26 February 2014

“ခေတ်ပျက်ထဲကသမီးပျိုများ”



      ကျနော် မြန်မာပြည်နေရပ်ကို ခဏပြန်ခဲ့စဉ်တုန်းကရေးခဲ့တဲ့  “မြန်မာဖြစ် နိုင်ငံခြားအိမ်ဖေါ်” ဆိုတဲ့   ဆောင်းပါး တစ်ပုဒ်ကို ဇန်န၀ါရီလ  ၂၆ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖေါ်ပြခဲ့ပါတယ်။ ဒီဆောင်းပါး ကိုလည်းပို့ခဲ့ပါတယ်။ ဒါပေမယ့် ပုံနှိပ်ဖေါ်ပြတာမတွေ့ရဘူး။ ဒီနေ့တော့ ဟောင်ကောင်ကို အိမ်ဖေါ် ပထမအ သုတ်စေလွှတ်ပြီဆိုတဲ့သတင်းဖတ်ရတယ်။ ဒါကြောင့် ဒီဆောင်းပါးကို အွန်လိုင်းပေါ်မှာပဲ တင်လိုက်ရတော့ တယ်။
                              “ခေတ်ပျက်ထဲကသမီးပျိုများ”     
 
     ၂၀၁၄ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ South China Morning Post ကို ကိုးကား ပြီးတော့ အာအက် ဖ်အေ သတင်းဌာ နနဲ့ဆဲဗင်းဒေးနေ့စဉ် သတင်းစာ တို့ မှာ  ၀န်ဆောင်ခကျပ်ငွေ သိန်း၂၀နဲ့   ဟောင်ကောင်နိုင်ငံကို မြန်မာ အိမ်ဖေါ်အမျိုးသမီး ၅၅ဦး ကို ယခုလ ကုန်မှာ ပို့ဆောင်တော့မယ်လို့ရေး ထားပါတယ်။
         ၂၀၁၃ ဒီဇင်ဘာ၂၂ ရက်နေ့က အလဲဗင်းနေ့ စဉ် သတင်းစာ စာမျက်နှာ ၁၆နဲ့ ၁၇ မှာ “ဟောင် ကောင်တွင် မြန်မာအမျိုးသမီးများအိမ်အကူလုပ်ရန်   မြန်မာအစိုးရနှင့် ဟောင်ကောင် အေဂျင်စီ သဘော တူညီမှုရရှိ”  သတင်းနဲ့  ၂၄ ရက်နေ့က မဇ္ဈိမ နေ့စဉ် သတင်းစာ စာမျက်နှာ ၉မှာ “စင်ကာပူ   မြန်မာ အိမ် အကူလုပ်သားခေါ်မည်”  သတင်းတွေ ဖတ်ရှုရပါတယ်။
               ၂၀၁၃ ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် ဆဲဗင်းဒေး နေ့စဉ်သတင်းစာ စာမျက်နှာ ၃မှာ “မြန်မာအိမ် အကူများခေါ်ရန် ဟောင်ကောင် ကောင်စစ်ဝန်ရုံး ခွင့်မပြုသေး”ဆိုတဲ့သတင်း ဖတ်ရပါတယ်။ သတင်းကို အလုပ်သမား အလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်ခင်နွေဦး ကို   အင်တာဗျူး ပြီးရေးထားတာဖြစ်ပါတယ်။
“ဟောင်ကောင်က ခွေးဖင်ကို မြန်မာအိမ်ဖေါ်တွေ တစ်ရှုးနဲ့ချီးကုန်းပေးရ မယ်” 
      သတင်းမှာ “ သူတို့ ကောင်စစ်ဝန်ချုပ် ကပြောတယ်။ ဟောင်ကောင်မှာ သက်ကြီးရွယ်အိုတွေပြုစုတာ ရယ်၊နောက်ကလေးကျောင်းကြိုပို့ရတာရယ်၊   နောက်အလုပ်တစ်ခုအနေနဲ့ခွေးကျောင်းတာ။ သူတို့ဆီမှာ အသန့် အရမ်းကြို က်တော့ခွေးချီးပါပြီးရင်ခွေးဖင်ကိုတစ်ရှုးနဲ့ချီးကုန်းပေးရတယ်။အဲဒီလိုတွေကော လုပ်နိုင် ရဲ့လားဆိုပြီးချပြတယ်” ဟု ညွန်ကြားရေးမှူး  ဒေါ်ခင်နွေဦး က ဆက်လက်၍ပြောသည်။  လို့ ရေးထား ပါတယ်။

 ဟောင်ကောင်နဲ့ စင်ကာပူလိုနိုင် ငံတွေမှာ အင်္ဂလိပ်စာ နဲ့စကား ကျွမ်း ကျင်စွာ ပြောတတ်သူတွေ မှ အလုပ် လုပ် လို့ အဆင်ပြေတာကြောင့် ပညာ တတ်လို့ သတ် မှတ် ထားတဲ့ မြန်မာ ပညာတတ် မိန်းကလေးတွေ
 ခွေးဖင်ကို တစ်ရှုးနဲ့ချီးကုန်းပေးကြရတော့မှာဖြစ် တယ်။
                                                         “အဆင်သင့်ဖြစ်ဖို့လိုအပ်”
            သွားချင်ကြသူတွေနဲ့ ပို့ချင်ကြသူတွေ ကို မြန်မာ ဘက်ကတော့ ခွင့်ပြု ထားပြီးဖြစ်တယ်။ရန်ကုန်မြို့ ရန်ကင်းစင်တာအနားမှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ
 ပြည်ပ ကိုထွက်ခွာဖို့  ပတ်စပို့ လာလျှောက်ကြသူတွေထဲမှာ အမျိုးသမီးတွေ ပိုမိုများပြားတာကိုတွေ့   မြင်ကြ ရမှာဖြစ်ပါတယ်။  ဒီအမျိုးသမီး လေးတွေဟာ လျှပ်စစ်နဲ့ ချက်ပြုတ်၊   လျှော်ဖွတ်ကြရမှာ   ဖြစ် တာကြောင့် လျှပ်စစ်နဲ့ ပတ်သက်တဲ့ အထွေထွေ ဗဟုသုတတွေ တတ်သိဖို့ အထူးလိုအပ်ပါမယ်။ 
           အခန်းဖုန်စုတ်စက်၊ အမှိုက်လှဲစက်၊ မြက်ရိုက်စက်တွေ ပိုးသတ်ဆေး ဖျန်းစက်တွေကို ကျွမ်းကျင် စွာ ကိုင်တွယ်တတ်ဖို့လိုအပ်ပါမယ်။   ခွေးအစား အစာ၊ဆေးဝါး ခွေးဖင်သုတ်တစ်ရှုး အမျိုးအစားတွေ သာမက ခွေးထိန်းကျောင်းနည်းဗျူဟာတွေကိုပါ အထူးကျွမ်းကျင်ဖို့လိုအပ်ပါမယ်။ ကြုံတုန်း ပြောရရင်   ခွေးမတွေ ဓမ္မတာလာရင် ဘယ်နှစ်နာရီ အကြာမှာ ခွေးဖင်ကပ်ခွာ ပြန်လဲရ တယ်ဆိုတာကအစ အသေး စိတ် သိထားဖို့ လိုအပ်ပါမယ်။  
      ၂၀၀၉ ခုနှစ် က ဘန်ကောက်မြို့ လပ်ဖလောက် ၁၁ လမ်းက အိမ်တစ် အိမ်မှာ ခွေးမ ဓမ္မတာ ကို သန့်ရှင်းအောင် မလုပ်ထားလို့ ဆိုပြီး အိမ်ရှင် အမျိုး သမီးကြီးက အိမ်ဖေါ် ကရင် မိန်းကလေးရဲ့နားထင် ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာရှိပါတယ်။ ထိုင်းသတင်းစာတွေမှာပါခဲ့ပါတယ်။
 
             မိမိအလုပ်လုပ်ကိုင်တဲ့ နေအိမ်မှာရှိတဲ့ ခွေးအမျိုးအစားတွေ၊ အိမ်နီး နားချင်းနဲ့ ရပ်ကွက်တွေ ထဲက ခွေးအမျိုးအနွယ်တွေရဲ့သဘာဝတွေ အကုန် လုံးကိုလည်း သိထားဖို့လိုအပ်တာကြောင့် ကမ္ဘာ့   ခွေးဋီကာ ကျမ်းကြီးတွေကို   လေ့လာသင်ကြားသွားရင် ပိုကောင်းပါမယ်။ ၂၀၁၃ ခု အောက်တိုဘာလက ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်မှာခွေးကိုဆဲတဲ့ ရော်ဘာ ခြံ   မြန်မာအလုပ်သမား တစ်ယောက်ကို ခွေး ပိုင်ရှင်က သေနတ်နဲ့ ပစ်သတ် လိုက်ပါတယ်။ http://goldenworkers.blogspot.com/2013/09/blog-post_5691.html  
           ဒါကြောင့် မိမိအလုပ်လုပ်နေတဲ့အိမ်က ခွေးမလေးတွေ အခြားအိမ်က   ခွေးပျိုတွေနဲ့ အမည်းနှံ့တာ ၊ ချိန်းတွေ့တာကို အထူးဂရုစိုက်ဖို့လိုအပ်ပါမယ်။ ခိုးရာလိုက်ပြေးသွားရင် မြန်မာအိမ်ဖေါ်မိန်းကလေးတွေ အသတ်ခံရ နိုင်တာေ ကြာင့် ခွေးဋီကာကို ကြေညက်ဖို့ အထူးလိုအပ်ပါမယ်။

                     “အကာအကွယ်အတွက် အဆင်သင့်ဖြစ်ပါစေ”
          အင်ဒိုနီးရှားအိမ်ဖေါ်နှိပ်စက်ညှင်းပန်းခံရတော့ အင်ဒိုသမ္မတ ကဟောင်ကောင် သမ္မတကို အရေး ယူဆောင်ရွက်ပေးဖို့ ချက်ချင်းဖုန်း ဆက် တယ်။ အကောင်အထည်မဖေါ်ရင် သိန်းချီရှိတဲ့ သူတို့ နိုင်ငံသူ အိမ်ဖေါ်တွေ ကို ပြန်ခေါ်မယ်လိုဆိုတယ်။ မြန်မာအိမ်ဖေါ် တစ်ခုခုဖြစ်ရင် ဘယ်သူ အရေး တယူ လုပ်မလဲ။ လက်ရှိ နိုင်ငံတကာကို အလုပ်သမားတင်ပို့နေတဲ့ MOU စနစ်အတိုင်းဖြစ်လို့က တော့မြန်မာ မတွေကို တရားဝင်ရောင်းစားလိုက် တာ လို့မှတ်ယူပါ။
             ထိုင်းနိုင်ငံဆိုတာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းတိုင်းပြည်ဖြစ်တယ်။   မြန်မာတွေနဲ့ အသားရောင်၊ ကိုးကွယ်ရာဘာသာနဲ့ အစားအစာတွေ အနီးစပ် ဆုံးတူညီတယ်။ မြန်မာတွေလည်း သန်းချီရှိတယ်။ အဖွဲ့ အစည်းတွေ အားေ ကာင်းတယ်။ ဒါတောင်မှ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် လုံခြုံ မှုမရှိဘူး။ ထိုင်းထက် နဲနဲပိုဝေးတဲ့မလေးရှားမှာ မြန်မာတွေ မကြာမကြာ အသ တ်ခံနေရတယ်။ ဘယ်သူမှ မတတ်နိုင် ။ ဟောင်ကောင်နဲ့ စင်ကာပူ ဆိုတာ   မြန်မာနိုင်ငံနဲ့ အလွန်ဝေးသွားပြီး ဖြစ်တာကြောင့် တစ်ခုခု ဖြစ်ပြီဟေ့ ဆိုရင်   မြန်မာ အမျိုးသမီးတွေဘ၀ကတော့ မတွေးဝံ့စရာပဲ။
              တရုတ်အမျိုးသားတွေအတွက် သွေးသားဖျော်ဖြေဖို့ မြန်မာမယား အလောင်းအလျာတွေ ရောင်း ၀ယ်ဖေါက်ကားနေတဲ့ ဈေးကွက်ကြီးဟာ မြန်မာ တစ်နိုင်ငံလုံးကိုလွှမ်းခြုံနေပြီလို့ ပြောလို့ရပါတယ်။ တရုတ်နိုင်ငံကိုရောက်သွား တဲ့ မြန်မာအမျိုးသမီးငယ်တစ်ယောက် မိမိနေရပ်ကို ပြန်ရောက် ဖို့ဆိုတာ အလွန်ခက်ခဲ ပါတယ်။ 
          တရုတ်အမျိုးသားတွေဟာ မြန်မာအမျိုးသမီးတွေကို အိမ်ဖေါ်လည်း ခိုင်းတယ်။ အလုပ်တွေလည်း လုပ်ခိုင်းတဲ့အပြင် ကလေး၂ ယောက်လောက်   မွေးပြီးတာနဲ့ ကလေးကို ယူထားလိုက်ပြီး နောက်တရုတ် တစ်ယောက်ကို အရင်းပြန်ရအောင်  မြန်မာမယားကို ပြန်ရောင်းကြတယ်လို့ အမျိုးသမီး အဖွဲ့  တွေ ထုတ်ပြန် ချက်အရ မှတ်သားဖူးပါတယ်။
        မရိုသေ့စကားဖြစ်မလား၊ အားလုံးကိုတောင်းပန်ပါတယ်။ နိုင်ငံခြားက ထုတ်လုပ်ဖြန့်ချိတဲ့ လိင်မှုကား အချို့တွေမှာ တိရစ္ဆာန်နဲ့လူနဲ့ စပ်ယှက်တဲ့ ဇါတ်ကားတွေ ရှိပါတယ်။ မိမိကို ငှါးရမ်း ၀ယ်ယူထားတဲ့   ဟောင်ကောင် နဲ့ စင်ကာပူ အိမ်ရှင်တစ်ဦးဦးက (မြင်း၊ ခွေး) တစ်ခုခုနဲ့ လိင်မှုကိစ္စ (အပြာကား) ရိုက်ခိုင်း ရင် ဘယ်လို ငြင်းမလဲ။ ခွေးကို သားသမီးတွေလို ချစ်ခင်နေကြတဲ့ အိမ်ရှင်တွေက သူတို့ခွေး လိင်ဆက်ဆံ တာကို ဖင်ကုန်းပေးလိုက်စမ်းလို့ခိုင်း ရင် မြန်မာအိမ်ဖေါ်တွေ ဘယ်လိုငြင်းကြမလဲ။ (အပိုပြောခြင်းမဟုတ်ပါ ။ စိုးရိမ် လွန်းလို့ ကြိုပြောခြင်းပါ)
      
        ၂၀၁၀ ကလတုန်းက ဘန်ကောက်မြို့မှာ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ကိုးရီးယား လုပ်ငန်းရှင် တစ်ဦးအိမ်မှာ ရန်ကုန်သူတစ်ယောက်အိမ်ဖေါ်အလုပ် လုပ်ခဲ့ပါတယ်။   သမားရိုးကျ အင်္ဂါဇတ်ကိုရော သဘာဝမဟုတ်တဲ့  နေရာတွေ ကိုပါ ၃ရက်နဲ့၃ည လိင်ဆက်ဆံခြင်းကိုခံခဲ့ရပါတယ်။   ကိုးရီးယား သူဌေး ဟာ လိင်စိတ်တက်ကြွစေတဲ့ဆေးဝါးကို တိုက်ကျွေးပြီးတော့ အစာရေ စာလုံးဝ မကျွေးပဲ နေ့ရော့ည ပါ   ရေတွက် လို့မရအောင် လိင်ဆက်ဆံခံခဲ့ပါတယ်။ 

               ကျနော်တို့ ဒီကလေးမလေး အမှုကိစ္စအတွက် နိုင်ငံတကာအိုင် အင်ဂျီအိုနဲ့ နာမည်ကြီးတဲ့ ထိုင်း အင်ဂျီအိုအဖွဲ့ တစ်ခုနဲ့ ဆောင်ရွက်ခဲ့ပေမယ့် အမှုရလဒ်က မကောင်းခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာအိမ်ဖေါ် အလုပ်သမားတွေအတွက် အလုပ်သမားဥပဒေမှာ ဘာဆိုဘာမှ ပြဌာန်း ကာကွယ် ထား တာမရှိလို့ဖြစ်ပါတယ်။    ထိုင်းနိုင်ငံဟာအိမ်ဖေါ်အလုပ်သမတွေအတွက် တစ်နေ့လုပ်အားခ ဘယ်လောက်၊ အလုပ်ချိန်ဘယ်ရွေ့ဆိုတာမရှိသေးသလို တနင်္ဂနွေ နားရက်တစ်ရက်ေ တာင် ယနေ့တိုင် ခွင့်မပြုသေးတဲ့ နိုင်ငံဖြစ်ပါတယ်။
            လွတ်လပ်ရေးမရခင်ကာလတုန်းက “သခင်မျိုးဟေ့ ဒို့ဗမာ”လို့ကြွေး   ကြွေးကြော်ခဲ့ကြတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းကစပြီး ယခုအထိ “ ကျွန်မျိုးဟေ့ ဒို့ဗမာ” ဖြစ်ခဲ့ကြရတယ်။ 
            သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာပညာ တတ်မိန်းကလေး   တွေ ခွေးဖင်ကိုချီးကုန်း ရတော့ မယ် ။ မြန်မာမတွေ ဟောင်ကောင် ခွေးထီးနဲ့ VDO ဇါတ်လမ်းရိုက်ကူးဖြန့်ချိလိုက်ရင်တော့ ……… 
       “………. မျိုးဟေ့ ဒို့ဗမာ”   …………………..ဖြစ်ကုန်မလားပဲ။
                                                                    ကျော်သောင်း