကျင့်နေမယ့်အတူတူ မြန်မာ အလုပ်သမားတွေ ငွေအကုန်အကျနည်းတဲ့ ပုံစံမျိုးနဲ့ပဲ အနိုင်ကျင့်ခံတော့မယ် လို့ပြော ချင်ပါတယ်။
“အလုပ်သမားတွေအတွက်အဖြစ်သင့်ဆုံး”
         ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ အလုပ်သမားတွေကို ၂၀၀၃ ခုနှစ်မှာ ၀န်ကြီး ချုပ်ဟောင်း ထက်ဆင်က ပန်းရောင်ကဒ် လုပ်   ပေးခဲ့တယ်။ မြို့နယ်ခြားကို သွားလာခွင့် မပြု ဘူး။ အကယ်၍သွားမယ်ဆိုရင် လုပ်ငန်းရှင်က နယ်မြေရဲစခန်းမှာ ထောက်ခံစာ တောင်းပေး ရ တယ်။ ဒီကဒ် ကုန်ကျငွေက ဘတ်ငွေ ၃,၈၀၀   ဖြစ်တယ်။   တစ်နှစ်တာအလုပ်လုပ်ခွင့်အတွက် ဘတ် ၁,၉၀၀နဲ့ တစ်နှစ်စာကျမ္မာရေးအာမခံအတွက် ၁,၉၀၀ ပေးရမယ်။ နေထိုင်မကောင်း၊ ကလေးမွေးရင် ဘတ်ငွေ ၃၀ ပေးရင်   ဆေးကုသခွင့်ရပြီးဖြစ်တယ်။ အဲဒီကဒ် ကလေးကို  ပိုက်ဆံအိပ်ထဲ ထည့် သွားရုံပဲ။ အခြားဘာစာရွက်စာတမ်းမှ ယူသွားစရာမလိုဘူး။ ယခု ပတ်စပို့နဲ့ ခရီးသွားတဲ့အခါ၊ ၀တ်ပါမစ်၊ ထောရော၊ သူဌေးကိုတာ သွေးစစ်စာရွက်၊ အကုန်လုံးယူပြီးသွားရတယ်။ ဟုတ်မဟုတ် အလုပ်သမားတိုင်းကိုမေးကြည့် ကြပါ။
     “အလုပ်သမားတွေရဲ့လုပ်အားခတွေထဲက ထိုင်းအစိုး ရယူကြပုံ”
              သူတို့နည်းဥပဒေအရ အလုပ်သမားက ငါးရာခိုင်နုန်း၊ လုပ်ငန်းရှင် က ဆယ်ရာခိုင်နုန်းဖြစ်ပေ မယ့်   တကယ့် တကယ်ကျတဲ့အခါ အလုပ်သမား   တွေဝင်ငွေကိုပဲ အလုပ်ရုံက ဖြတ်တောက်လိုက်ပါ တယ်။ အဲဒီ အလုပ်သမား အလုပ်ထွက်သွားတဲ့အခါ ဖြတ်ထားငွေတွေကို အလုပ်ရုံက ပိုင်ဆိုင်ထား လိုက်ပါတယ်။ ဒီအလုပ်သမားတွေဆီက ဒီလိုဖြတ်တောက်ဖို့ ထောက်ခံအားပေးခဲ့ကြတဲ့ မြန်မာနဲ့အင်္ဂလိပ် အင်ဂျီအိုတွေဟာ ဒီကိစ္စကို မသိချင်ယောင်   ဆောင်နေကြပါတယ်။ 
          ပတ်စပို့ကိုလုပ်ဖို့လည်း သူတို့ပဲတိုက်တွန်းခဲ့ကြ တာကြောင့် ပတ်စပို့ ရှိသူကို ဖမ်းစားနေတဲ့ မဟာချိုင်နဲ့ မဲဆောက်လမ်း အခြေအနေတွေကို ကျနော်တို့က တင်ပြတဲ့အခါ ဓါတ်ပုံတွေ VDO တွေ တောင်းခံကြပါတယ်။ ကျနော်တို့က လည်း ပေးလိုက်ပါတယ်။  သူတို့ဟာအစည်းဝေးမှာ ပြဖို့သာဖြစ် ကြပြီး ဒီလို လုပ်ရပ်တွေ ရပ်တန့်သွားအောင်လုပ်ချင်တဲ့ သူတွေမဟုတ်ပါဘူး။
           ထိုင်းက လူကြီးတွေဟာ နိုင်ငံရပ်ခြားက လာရောက်အလုပ်လုပ် ကိုင်ကြတဲ့ အလုပ်သမားတွေဆီ က ငွေတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံ အတွင်းမှာ ယိုဖိတ်ကျန်အောင် ပေါ်လစီတွေချမှတ်ကြပါ တယ်။ အဲဒါကို ယခု အခါ မြန်မာအစိုးရလည်း သိသင့်သလောက်သိလာခဲပြီးဖြစ်တယ်။ ဒါကြောင့်   မြန်မာအစိုးရက အလုပ်သမားတွေ ငွေအကုန်အကျသက်သာတဲ့နည်းလမ်း ရှာသင့်ပါတယ်။ ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချပြီး ကာကွယ် သင့်ပါတယ်။
 "ပေါ်လစီကိုအကောင်အထည်ဖေါ်ကြသူများ"
         ပတ်စပို့လုပ်တဲ့မြန်မာအလုပ်သမားတွေ ထိုင်းအလုပ်သမားနဲ့တမ်းတူအခွင့်အရေး   တွေရရစေမယ်လို့ ထိုင်းနဲ့မြန်မာလူကြီး   တွေပြောဆိုခဲ့ကြပါတယ်။ပေါ်လစီတစ်ခု ကို အကောင်အထည်ဖေါ်တဲ့အပိုင်းမှာ တကယ်ဖြစ် မဖြစ်ဆိုတာကို တာဝန်ရှိတဲ့ အရာရှိတွေ သိရှိဖို့လိုအပ်ပါမယ်။ ကောင်း တဲ့ပေါ်လစီဖြစ်လျှက်နဲ့ ဘာ့ကြောင့် မကောင်းဖြစ်ရသလဲဆိုတာကို မစဉ်းစား၊ မပြင်ဆင်ကြသရွှေ့တော့ အဲဒီလူမျိုးနဲ့ အဲဒီနိုင်ငံ လူရာဝင်ဖို့ ဆိုတာ ခက်ခဲ ကြန့်ကြာနေဦးမှာဖြစ်တယ်။
             အထက်ကခိုင်းတာ၊ အဘကခိုင်းတာကို မှားမှားမှန်မှန် အကောင် အထည်ဖေါ်တတ်ကြတဲ့ အာရှတိုက်သားတွေကို အင်္ဂလိပ်လူမျိုးတွေ အထင်   မြင်သေးကြတယ်။ မြန်မာပြည်ကပြန်လာကြတဲ့ နိုင်ငံခြားသား အချို့က   မြန်မာနိုင်ငံကို လူသူ အရောက်အပေါက်နည်းတဲ့ တိုင်းပြည်အရိုင်းကြီးတစ်ခု ပါလား လို့မှတ်ချက်ပေးနေကြတယ်။
        အလုပ်သမားသံအရာရှိဖြစ်ဖြစ် အလုပ်သမားသံအမတ်ဖြစ်ဖြစ် ထိုင်းနိုင် ငံကိုကြွရောက်လာမယ့် အရာရှိဆိုသူတွေဟာ ပွဲစားတွေနဲ့ ပေါင်းစားတဲ့သူ မဖြစ်ဖို့လိုပါတယ်။ သန်းချီရှိတဲ့အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သလို စီမံခန့်ခွဲနိုင်မှုနဲ့ အကောင်အထည်ဖေါ်နိုင်မှုစွမ်းရည်တွေရှိဖို့ လိုအပ်ပါမယ်။ နေပြည်တော်က ညွန်ကြားချက်အမှားအယွင်းတွေနဲ့ အကုန် သိတယ်လို့ခံယူနေတဲ့ သံအမတ်ကြီး ခိုင်းမှ လုပ်တတ်သူတွေ မဖြစ်ဖို့လိုပါ မယ်။
                အထူးသဖြင့် ထိုင်းစာနဲ့ထိုင်းစကားကို ကျွမ်းကျင်သူဖြစ်ဖို့ လိုပါ တယ်။ ထိုင်းစာနဲ့ထိုင်းစကား မတတ်ပဲ ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးကိစ္စ မည်သည့်နည်းနဲ့မှ လုပ်လို့မဖြစ်နိုင်ပါ။ အင်္ဂလိပ်စကား တတ်လို့ လူကြီးတွေ အတွက် ငွေရှာကောင်းလို့ ခန့်ထားမယ်ဆိုရင် ငှက်ကျားနဲ့မြေခွေးတို့ အပြန် အလှန် ထမင်းစားဖိတ်ကြတဲ့ပုံပြင်ဖြစ်သွားပါမယ်။
        တိုင်းပြည်နဲ့လူမျိုးကိုချစ်ခြင်းနဲ့ ဒို့တာဝန်အရေးသုံးပါးက ထိုင်းရောက်   မြန်မာအလုပ်သမားတွေ အတွက် အဓိကမဟုတ်။  မြန်မာအလုပ်သမားေ တွဖိနှိပ်ခံနေရတာကို ကိုယ့်သား သမီးတစ်ယောက် ဖိနှိပ်ခံနေရသလိုမျိုး ခံစား   ဖြေရှင်းနိုင်သူသာအဓိကဖြစ်ဖို့လိုကြောင်း။
                                                                  ကျော်သောင်း