08 February 2017

“ကားရေဆေးအလုပ်သမားဇနီးမောင်နှံလုပ်အားခ MAT တောင်းပေးခဲ့”



                         
၂၀၁၇  ခု ဖေဖေါ်ဝါရီလ ၈  ရက်
မင်းဘခက်

         ဘန်ကောက်မြို့ ဖိကဆင် 81 လမ်းအတွင်းရှိ နောင်ခဲန် မူဘန်ဦအာထော ၃၄လမ်း ခွန်ခါခယ်ကားရေဆေးရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ဇနီးေ မာင်နှံတို့အား လုပ်ငန်းရှင်မှ လုပ်အားခရှင်း မရှင်းပေးပဲထားခဲ့သည်ကို MAT အဖွဲ့က ကူညီဖြေ ရှင်းပေးလိုက်ကြောင်းသိရှိရသည်။

     အသက် ၅၂ အရွယ် ဦးအောင်သိန်ညွန့် နှင့် ဇနီးဖြစ်သူ အသက်၄၂ နှစ်အရွယ် ဒေါ်မြမြအေး တို့ ဇနီး မောင်နှံတို့သည် အဆိုပါ ကားရေဆေးအလုပ်ရုံတွင် ၂၀၁၆ ခုနှစ်အောက်တိုဘာလတွင် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အလုပ်ဝင်စတွင် လုပ်အားခကို ပုံမှန်ရှင်းပေးခဲ့ေ သာ် လည်း နောက်ပိုင်းတွင် လုပ်အားခ၂၉၁၀၀ ဘတ်ကို ရှင်းမပေးတော့သဖြင့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT သို့ အကူညီတောင်းခံခဲ့ခြင်းဖြစ် သည်။


          ဒေါ်မြမြအေး က“လုပ်ငန်းရှင်က မလုပ်ချင်ရင်ထွက်သွားနိုင်တယ်။ လုပ်အားခကျန်ငွေကို မပေးတော့ဘူး။ ကြိုက် တဲ့နေရာမှာတိုင်လို့ပြောတယ်။ ဒါကြောင့် MAT အဖွဲ့ဖုန်းနံပါတ်ကိုဆက် သွယ် အကူညီတောင်း လိုက် တာပါ။ ကျမတို့ကိုဘတ်ငွေ ၃၀၀၀ ပေးတယ်။ ကျန်ငွေတွေ ကိုတော့ တစ်ပတ်ကို ၃၀၀၀စီပေးမယ်လို့ ဆ၀ါဒီကန်ရုံးမှာ လက်မှတ်ရေးထိုးကတိပေးပါတယ်။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”ဟုပြောသည်။

      လုပ်ငန်းရှင်က တစ်စုတစ်ခဲတည်းမရှင်းပေးနိုင်ကြောင်း ဆ၀ါဒီကန်ရုံးတွင် ပြောဆိုသဖြင့် တစ်ပတ်လျှင် ဘတ် ငွေ ၃၀၀၀ စီ မပျက်မကွက်ပေးချေမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့ သည်။ မြန်မာအလုပ်သမားများအနေ ဖြင့် မည့်သည့်အလုပ်တွင်လုပ်သည်မဆို လုပ်အားခပုံမှန် မရသည်နှင့် ထိုအရပ်မှ ချက်ခြင်းထွက်ခွာသင့်ကြောင်း အလုပ်သမားဇနီးမောင်နှံတို့က အကြံပြု   ပြောဆိုသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းမှာ အလုပ်သမားအရေးလုပ်ရတာ မြန်မာပြည် မှာနဲ့မတူတာတွေ၊ နမူနာယူစရာတွေအများကြီးရှိပါတယ်။ ကျနော်တို့က ဥပဒေကြောင်းအရ တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့ အစည်းမဟုတ်ဘူး။ မှတ်ပုံတင်လို့လည်းမရဘူး။ အလုပ်ရှင် ကထိုင်းလူမျိုး၊ လုပ်အားခရစရာက မြန်မာလူမျိုး ဖြစ်တယ်။ ဘာကြောင့်ဆ၀ါဒီကန်ဆိုတဲ့ (အလုပ် သမားဖြန်ဖြေရေးဌာန) တွေက ချက်ခြင်းဆောင်ရွက်ပေးသလဲ။ အလုပ်သမားသံအရာရှိဆိုသူေ တွဟာ ထိုင်းနိုင်ငံမှာကျင့်သုံးနေကြတဲ့ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒတွေ၊ နိုင်ငံခြားသား အလုပ်သမားပေါင်း ၆သန်းလောက်ကို ထိုင်းအလုပ်သမားဝန်ကြီး ဌာနဘယ်လို စီမံခန့်ခွဲသလဲ အကျိုးအပြစ်တွေကို လေ့လာသွားကြရင်ကောင်းမယ်လို့ အကြံပြုချင်တယ်”ဟုပြောသည်။

         လက်ရှိအချိန်အတွင် ရွှေလင်ဗန်းစက်မှုဇုံ၊ လှိုင်သာယာစက်မှုဇုံတို့တွင် ပြည်တွင်း အလုပ် သမားပြဿ      နာများ မကြာခဏပေါ်ပေါက်နေသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း နေ့စဉ် ပြဿ      နာ မျိုးစုံပေါ်ပေါက်နေဆဲဖြစ်ပါသည်။

လက်ရှိအချိန်တွင်မြန်မာအစိုးရသည် ထိုင်းရောက်အလုပ်သမားများကို CIကို အချိန်မီ ထုတ်ပေး သဖြင့် မြန်မာအလုပ်သမားများမှာ နေထိုင်ခွင့် ကုန်ဆုံးစပြုနေပြီဖြစ်သည်။ သို့ဖြစ်၍ CI လုပ်ရန်
 စောင့်ဆိုင်းနေကြသည့် ၄နှစ်ဗီဇာ(ခရမ်းရောင်ပတ်စပို့စာအုပ်) များ နှင့် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားကြသည့် သိန်းချီရှိသည့် အလုပ်သမားများမှာ ပွဲစားများဖြင့် အလုပ်လုပ်ခွင့်နှင့်
 နေထိုင်ခွင့်ဗီဇာတို့ကို သက်တမ်းတိုးနေကြရပြီဖြစ်ကြောင်း အလုပ်သမားများပြောပြချက် အရသိရှိရသည်။