28 February 2014
“ပန်းရံလုပ်အားခအား စိုးရိမ်ထိတ်လန့်စွာယူခဲ့ရ”
မောင်ပေါ်ထွန်း
၂၀၁၄ ခု ဖေဖေါ်ဝါရီ ၂၈
          ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့တွင်ပန်းရံအလုပ်လုပ်ကြ သည့် အလုပ်သမားများ မိမိတို့၏ လုပ်အားခ၏ ထက်ဝက်ခန့် အား အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထား များကြောင့်  လက်ခံယူခဲ့ရကြောင်း အလုပ်သမားအဖွဲ့ခေါင်းဆောင်ကပြော သည်။
ကြောက် လန့်လန့်ဖြင့် လက်ခံရယူခဲ့ရခြင်းဖြစ်သည်။     
အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုမင်းထွန်းအောင် က “ကျနော် လုပ်အားခ   တောင်းတာကြာပြီး ကျနော် တို့လည်း မရမချင်းမသွားဘူး။ MAT အဖွဲ့ကို အကြံတောင်းနေတယ်။ မနေ့ည မှောင်နေပြီ၊ သူဌေးက မင်း ပစ္စည်းတွေ ကားပေါ်တင်၊ ဒါတွေမှာလက်မှတ်ထိုးဆိုပြီး သူ့တပည့်တပန်းတွေနဲ့ အုပ်စု လိုက်လာရှင်းတာ။
 ကျနော်တို့  ငှါးရမ်းထားတဲ့ ကားသမားကသတ္တိရှိတယ်။ ကျနော်တို့ အကြပ်ကိုင်ခံရပြီဆိုတာကိုသိတယ်။ ဒါကြောင့် ကားသမားက  အဲဒီလူတွေနဲ့ လွတ်အောင်မောင်းပေးတယ်။ နောက်ခါ ပုတ်ပြတ်လုပ်မယ် ဆိုရင် စာချုပ်ချုပ် လက်မှတ်ထိုးပြီးမှကျနော်တို့လုပ်တော့မယ်”ဟုပြောသည်။ 
         ထိုင်းနိုင်ငံတောင်ပိုင်းသည်မွတ်ဆလင်   ခွဲထွက်ရေးအုပ်စုများနှင့် ထိုင်းအာဏာပိုင်တို့အကြား မကြာခဏ တိုက်ခိုက်မှုများကြောင့် လုံခြုံမှုအား နည်းသော နယ်မြေဖြစ်သည်။ 
         ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “အလုပ်သမား လုပ်အားခတွေ ဆုံးရှုံးမှုတွေအတွက် ထိုင်း အလုပ်သမားဥပဒေ ပါ ပြဌာန်း ချက်ဟာ အဆင့် များပါတယ်။ ပုတ်ပြတ်(မောင်) လုပ်တဲ့ မြန်မာ အလုပ်သမားတွေမှာ စာချုပ်စာတမ်းနဲ့ လုပ်ကြတာ အလွန်နည်းပါတယ်။  
 နောက်တစ်ခုက ထိုင်းတောင်ပိုင်းကိစ္စတွေကို ဖြေရှင်းအခြားအဖွဲ့ အစည်းေ တွ ကလည်း လက်ရှောင် တတ်ကြ ပါတယ်။ ဒီလိုဖြစ်ရပ်တွေအပြင် မြန်မာ အချင်းချင်း လိမ်လည်လှည့်ဖြားပြီး ကာမကိုရယူတဲ့ ကိစ္စ၊ ငွေကြေးလိမ်တဲ့ ကိစ္စ၊ လုပ်အားခခေါင်းပုံဖြတ်တဲ့ကိစ္စတွေလည်း ထိုင်းမှာအများကြီးဖြစ်နေ တယ် ။ မြန်မာအချင်းချင်း ဒီလိုလုပ်နေတာကို မြန်မာအစိုးရအနေနဲ့ ထိထိေ ရာက်ရောက် ပြတ်ပြတ် သားသား အရေးယူဖို့လိုအပ်နေပါတယ်”ဟုပြောသည်။ 
           ပတ်စပို့လုပ်ငန်းနှင့် အလုပ်လုပ်ခွင့်ပါမစ် ကိစ္စအတွက် မသိနားမလည်သည့် အလုပ်သမားများ အား ထိုင်းဘာသာစကားတတ်သည့် မြန်မာမာများက၊ အချင်းချင်းလိမ်လည်မှုများအမြဲတမ်းရှိနေသည်။
           ထို့အပြင် မကြာမီ လုပ်ကိုင်တော့မည့် ပတ်စပို့လုပ်ငန်းစဉ်အတွင်း   နိုင်ငံသားစီစစ်ရေးကဒ် လိုအပ်သဖြင့် ထိုင်းနိုင်ငံအချို့နေရာတို့တွင် မြန်မာ   နိုင်ငံသားစီစစ်ရေး(မှတ်ပုံတင်ကဒ်) လုပ်ပေးရန်   ကြော်ညာထားသည့်နေရာများပင် ရှိနေပြီဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။