ဆာမူစာခွန်ခရိုင် ဝပ်နန်းဆောင် ဘုန်းကြီးကျောင်းအနီးတွင်ရှိသော SKF ငါးသေတ္တာရုံ စက်ရုံ၌ အလုပ် လုပ်နေသူ မခင်နွယ်ဝင်သည် ငါးသေတ္တာအလုပ်ရုံရှိ ဝန်ချီစက်နှင့် ပွတ်တိုက်မိပြီး မြောင်းထဲသို့ ချော်လဲ ကျရာ ညာဘက်ခြေထောက်မှာ ကျိုးပြီး အသားရေများ ဖွာထွက်သွားခဲ့သည်။
အခင်ဖြစ်ပွားပြီးမကြာမှီအချိန်၌ အဆိုပါငါးသေတ္တာရုံထဲမှ မြန်မာအလုပ် သမားတစ်ယောက်မှ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့မပာာချိုင်တာဝန်ခံ ကိုခိုင်ကြီး ထံ ဆက်သွယ်အကြောင်းကြားအကူညီတောင်းခံလာခဲ့ရာ MATအဖွဲ့မှ ဆေးဝါးကုသ မှု့များခံယူစေခဲ့ပါသည်။
ထိုအချိန်တွင် မခင်နွယ်ဝင်းမှာ စက်ရုံထဲတွင် အလုပ်လုပ်နေစဉ်ကာလမှာ မည်သည့်အထောက်ထားမှ မရှိ၍ ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATမှ ရသင့်ရ ထိုက်သော အခွင့်ရေးများရနိုင်ရန်အတွက် ပတ်စပို့စ်လုပ်ပေးခဲ့ပါသည် ။










