27 February 2014
“အချစ်ကိုဘယ်လိုပြောရမယ်”
           စားမကုန်တဲ့ တိုင်းပြည်မှာ မင်းလုပ်ခွင့်ရနေတာ အိပ်ရင်တောင် မိန်းမကိုဖက်မအိပ်ပဲ မြန်မာနိုင်ငံမြေပုံကိုပဲဖက်အိပ်တာ။ ချစ်ပရစေအုံး အုပ်ချုပ်ပါရစေအုံးလို့လုပ်နေတဲ့သူတွေရှိတယ်။ တော်လောက် ပြီးပေါ့ဗျာ အဲဒီလောက်ချမ်းသာနေတာ။  လူကြီးတစ်ယောက်က  သူ့သမီးမင်္ဂလာေ ဆာင်တာ လယ်ဧကသုံးထောင် လက်ဖွဲ့တယ်တဲ့။ ဒါတို့မြေဒါတို့ပြေဆိုတာ သူတို့ကိုပြောတာလား၊ ပြည်သူတွေကိုပြောတာလား ခုထိ ၀ိဝါဒကွဲတုန်း။ လူအမည်ချစရာမရှိတဲ့အတွက် အသက်၁၃နှစ်သားအရွယ်နဲ့ ကုမ္ပဏီလုပ်ေ ပးထားတဲ့ ၀န်ကြီး လွှတ်တော်ထဲမှာရှိသတဲ့ဗျာ။  ဟာသ,သရုပ်ဆောင် ဗေလုဝ စာပေဟောပြောပွဲတစ်ခု မှာပြောတဲ့ မှတ်သား    လောက်တဲ့စကား။
                             “အဘ ဘာမှမပြောသေးလို့ပါ”
           သန်းချီရှိတဲ့အလုပ်သမားတွေကိုပတ်စပို့ထုတ်ပေးထားတဲ့ မြန်မာအ လုပ်သမားဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကိုဖိနှိပ် ထားတဲ့ထိုင်းဥပဒေကိုခုထိ လုံးစေ့ပတ်စေ့သုံးသပ်ထားဟန်မရှိသေး။ထိုင်းဘာ သာပြန်မြန်မာတစ်ယောက်ကတော့သံရုံးတွင်းစည်းဝေးပွဲမှာပြောဖူးတယ်။ သူဟာ   ထုံးလုံချေ ရေလိုနှောက်တယ်တဲ့။
      “အလုပ်သမားပတ်စပို့သမိုင်းအစ”
         တရားမ၀င်အလုပ်သမားတွေလျော့နည်းပပျောက်ရေးနဲ့ အလုပ်သမား တန်းတူအခွင့်အရေးရရှိစေဖို့ အတွက် ထိုင်းနဲ့မြန်မာအစိုးရတို့ ၂၀၀၉  ခု မှာ သဘောတူညီမှုလုပ်ခဲ့ပြီးတော့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU ဆိုတာ စတင်ပေါ်ပေါက်လာခဲ့တယ်။ အတိအကျပြောရင် ၂၃၊  ၇၊ ၂၀၀၉ မှာ ပတ်စပို့ စထုတ်ပေးခဲ့တယ်။
 “အစိုးရတွေတာဝန်မကျေခဲ့”
        အခြေခံကြောမွဲလူတန်းစား၊ထိုင်းနိုင်ငံရဲ့ကုန်ထုတ်စွမ်းအားစုနဲ့   မြန်မာ   နိုင်ငံအတွက် ပြည်ပ ၀င်ငွေ  အများဆုံးရှာပို့နေကြတဲ့ မြန်မာလုပ်သားကော င်းတွေအတွက် ထိုင်းနဲ့မြန်မာအစိုးရတို့ ပေးထားတဲ့ ကတိကိုမတည်ခဲ့ကြဘူး။ အခွင့်အရေးတွေတန်းတူရဖို့နေနေသာသာ ပတ်စပို့ဖိုးလည်းကုန် ပုလိပ်ဖမ်းစား တာလည်း ခံရ။ လမ်းသွားရင်လည်းပိုက်ဆံပေးခဲ့ကြရတယ်ဆိုတာ လူသိ နတ်သိဖြစ်တယ်။
 “ပန်းနဲ့ပေါက်တာ”
                 ထိုင်းပုလိပ်ဖမ်းစားတာ မြန်မာတွေအတွက်ရိုးနေပြီ၊ အကာ အကွယ်မဲ့တာလည်း ထုံနေပြီ။ ထိုင်းလုပ်ငန်းရှင်၊ ထိုင်းလူမျိုး၊ ထိုင်းပုလိပ်တွေ ရက်စက်မှုကို ခါးခါးသီးသီးခံနေကြရပေမယ့် အလုပ်မှန်မှန် ရှိနေတယ်။   နေရပ်ရင်းက မိသားစုကိုဝင်ငွေ မှန်မှန်ပို့နိုင်တယ်။ ထိုင်းမှာ ဘယ်လောက် ခံရခံရ  ထမင်းဝ နေတော့ မောင်းထုတ်ရင်တောင် မြန်မာတွေ တိုင်ကို ဖက်ခံ မလားပဲ။ ခံချင်လို့တော့မဟုတ် ဘူး နေရပ်ပြန်လို့ တ၀မ်းတခါးဝနိုင်လောက် တဲ့အလုပ်က မြန်မာပြည်မှာရှိမှမရှိသေးပဲ။ တစ်နေကုန်လုပ်လို့ တစ်ယောက် စာ မရ၊ ပင်ပန်းနွမ်းနယ်သလောက် ပြည့်စုံတဲ့အစာအာဟာရ ကိုမစားရ၊ သပ်ယပ် သန့်ရှင်းစွာ မနေရတဲ့ မိမိတိုင်း ပြည်ကို မြန်မာတွေ မပြန်လိုကြသေး ဘူး။ 
“သမ္မတကြီးနဲ့ အဖွားစုတို့ပြောခဲ့တယ်”
             သမ္မတကြီး ဦးသိန်းနဲ့ NLD ဥက္ကဌ ဖွားဖွားဒေါ်အောင်ဆန်းစုကြည် တို့ ထိုင်းနိုင်ငံကို လာခဲ့ကြစဉ် က ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကာကွယ်ပါမယ်၊ ကူညီပါမယ်လို့ပြောခဲ့တယ်။  ခုတော့ ပါးစပ်ရာဇ၀င်ဖြစ်သွား ပြီ၊ သမ္မတကြီးနဲ့ ဖွားဖွားစု တို့ စကားကို လိုက်လံအကောင်အထည်ဖေါ်မယ့်   နောက် လိုက် ကောင်းမရှိတာကြောင့်ဖြစ်နိုင်တယ်။  ဒါကြောင့် သူတို့နှစ်ဦး ကို ကတိမတည်ကြဘူးလို့ အလုပ်သမားတွေ ပြောကုန်ကြတယ်။ 
 “အလုပ်သမားအရာရှိကြီးတွေ ပြောနေကြတာပဲ”
          ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုးရီးယားနဲ့ အရှေ့အလယ်ပိုင်းဒေသတွေ မှာ အလုပ်သမားသံ အရာရှိတွေခန့်ထား တာဝန်ပေးမယ်။ ဒီအရာရှိတွေဆီကို ဆက်သွယ်ပြီး အကူညီတောင်းခံနိုင်တယ်။ ပြည်ပရောက်   အလုပ်သမားတွေ ကို ကူညီဖို့စေလွှတ်တာဖြစ်တယ်လို့ သတင်းမီဒီယာမှာ ပြောလေ့ရှိကြတယ်။ ကျမ္မာရေးဝန်ကြီးတို့ ဆေးရုံအုပ်ကြီးတို့ဆိုတာ ဆေးကုသူတွေမဟုတ်ကြဘူးဆို
တာကို သိကြပေမယ့် မသိချင်ယောင်ဆောင်ပြီး စွတ်ပြောနေတာဖြစ်တယ်။
                 “တာဝန်နဲ့ ၀တ္တရားခွဲခြားသိဖို့လိုအပ်”
             ထိုင်းနဲ့မြန်မာအလုပ်သမားအရာရှိကြီးတွေဟာ အနီ၊ ခရမ်း၊ အပြာ ပတ်စပို့တွေလုပ်ပေး ခဲ့ပြီးတော့ ပွကြောပိုက်ခဲ့ကြတယ်။ ၂၀၁၃ ခုနှစ်ကများ ဆိုရင် ထိုင်းအစိုးရဟာ အလုပ်သမားတွေဆီက work permit ဖိုးဆိုပြီး တစ်ခါ တည်းပိုက်ဆံယူခဲ့ပေမယ့် အလုပ်သမားတိုင်းကို လုပ်မပေးခဲ့ဘူး ။မြန်မာ အစိုးရကလည်းဘာမှမပြောခဲ့ဘူး။ အပေါ်ပိုင်းမှာ ဘဏ်စနစ်နဲ့  ဟိုတယ်စနစ်နဲ့ ဘီလီယံပေါင်းများစွာရရှိရေးကိုသာအဓိကအာရုံပြုခဲ့ကြတယ်။အလုပ်သမားေ တွ ဘာဖြစ်ဖြစ် သူတို့နဲ့မဆိုင်သလို ဥပေက္ခာပြုခဲ့ကြတယ်။
                        “အစိုးရကောင်း၊ မိဘကောင်းဆိုတာ”
            မင်းကောင်း၊ အစိုးရကောင်းတို့ဆိုတာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ်နားစွန့်နေရ တယ်။ အားနည်းချက်အားသာချက် ကိုရှာဖွေပြီး   ရေတို ရေရှည်စီမံကိန်တွေချမှတ်ပြီး ဆောင်ရွက်လေ့ရှိတယ်။ ဒါကြောင့် မင်းကောင်းမင်းမြတ် အစိုးရကောင်းတို့ အုပ်ချုပ်တဲ့တိုင်းပြည်ဟာ တစ်နှစ် ထက်တစ်နှစ် တိုးတက်ဖွံ့ဖြိုးတယ်။ လူတွေတဖြည်းဖြည်းထမင်းဝပြီး ပညာေ တွတတ်လာတယ်။ လူစဉ်မှီလာတယ်။
          မိခင်ဖခင်ကောင်းတို့မည်သည်မှာလည်း သားယောက်ျားမွေးကတည်း က ငါ့တို့သားကလေး ဆယ်နှစ်ဝန်းကျင်အရွယ်ဆိုရင်ရှင်ပြုမယ်။ အသက် ၂၀ အရွယ်ဆိုရင် မြင့်မြတ်တဲ့ရဟန်းဘောင်ကို သွင်း မယ် ။ ငါတို့ ဒီသားကလေးေ ကြာင့် အပယ်တံခါးပိတ်မယ့် ကုသိုလ်ကြီးကိုပြုရမယ်လို့ တွေးတောပြီးတော့ အလုပ်တွေ ကြိုးစားလုပ်ကြသလို  မိမိတို့ ဒါနပွဲကြီးဖြစ်မြောက်ဖို့အတွက်   ချွေးနှဲစာကို စုဆောင်းတတ်ကြ တယ်။ ဒါကြောင့် မြန်မာပြည်ကြီးမှာ ရဟန်ခံရှင်ပြုပွဲဆိုတာ တစ်နိုင်ငံလုံးမှာ အမြဲရှိနေတာပဲမဟုတ်လား။  
            “အရှင်မွေးတော့ချက်ချင်းကြီး”
           ကျနော်တို့ မြန်မာပြည်ကို အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်အဆက် ဆက်ဟာ ထိုင်းနိုင်ငံမှာတရားဝင်မြန်မာအလုပ်သမားမရှိဘူးလို့ ဘူးကွယ်ငြင်း
 ခဲ့တယ်။ သမ္မတကြီးဦးသိန်းစိန် အစိုးရလက်ထက်မှာမှ ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ သန်းချီရှိနေပြီဆိုတာ တရားဝင်အသိအမှတ်ပြုပြောခဲ့တယ်။  အရှင်မွေးတော့ ချက်ချင်းကြီး ဆိုသလို စစ်တပ်ထဲက အရာရှိတွေအားလုံးနီး ပါး လူဝတ်ကြောင်လဲပြီး အစိုးရ ဌာနပေါင်းစုံမှာ ၀န်ကြီး၊ ညွှန်ချုပ် အကုန်လုပ် ကြတယ်။ အလုပ်သမားဝန်ကြီးတွေလည်း ခဏဏပြောင်းတယ်။  အဲဒီ ၀န်ကြီးတွေ အကုန်တတ်သလားတော့မသိဘူး။ ညွှန်ချုပ်ညွှန်မှူး ဆိုသူတွေ ကတော့  အာဏာရှင်စနစ်အောက်မှာ လူလားမြောက်ခဲ့ကြသူများပီပီ ၀န်ကြီး နားကပ်၊ အပျောက်ဇယားရိုက်၊  ဂွင်ဖန်ဖို့ ဆရာ တပည့်ဇါတ်တိုက်ပဲ။
           မနေ့က  ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က သမ္မရုံးဝန်ကြီး ဦးစိုးသိန်း   ပြောသွားသလိုနောက်လုပ်တဲ့အစိုးရဟာ အယင်အစိုးရလုပ်ခဲ့တာကို အကောင်အထည်ဖေါ်ရတယ်ဆိုရင်။ အယင်အလုပ်သမားဝန်ကြီး လုပ်ခဲ့တဲ့ အလုပ်ကို ခုတာဝန်ယူနေတဲ့ အလုပ်သမားဝန်ကြီးက ထိုင်းရောက်အလုပ် သမားတွေ ကိုင်ဆောင်နေတဲ့ ပတ်စပို့တွေ ၄ နှစ်သက်တမ်းပြည့်တော့မယ် ဆိုပြီး ကြိုလုပ်သင့်တာပေါ့။ 
           အသစ်ပြောင်းလာတဲ့ ၀န်ကြီးက ဒါတွေကိုမသိပါဘူးဆိုရင်ညွှန်ချုပ်     တွေညွှန်မှူးတွေ တာဝန်ကျေဖို့လို တာပေါ့။ ကောင်းမွန်တဲ့ အစီအစဉ်တွေချ မှတ်နိုင်ရေးအတွက် အလုပ်သမားတွေရဲ့အသံနဲ့ လွတ်လပ် တဲ့ အသင်းအဖွဲ့ တွေရဲ့ အသံဗလံ ကိုလည်း နားထောင်အုံးမှပေါ့။ လူလိမ်ပွဲစား အဘမြှောက် စားတွေနဲ့ ဂွင်ပဲဖန်နေကြလို့၊ခုတော့ ထိုင်းမှာအလုပ်သမားတွေဒုက္ခရောက်ကြ
ပြီ။
         ဘာ!!!!!  ထိုင်းနိုင်ငံရေးဆူနေလို့မှမဟုတ်ဘူး။  အလုပ်သမားတွေ အတွက် ဘယ်လိုအကောင်းဆုံး ဖြစ်အောင်လုပ်မလဲဆိုတာ ကြိုမလုပ်ခဲ့လို့ပါ။ ပတ်စပို့ ပြန်လုပ်ဖို့ ဘယ်သူကို အပိုင်စားပေးမလဲ ဆိုပြီး လက်ဝါးကြီးအုပ်ဖို့ပဲ ကြံစည်အားထုတ်ကြတယ်။ သံရုံးနဲ့နီးစပ်သူတွေ အကုန်သိကြပါတယ်။ အရာရှိတွေ နဲ့ ပေါက်ရောက်သူတွေ ဘယ်သူ့နဲ့ကပ်ပြီး ဂွင်ဖန်မလဲ ဆိုတာပဲ လုပ်နေခဲ့ကြလို့ မြန်မာ အလုပ်သမားတွေ ဒုက္ခရောက်ကြရတာဖြစ်တယ်။ http://www.goldenworkers.asia/2013/04/blog-post.html
   “နမူနာလေးပြောမယ်”
            ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်နေကြတာ ကမ္ဘောဒီယား၊ လာအိုနဲ့မြန်မာသုံးနိုင်ငံက အလုပ်သမားတွေဖြစ်ကြပါတယ်။ ဒီအထဲမှာ   မြန်မာက၈၀ရာခိုင်နုန်းကျော်ရှိပါတယ်။ ၃နိုင်ငံလုံးက အလုပ်သမားတွေဟာ
ပတ်စပို့နဲ့အလုပ်လုပ်နေကြရပြီဖြစ်တယ်။ ကမ္ဘောဒီးယားနဲ့၊ လာအိုနိုင်ငံသား    တွေမှာ ထိုင်းကို ရောက်လာပြီးတော့ အလုပ်ရှင်ရှာတယ်။ အလုပ်ရှင်ရှိတာနဲ့ အဲဒီစာရွက်စာတမ်းတွေနဲ့အတူ အဲဒီအလုပ်သမားကိုယ်တိုင် သူတို့သံရုံးကို သွားတယ်။ သူတို့သံရုံးက  ထိုင်းအလုပ်သမားဝန်ကြီးဌာနမှာ ပတ်စပို့လုပ် ခွင့်လျှောက်တယ်။ သံရုံးကိုလာပြီးတော့ အလုပ်သမားလာယူရုံပဲဖြစ်တယ်။ ပတ်စပို့ရော၊ အလုပ်လုပ်ခွင့်ပါမစ်ရော၊တစ်နှစ်စာဆေးဝါးကုသခပါ စုစုပေါင်း ကုန်ကျငွေကဘတ်ငါးထောင်အောက်ပဲရှိတယ်။  ဘာပတ်စပို့ကုမ္ပဏီမှမလိုဘူး။ ဘာဗိုလ်မှူးအငြိမ်းစားမှ လုပ်ခွင့်မပြုဘူး။
        သူတို့နိုင်ငံသား လူကုန်ကူးခံရရင်၊ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ရင်၊သေဆုံး   မှုဖြစ်ရင်၊ ဖုန်းဆက်လိုက်၊  အချိန်မီ သူတို့သံရုံးက အရောက်လာတယ်။ ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျနော် တို့ နိုင်ငံလိုပဲ ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါပေမယ့် သူတို့သံရုံးက ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်တွေ ဟာ ချမ်းသာကြတယ်။ ထိုင်းနိုင်ငံအတွင်းကို ရောက်လာကြတဲ့ မိမိနိုင်ငံသားများအပေါ် ကာကွယ်စောင့်ရှောက်မှုက သြချလောက်တယ်။ မြန်မာအလုပ်သမားသံအရာရှိကြီးတွေအတုယူသင့်တယ်။ အလုပ်သမားတွေကို တကယ်ကူညီချင်တဲ့စိတ်ရှိရင် အဲဒီသံရုံးတွေကိုသွားပြီး နည်းနာနိသျှယူ သင့်တယ်။ သိပ္ပံပညာရှင်တွေဟာ ရေဒါလုပ်ဖို့အတွက် တိရိစ္ဆာန်ဖြစ်တဲ့ လင်းနို့ ဆီက နည်လမ်းယူခဲ့ရတာပဲလေ။
                      “ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်”
ပျက်လုံး(၁) ပတ်စပို့အသစ်ပြန်လဲတဲ့အခါ အယင်စာအုပ်တွေလိုမဟုတ်ပဲ ထိန်းချုပ်မှုများပြားပြီး တရားဝင် လူကုန်ကူးမှုတံဆိပ် GtoGခေါ်MOU နဲ့ ပြန် လည်ဝင်ရောက်အလုပ်လုပ်ရမယ်။ 
ပျက်လုံး(၂) အသစ် ပြန်လဲမယ့် စာအုပ်ပိုင်ရှင်တွေဟာ နေရပ်ရင်းမှာ အိမ်ထောင်စုစါရင်းရှိရမယ်။ မှတ်ပုံတင်ရှိရမယ်။ နိုင်ငံဒုတိယအကြီးအကဲက ဘင်္ဂါလီတွေ နိုင်ငံကူးလက်မှတ်ရသွားမှာစိုးလို့ ဒီလို သတ်မှတ် ညွှန်ကြားတာ လို့ဆိုတယ်။
           မူချမှတ်တယ်ဆိုတာ  ဖြစ်နိုင်မဖြစ်နိုင်၊ ဖြစ်သင့်မဖြစ်သင့် သေချာ  သုတေသနပြုလုပ်ပြီးမှ ချမှတ် သင့်ပါတယ်။ လက်ရှိ အစိုးရဟာ  ကြက်ဆူစီမံကိန်းကြီး ပျက်စီးခဲ့တာ နမူနာယူသင့်ပါတယ်။
                      “ပကတိအနေအထားကို လက်ခံဖို့လိုပါမယ်”
               ထိုင်းကိုရောက်နေတဲ့မြန်မာအလုပ်သမားတွေဟာ ပြည်တွင်းစစ်၊ နိုင်ငံရေးဖိနှိပ်မှု၊ စားဝတ်နေ   ရေးကြောင့် ထိုင်းကိုထွက်ပြီး အလုပ်လုပ်ကြတာဖြစ် တယ်။မိသားစုလိုက်ပြောင်းရွှေ့လာကြသူတွေလည်း ရှိတယ်။ ဒါကြောင့် ဒီအလုပ်သမားတွေရဲ့ ၈၀ ရာ ခိုင်နုန်းလောက်က မှတ်ပုံတင်မရှိ ဖြစ်နေကြ တယ်။ မိဘလည်းမြန်မာနိုင်ငံသားစစ်စစ်။ သားသမီးလည်း မြန်မာလူမျိုးစစ်စစ်။ အဲဒါကို မြန်မာအစိုးရက မှတ်ပုံ တင် ရှိမှ ပတ်စပို့ထုတ်ပေးမယ်လို့ ထိုင်းဘက်ကို ပြောလိုက်တော့ ထိုင်းကမျက်ဖြူ ဆိုက်လေ ဆရာ ကြိုက်လေဖြစ်နေတာပေါ့။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ နို့သောက်နဲ့ တုတ်ထောက်  လောက်ပဲ ရှိပြီ။ အရွယ်ရောက်ပြီးသူတိုင်း ထိုင်းနိုင်ငံနဲ့ မလေး ရှားနိုင်ငံတို့မှာ အလုပ်လုပ်နေကြတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေကလည်း အများကြီးထွက်ခွာနေကြတယ်။ ခြုံပြောရရင် အရွယ်ကောင်း လူငယ်လူရွယ်   တွေ  သန်းချီပြီး ထိုင်းကိုရောက်ရှိနေကြပြီးဖြစ်တယ်။
   “ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနဲ့မြန်မာအစိုးရ သနားရိုးမှန်ရင်”
(၁) ထိုင်းမှာရှိတဲ့မြန်မာအလုပ်သမားတွေကို ဖမ်းဆီးနှောက်ယှက်မှုကို ပတ်စပို့လုပ်ငန်းစဉ်ပြီးဆုံးသည်အထိ ရပ်တန့်ရန်။ မြန်မာအစိုးရက ထိုင်းအစိုးရ ကို အလျှင်အမြန် မေတ္တာရပ်ခံရပါမယ်။
(၂) အဆင့်များတဲ့ နိုင်ငံတကာသွားခွင့်ရတဲ့ ပတ်စပို့စာအုပ်ကို နောက်ထပ် သီးသန့် အစီအစဉ်လုပ်ပါ။
(၃) ယခု သက်သာတဲ့ ပန်းရောင်ကဒ် အမြန်ဆုံးလုပ်မယ်။ အကယ်၍ ပတ်စပို့ လုပ်မယ်ဆိုရင် ထိုင်းအလုပ်သမား ၀န်ကြီးဌာနနဲ့ မြန်မာအစိုးရ ဖြတ်ခ၊ ကျော်ခ ဆိုတာ လုံးဝမယူပါနဲ့၊ အလုပ်လုပ်ခွင့် (၁၉၀၀ဘတ်နဲ့ တစ်နှစ်၊ ကျမ္မာရေးစောင့်   ရှောက်ခ ၁၉၀၀ မြန်မာပတ်စပို့စာအုပ်ဖိုးဘတ်၁၀၀နဲ့ စာရွက်စာတမ်းခ  ဘတ် ၁၀၀= စုစုပေါင်းဘတ်ငွေ ၄,၀၀၀ ဖြင့်လုပ်ပေးပါ။ 
(၄) ပွဲစားနှင့်ဝန်ထမ်းများအားအကျင့်ပျက်စေပြီး အလုပ်သမားများအလဟသ ဟသ ငွေကုန်နေတဲ့ ၃လတစ်ကြိမ် တံဆိပ်တုံးထုရတာကို ကင်းလွတ်ခွင့်ပြုပါ။ 
(၅) အကယ်၍ပတ်စပို့လုပ်ရင် ခရီးသွားတဲ့အခါ လမ်းမှာ ထိုင်းပုလိပ်တွေ work permit မစစ်ပါနဲ့။ ၀တ်ပါမစ်ကို အလုပ်ခွင်မှာသာစစ်ဆေးပါ။ မရှိရင် အလုပ်ခွင်မှာ ပစ်ဒဏ်ပေးပါ။
(၆) အခြားတိုင်းပြည်များမှပတ်စပို့ကိုင်ဆောင်၍သွားလာနေကြသည့်နိုင်ငံခြား သားများကဲ့သို့ အိနြေ္ဒရရ   မြန်မာ များကို ဆက်ဆံပါ။ အဖိနှိပ်ခံလူတန်းစား တစ်ရပ်အဖြစ်ရှုမြင်ခြင်းအားရပ်တန့်ပါ။
(၇) အလုပ်သမားပြန်ပို့ခ၊ အသက်အာမခံ၊ စုဆောင်းငွေများဖြတ်တောက်ခြင်း မပြုရန်။
(၈) မည်သည့်မြန်မာအလုပ်သမားကမှ ထိုင်းနိုင်ငံသားအဖြစ်ခံယူလိုခြင်း၊ ပါတီထောင်ခြင်း၊ နယ်မြေလုခြင်း မျိုးကို လုပ်ကြမှာမဟုတ် တာကြောင့် နိုင်ငံ လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာအလုပ်သမားများအား မလို လားအပ်ပဲ  စစ်ဆေးမေးမြင်းခြင်းမျိုးမလုပ်ပါရန်။
               ဒီအချက်အလက်တွေကို မြန်မာအစိုးရက ပြတ်ပြတ်သားသား တောင်းဆိုရမှာဖြစ်ပါတယ်။  ဒါမှ သန်းချီ ရှိတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ရင်းကို ငွေ   တွေ အမြောက်အမြားပြန်ပို့နိုင်မှာဖြစ်သလို လုံခြုံ စိတ်ချရမှုလည်းရှိမှာဖြစ် တယ်။ ဒီလိုမဟုတ်ပဲ ထိုင်းနဲ့မြန်မာဘဏ်အကောင့်ချစ်ကြည်ရေးလမ်းကြောင်း    အတိုင်းသာ ဆက်လက်လျှောက်လှမ်းကြမယ်ဆိုရင်ဘယ်နည်းနဲ့မှ အထက်ပါ  အချက်အလက်တွေကို
 တောင်းဆို ကြမှာမဟုတ်ပါ။ ဒါကြောင့် ကျနော်တို့ အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ကျွန်သက်ရှည်နေအုံး မှာဖြစ်ကြောင်း။    ။
                                                                                                                                ကျော်သောင်း