11 February 2017

တစ်ဖက်နိုင်ငံမှ တရားမဝင် တယ်လီဖုန်း (sim card) သုံးစွဲသူများကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ဖမ်းဆီး အရေးယူသွားမည်

11 February 2017


ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော တယ်လီဖုန်း (Sim Card) များ မောင်တော၊ ဘူးသီးတောင် မြို့နယ်များ၌ တွင်ကျယ်စွာသုံးစွဲနေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တစ်ဖက်နိုင်ငံမှ တယ်လီဖုန်း(Sim Card)များ သုံးစွဲနေမှုအပေါ် တည်ဆဲဆက်သွယ်ရေး ဥပဒေများအရ အရေးယူနိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိရာ နေထိုင်သူအများစုသည် ဘင်္ဂါလီ လူမျိုးများဖြစ်ပြီး တစ်ဖက်နိုင်ငံရှိ နေထိုင်သူများနှင့် အလွယ်တကူ ဆက်သွယ် ပြောဆိုနိုင်ရန် တစ်ဖက်နိုင်ငံ၏ မိုဘိုင်းဖုန်း(Sim Card)များကို တရားမဝင် သုံးစွဲလျက်ရှိကြပါကြောင်း၊ ထိုသို့သုံးစွဲမှုများကြောင့် မြန်မာနိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်သည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ မောင်တောခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၅ ခုနှစ်တွင် ၈၄ မှု၊ ၂၀၁၆ ခုနှစ်တွင် ၂၂ မှု စုစုပေါင်း ၁၈၇ မှု တရားခံ ၁၈၇ ဦးကိုလည်း ဖမ်းဆီးအရေးယူခဲ့ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

မောင်တောခရိုင် နယ်မြေအတွင်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော (Sim Card)များ တရားမဝင် အသုံးပြုနေမှုကို တားဆီးနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ပြီး သတင်းဖော်ထုတ် ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ဖြေကြားခဲ့ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies

10 February 2017

"ထိုင်းပြန်အထည်ချုပ်အလုပ်သမလေး အလှမယ်အဖြစ်ရွေးချယ်ခံရ"

    ထိုင်းနိုင်ငံမှာ ဆယ်နှစ်နီးပါး စက်ချုပ်အလုပ်သမအဖြစ်လုပ်ကိုင်ခဲ့တဲ့ ပဲခူးမြို့ က 
မချယ်ရီချစ်ချစ်ထွန်း ဟာ ပဲခူးတိုင်းအလှမယ်အဖြစ်ရွေးချယ်ခံရပါတယ်။

      ဘ၀ပေးအခြေအနေအရ အလုပ်သမားသမားဖြစ်ပေမယ့် ရည်မှန်းချက်ပန်းတိုင်ထား
ကြိုးစားပုံနဲ့ ယုံကြည်မှုရှိပုံကို အလုပ်သမားတိုင်း၊ ဆင်းရဲသားမြန်မာသားသမီးတိုင်း အတုယူ
နိုင်စေရန်အတွက် DVB သတင်းဌာန  ၏ တင်ပြချက်ကို ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။

မေတ္တာမွန်ဖြင့်
ရွှေလုပ်သားဝိုင်းတော်သားများ
ဘန်ကောက်
ဗွီဒီယိုသတင်းကြည့်ရှုရန်............

08 February 2017

“ကားရေဆေးအလုပ်သမားဇနီးမောင်နှံလုပ်အားခ MAT တောင်းပေးခဲ့”



                         
၂၀၁၇  ခု ဖေဖေါ်ဝါရီလ ၈  ရက်
မင်းဘခက်

         ဘန်ကောက်မြို့ ဖိကဆင် 81 လမ်းအတွင်းရှိ နောင်ခဲန် မူဘန်ဦအာထော ၃၄လမ်း ခွန်ခါခယ်ကားရေဆေးရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ဇနီးေ မာင်နှံတို့အား လုပ်ငန်းရှင်မှ လုပ်အားခရှင်း မရှင်းပေးပဲထားခဲ့သည်ကို MAT အဖွဲ့က ကူညီဖြေ ရှင်းပေးလိုက်ကြောင်းသိရှိရသည်။

     အသက် ၅၂ အရွယ် ဦးအောင်သိန်ညွန့် နှင့် ဇနီးဖြစ်သူ အသက်၄၂ နှစ်အရွယ် ဒေါ်မြမြအေး တို့ ဇနီး မောင်နှံတို့သည် အဆိုပါ ကားရေဆေးအလုပ်ရုံတွင် ၂၀၁၆ ခုနှစ်အောက်တိုဘာလတွင် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အလုပ်ဝင်စတွင် လုပ်အားခကို ပုံမှန်ရှင်းပေးခဲ့ေ သာ် လည်း နောက်ပိုင်းတွင် လုပ်အားခ၂၉၁၀၀ ဘတ်ကို ရှင်းမပေးတော့သဖြင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ် သည်။

07 February 2017

“မှန်တာပြောရရင် ရွာပြင်ထုတ်တဲ့တိုင်းပြည်”


 ၁။ မင်းလုပ်ချင်တာလုပ်လို့ရအောင်၊ မင်းမဲ့တိုင်းပြည်မဟုတ်ဘူးကွလို့၊ ပြောနေရပေမယ့်၊
    ပြောနေရပေမယ့်၊ မူးယစ်ဆေးဝါးတွေနဲ့  အသက်ရှုကြပ်လာတဲ့တိုင်းပြည်။

၂။ မျိုးရိုးစဉ်ဆက် စားမကုန်တဲ့၊
  မြေအောက်သယံဇာတတွေပေါတယ်ဆိုပေမယ့်၊ မွဲတေဆင်းရဲ၊ငတ်မွတ်နေတဲ့တိုင်းပြည်။

၃။  မြတ်ဗုဒ္ဓအဆုံးအမတွေနဲ့၊ မေတ္တာတရားကျင့်ထုံးတွေကို လက်စွဲအသုံးပြုရင်း၊
    မျက်ရည်ယိုဗုံးတွေနဲ့ သံဃာတော်တွေကို ပစ်ခွင့်တဲ့တိုင်းပြည်။
  
၎။ မှန်တာကိုမပြောရဲတဲ့ သက္ကရာဇ်တွေနဲ့၊
  မြေနိမ့်ရာလှံစိုက်ခံဘ၀တွေကိုထမ်းပိုးရင်း၊
  မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေ ရောင်းစားခံရတဲ့တိုင်းပြည်။

၅။ မဲတစ်ပြားအတွက် သွေးဆောင်ခြင်းတွေမှာ၊
  မြှူဆွယ်မှုမာယာတွေ လိမ်းသုတ်ခံရလို့၊
  မျှော်လင့်ခြင်းတွေ၊ ရှင်သန်ဖူးတဲ့တိုင်းပြည်။

၆။ မှောင်ခိုမိတဲ့ သစ်ကားတွေအစီအရီမှာ၊
  မောင်းသူမဲ့ ပိုင်ရှင်မဲ့တွေ တစ်သီတစ်တန်းနဲ့မို့၊
  မုဒိမ်းမှုတွေ ခမ်းနားလာတဲ့တိုင်းပြည်။

၇။ မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးစကားဝိုင်းတွေကြား၊
   မိုင်းမိပြီးအသက်မဲ့သွားသူတွေပိုများရင်း၊
   မိဘမဲ့တွေ ထပ်တိုးလာတဲ့တိုင်းပြည်။

၈။ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ စကားပုံနဲ့၊
   မှုခင်းအစုံက ဥပဒေကိုချိုးဖေါက်၊
   မှန်ကန်မှုတွေက ငွေနဲ့ပေါက်ခံရတဲ့တိုင်းပြည်။

၉။ မင်းမှာသစ္စာ၊ လူမှာ "ကတိဆိုပြီး"
   မြတ်နိုးနေကြသည်က "အဂတိ" နဲ့
   မိတ်ဆွေ အသစ်ဖြစ်ဖို့ ရာထူးအကြည့်ခံရတဲ့တိုင်းပြည်။

၁၀။  မီးသေ ပွဲပြီးမှ၊ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့၊
       မဏ္ဍပ်တိုင်ကို အလုအယက်တက်ပြလို့၊
      မယောင်ရာ ဆီလူးကြသူတွေပေါတဲ့တိုင်းပြည်။

 ၁၁။ မှားသွားပြီးဗျာ . . . . . . . .
       မှန်တာပြောရင် ရွာပြင်ထုတ်တဲ့တိုင်းပြည်မို့၊
      မရည်ရွယ်ပဲ ပြောမိတဲ့ ကျနော်ရဲ့ စကားတွေကို၊
     မှတ်တမ်းမှတ်ရာ စီစီ တီဗွီတွေထဲက၊ ပြန်ဖျက်ပေးကြပါ။

၁၂။ မြို့ပြင်မှာလည်း ကျူးကျော်ကြောင့်မို့၊
     ကျွန်တော့်မှာ နေစရာမရှိလို့ပါ။

သီအိုရီ ( စက္ကတာ     ကန့်ဘလူ )
၂၀၁၇  ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့ထုတ်၊ သူရိယနေ၀န်းအပတ်စဉ်ဂျာနယ်။


 
    
      





 







06 February 2017

“NLD အစိုးရလက်ထက်အလုပ်သမားဝန်ကြီးဌာနစွမ်းဆောင်ရည်ညံ့ဖျင်း”



                
၂၀၁၇ ဖေဖေါ်ဝါရီလ ၆ ရက်
ရွှေလုပ်သား
 

          ပြည်တွင်းပြည်ပအလုပ်သမားအရေးအရာကိစ္စရပ်တို့အား နိုင်နင်းစွာစီမံခန့်ခွဲမှုမပြုနိုင်သော အလုပ် သမားဝန်ကြီးဌာ၏ စွမ်းဆောင်ရည်မှာ ခေတ်နှင့်အမီမလိုက်နိုင်ပဲအလွန်ညံ့ဖျင်းကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူများကပြောသည်။

        လက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အား၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့်
 နေ့တဓူဝ ဖြစ်ပေါ် နေသည့် ပြည်တွင်းအလုပ်သမားအရေးအရာကိစ္စရပ်များကိုလည်း မဖြေ ရှင်းနိုင်သကဲ့သို့ ငါးသန်းထက် မနည်း ရှိသည့် ထိုင်းရောက်အလုပ်သမားများအရေးကိစ္စရပ်တို့ ကို လည်း မဖြေရှင်းနိုင်ပေ။

03 February 2017

“ကြိမ်ဖန်များစွာခံရလွန်းလို့ မိအေးနာလို့သေတော့မယ်”



        

          
      ဈေးလည်းသက်သာ၊ အိမ်ထောင်စုသန်းခေါင်စါရင်းနဲ့ အမျိုးသားမှတ်ပုံတင်လည်းမလိုအပ်၊ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့ CI စာအုပ်ကို ထိုင်းဘက်က ထုတ်ပေးဖို့ အဆင်သင့်   ဖြစ်နေခဲ့ပေမယ့် မြန်မာအစိုးရဘက်က ဘယ်နေ့ထုတ်ပေးမယ်ဆိုတာ ယနေ့အထိ အတိ အကျ မကြေညာသေးပါ။

         နယ်ကျော်ခွင့်မရှိတဲ့ ပန်းရောင်ဘတ်ကဒ်ကိုင် ဆောင်ထားတဲ့အလုပ်သမားတွေ နေထိုင် ခွင့်သက်တမ်း တိုးနေကြရပြီဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေရဲ့ချွေးနှဲစာတွေ မလိုလားအပ်ပဲ ထပ်ကုန်နေကြရပါတယ်။

လူကုန်ကူးခံရသူ ၄၄ ဦး မြန်မာထံ ထိုင်းလွှဲပြောင်း


3 February 2017 08:03(+0630)

၁၀ ဇန်န၀ါရီ ၂၀၁၇ က ထိုင်းနိုင်ငံ နကွန်စီဌာမရခရိုင်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်အားခမရဘဲ ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၄ ဦး။ (ဓာတ်ပုံ-MAT)
ထိုင်းနိုင်ငံမှာ အလုပ်ခိုင်းဖို့အတွက် ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၄၄ ယောက်ကို ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ တယ်လို့ ဒီကနေ့ထုတ် အစိုးရအာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၂ ဦးကို ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ ထိုင်းရဲတပ်ဖွဲ့က လွှြဲေ ပာင်းပေးခဲ့တာပါ။ အဲဒီလူတွေကို မော်လမြိုင်က လူငယ်သင်တန်းကျောင်းမှာ သုံးရက် ထားပြီး တဲ့ေ နာက် လိုအပ်တဲ့စစ်ဆေး ဆောင်ရွက်ချက်တွေပေးရင် နေရပ် ပြန်လွှတ်ပေး မယ်လို့ မြ၀တီ ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ပြောတာကို သတင်းမှာကိုးကားဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံက အလုပ်သမား သန်းနဲ့ချီပြီးတော့ ထိုင်းနိုင်ငံတွင်း ဒေသအသီးသီးမှာ အလုပ်သွား လုပ်နေကြပြီး လူမှောင်ခိုကူးခံရတဲ့ ဖြစ်ရပ်အများအပြားလဲ ရှိထားပါတယ်။ အများအားဖြင့်ေ တာ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလန်းရှားတဲ့အတွက် မိသားစု စားဝတ်နေရေးပြေ လည်ဖို့ မျှော်မှန်းချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ချင်သူတွေကို လူမှောင်ခိုကူးသူတွေက သွားဆောင် ဖြားယောင်းပြီး ရောင်းစားကြတာပါ။

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်သွားပြီးတဲ့နောက် ငါးဖမ်းလှေတွေနဲ့ တခြားလုပ်ငန်းတွေမှာ ရောင်းစားခံရတဲ့ အမျိုးသားနဲ့လူငယ်တွေ၊ အိမ်ဖော်တွေ၊ လိင်ဖျော်ဖြေသူတွေအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေ အများအပြား ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
..............................................................................................................
၂၀၀၆ ခုနှစ်က ပကျွတ်ငါးဖမ်းလှေဆိပ်၊ ဖူးခက် ဖယ်ယော့ငါးဖမ်းလှေဆိပ်နဲ့ ခြုံဘူရီငါးဖမ်းလှေ
ဆိပ်က MAT အဖွဲ့ ကကယ်ထုတ်ထားတဲ့အလုပ်သမားတွေအများစုပါဝင်ပါတယ်။
မှတ်ချက်။     ။ MAT အဖွဲ့

02 February 2017

"အလုပ်သမားဝန်ကြီးဌာန အ.လ.ည ကို လူထိပ်မိုးအေဂျင်စီက တရားစွဲမယ်လို့ဆို"


“အလုပ်သမားများနစ်နာမှုနှင့်အေဂျင်စီအကျိုးစီးပွားထိခိုက်မှုကြောင့် အ.လ.ည ကိုတရားစွဲမည်ဟုဆို”




၂၀၁၇ ဖေဖေါ်ဝါရီလ ၂ ရက်
ရွှေလုပ်သား

         အသက်အာမခံနှင့်ဆင်းကဒ်တရားမ၀င် ရောင်းချမှုအတွက် တရားစွဲဆိုသည့်အမှုကိစ္စ တစ်ခုတွင် သက်သေအဖြစ် ထွက်ဆိုမည့်လူထိပ်မိုးကုမ္ပဏီအား အလညမှ အလုပ်သမားတင်ပို့ ခွင့်ပိတ်လိုက်သဖြင့် ရာချီသည့်အလုပ်သမားများ အခက်အခဲကြုံနေကြကြောင်းသိရှိရသည်။

01 February 2017

“ဆေးရုံသွားတဲ့မြန်မာအလုပ်သမကိုထိုင်းရဲ ဘတ်ငွေ ၁၀၀၀၀ တောင်းယူခဲ့”



                
၂၀၁၇ ဖေဖေါ်ဝါရီလ ၁ ရက်
ရွှေလုပ်သား
          တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်နှင့်နေထိုင်ခွင့်အပြည့်အစုံရှိသည့်အလုပ်သမ
တစ်ဦး ထိခိုက်ဒဏ်ရာကိုဆေးရုံသို့ပြသရန်သွားစဉ်မဟာချိုင်ရဲက ဖမ်းဆီး၍ ဘတ်ငွေ ၁၀၀၀၀
 တောင်းခံထားခြင်းကို MAT အဖွဲ့နှင့် AAC အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ပြန်ရရှိခဲ့သည်။

မဟာချိုင် ဘန်းကတီအရပ်တွင်ရှိသော ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်သည့်အလုပ်ရုံတွင် လက်ဒဏ်ရာရရှိ သွားသည့် အသက် ၃၉ နှစ်အရွယ် တောင်ကြီးမြို့မှ ရှမ်းအမျိုးသမီး
 ဒေါ်ဝင်းကလျာခိုင် သည် ယမန်နေ့ နေ့ လည်က မဟာချိုင်ဆေး ရုံကြီးသို့ ဒဏ်ရာကိုပြသရန်သွားခဲ့ခြင်းဖြစ်သည်။ သူမ လိုင်းကားေ ပါ် မှ ဆင်းသည်နှင့် တပြိုင်နက် ဆိုင်ကယ်စီး ရဲ ၂ဦးတို့ရောက်ရှိ လာပြီး ပတ်စပို့နှင့် ၀တ်ပါမစ်တို့ကို ကြည့်ရှုရာ အားလုံးအပြည့် အစုံရှိသည်။ သို့ရာတွင်ရဲက ဖေးဘွတ်မှသိမ်းထားသည့် ချဲကဏန်း တစ်ခုကိုတွ့ရှိသဖြင့် ရှဲထိုးသည်ဟုဆိုကာ ရဲစခန်းသို့ ခေါ်ဆာင် သွားခဲ့သည်။