01 February 2017

“ဆေးရုံသွားတဲ့မြန်မာအလုပ်သမကိုထိုင်းရဲ ဘတ်ငွေ ၁၀၀၀၀ တောင်းယူခဲ့”



                
၂၀၁၇ ဖေဖေါ်ဝါရီလ ၁ ရက်
ရွှေလုပ်သား
          တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်နှင့်နေထိုင်ခွင့်အပြည့်အစုံရှိသည့်အလုပ်သမ
တစ်ဦး ထိခိုက်ဒဏ်ရာကိုဆေးရုံသို့ပြသရန်သွားစဉ်မဟာချိုင်ရဲက ဖမ်းဆီး၍ ဘတ်ငွေ ၁၀၀၀၀
 တောင်းခံထားခြင်းကို MAT အဖွဲ့နှင့် AAC အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ပြန်ရရှိခဲ့သည်။

မဟာချိုင် ဘန်းကတီအရပ်တွင်ရှိသော ဆိုင်ကယ်အပိုပစ္စည်း ထုတ်လုပ်သည့်အလုပ်ရုံတွင် လက်ဒဏ်ရာရရှိ သွားသည့် အသက် ၃၉ နှစ်အရွယ် တောင်ကြီးမြို့မှ ရှမ်းအမျိုးသမီး
 ဒေါ်ဝင်းကလျာခိုင် သည် ယမန်နေ့ နေ့ လည်က မဟာချိုင်ဆေး ရုံကြီးသို့ ဒဏ်ရာကိုပြသရန်သွားခဲ့ခြင်းဖြစ်သည်။ သူမ လိုင်းကားေ ပါ် မှ ဆင်းသည်နှင့် တပြိုင်နက် ဆိုင်ကယ်စီး ရဲ ၂ဦးတို့ရောက်ရှိ လာပြီး ပတ်စပို့နှင့် ၀တ်ပါမစ်တို့ကို ကြည့်ရှုရာ အားလုံးအပြည့် အစုံရှိသည်။ သို့ရာတွင်ရဲက ဖေးဘွတ်မှသိမ်းထားသည့် ချဲကဏန်း တစ်ခုကိုတွ့ရှိသဖြင့် ရှဲထိုးသည်ဟုဆိုကာ ရဲစခန်းသို့ ခေါ်ဆာင် သွားခဲ့သည်။

     
     မဟာချိုင်ပုလိပ်ရုံးတွင် မြန်မာဘာသာပြန်မွန်အမျိုးသမီးတစ်ဦးကပုလိပ်နှင့်အတူ အော်ဟစ်ငေါက်
ငမ်း ခြိမ်းခြောက်၍ ဘတ်ငွေ ၁၀၀၀၀ တိတိကို ယူထားလိုက်သည်။ ထို့အပြင် အဆိုပါ ရဲစခန်း ၏အောက်ထပ် အခန်း ထဲတွင် မြန်မာအလုပ်သမားအမြောက်အမြားတို့ကို ဖမ်းဆီး၍ ငွေေ ကြးတောင်းခံနေကြောင်း၊ ငွေလာပို့မည်သူ မရှိသည့် အလုပ်သမားတစ်ဦးကို ထိုင်းပုလိပ် တစ်ဦးက တုတ်ဖြင့် ရိုက်နှက်နေသည်ကို မျက်မြင်တွေ့ခဲ့ကြောင်း ဒေါ်ဝင်းကလျာခိုင် က
 ပြောပါသည်။ 

          ရဲစခန်းတွင်ငွေပေးခဲ့ပြီးနောက် မဟာချိုင်ဆေးရုံကြီးသို့ေ ရာက်သည့်အခါ ဆေးရုံမှာမျက်လုံး တစ်ဖက် ကွယ်သွား၍ရောက် ရှိနေသာ အမျိုးသမီးတစ်ဦးက  MAT အဖွဲ့ဖုန်းကိုပေးလိုက်ကြောင်း
 ပြောပါသည်။

“ MATအဖွဲ့က လူကြီးတွေ နယ်စပ်ကိုရောက်နေကြတယ်။ ဒါကြောင့် မဟာချိုင် AAC အဖွဲ့ဖုန်းနဲ့ ဂျွိုင်းပေးပါ တယ်။ မနေ့ညက ညဥ့်နက်သွားလို့ ပိုက်ဆံပြန်မရခဲ့ပေမယ့် ရဲအရာရှိတစ်ဦးက ပေး မယ်လို့ကတိပေးလိုက်ပါ တယ်။ ဒီနေ့မနက် ၁၁ နာရီလောက်မှာ ကျမဆီကယူထားလိုက်တဲ့ ဘတ်ငွေ တစ်သောင်းတိတိကို ပြန်ပေး လိုက်ပါတယ်။ ကူညီပေးကြတဲ့ MAT အဖွဲ့ကိုရော AAC အဖွဲ့ကို ပါ ကျေးဇူးတင်ပါတယ်” ဟုပြောပါသည်။

  AAC အဖွဲ့ ဒါရိုက်တာ ကိုခိုင်ကြီးက “အလုပ်သမားပြဿ     နာတွေကို မြန်မာအစိုးရ မရှင်းနိုင် ဘူး။ ကျနော်တို့ ရှင်းနိုင်တာကိုတောင် မားမားမရပ်ပေးနိုင်ဘူး။ အလုပ်သမားကိစ္စအတွက်လာ တယ်ဆိုတဲ့ အလုပ်သမားဝန်ကြီးဌာနက ညွန်မှူး အဆင့်တွေကို အလုပ်သမားသံအရာရှိ ဆိုပြီး “သံ”ဆိုတဲ့ စကားလုံးတစ်လုံးပါလို့ သံချေးတက်နေတာ။ ဘာကြောင့် ကျနော်ဒီလိုပြောရသလဲ ဆိုရင် အလုပ်သမားပြဿ     နာတွေကို သွားတင်ပြတိုင်း၊ အလုပ်သမားသံအရာရှိတွေက၊ သံတမန်ဆိုတာ၊ ဥပဒေအတိုင်းလုပ်ရတာတို့၊ အချုပ်အခြာအာဏာဆိုတဲ့ စကားကြီးတွေနဲ့ တိုင်ပတ်နေတာဗျ။ ဒါကြောင့် အမေစု ကိုဒီနေရာက ပြောချင်ပါတယ်။ အလုပ်သမား ကိစ္စကို လုပ်မယ့်ညွန်မှူး၊ ညွန်ကလေးတွေကိုလွှတ်ပါ။ အလုပ်သမား သံကြီးတမန်ကြီးတွေကို နောက် ထပ်ထိုင်းသို့ မလွှတ်ပါနဲ့၊ သံချေးတက်နေပါတယ်” ဟုပြောသည်။
 
        မဟာချိုင်ရဲစခန်းမှ အကျင့်ပျက်ရဲတို့သည် မြန်မာအလုပ်သမားများကိုဖမ်းဆီး၍ မတရားေ ငွကြေး တောင်း ခံနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲပြီးဖြစ်ပါသည်။ 

       မဟာချိုင်ရဲတို့သည်၊ အလုပ်သမားများထံမှ ရွှေ၊ ငွေ၊ လက်ကိုင်ဖုန်းတို့ကို မကြာမကြာ သိမ်းဆည်းယူငင်သဖြင့် MAT နှင့်AAC တို့ မကြာခဏဖြေရှင်း ပေးရလေ့ရှိပါသည်။ အလုပ် သမားအရေးဆောင်ရွက်သူတို့က ဘန်ကောက်၊ မဟာချိုင်နှင့်မဲဆောက်ရဲတို့၏ မြန်မာအလုပ် သမားများအပေါ် မတရားငွေကြေးကောက်ခံနေမှုတို့ကို ဓါတ်ပုံများနှင့်VDO များရိုက်ကူး၍
 နေပြည်တော် အလုပ်သမားဝန်ကြီးရုံး၊ သမ္မတရုံးနှင့် ဘန်ကောက်မြန်မာသံရုံးတို့သို့ လွန်ခဲ့ သည့် သုံးလေးနှစ်ကတည်းက ပေးပို့ခဲ့ကြပါသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်က အဆိုပါအချက် အလက်များကို မိတ္တူပွား၍ ဘန်ကောက် ထိုင်းရဲဌာနချုပ်သို့ MAT အဖွဲ့နှင့် သံဝန်ထမ်းတစ်ဦးတို့ အတူတကွပူးပေါင်း၍ သွားရောက်ပေးပို့ ခဲ့သော်လည်း ထိုင်းရဲတို့ လုပ်ရပ်မှာ ရပ်နားသွားခြင်း မရှိသေးပါ။

        ထိုင်းနိုင်ငံအတွင်း လေးငါးသန်းလာရောက်အလုပ်လုပ်နေကြသည့် မြန်မာအလုပ် သမားများအား၊ ဘန်ကောက်၊ မဟာချိုင် နှင့် မဲဆောက်ရဲတို့၏ ဖမ်းစားသည်ကိစ္စရပ်ကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာအစိုးရ အဆက်ဆက် မည်သည့်အခါမှ ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ကြောင်း လက်ရှိဖြစ်ရပ်များက သက်သေခံနေဆဲဖြစ်သည်။